World Wide Web (WWW) ပေါ် ပေါက် လာခဲ့ပုံ သမိုင်းကြောင်း

အခု သင်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်း က မရှိ ခဲ့တဲ့ အရာ တစ်မျိုးကို အသုံးပြု နေ နိုင် ပါပြီ။ ( https://www. ) နဲ့ စတဲ့ ဝက်ဘ်ဆိုဒ် တွေ ကို ပေါ့ ။ အဲဒီ့ အချိန်တုန်းက ဝက်ဘ်ဆိုဒ်တွေ တင် မရှိ ခဲ့ တာ မဟုတ် ပါ ဘူး ။ HTML တွေ ၊ JPEG တွေ ၊ CSS တွေ နဲ့ hyperlink တွေ ပါ မပေါ်ပေါက် လာ ခဲ့ သေး တာ ပါ ။ ပြောရ မယ် ဆို GIF ဖိုင် တွေ တောင် လွန် ခဲ့ တဲ့ နှစ် အနည်းငယ် က မှ ပေါ်လာ ခဲ့ တာ ပါ ။

World Wide Web ရဲ့ အစ က တော့ ၁၉၈၉ ခုနှစ်က Tim Berners-Lee ဆို တဲ့ အမျိုးသားရဲ့ အိုင်ဒီယာ က နေ စ ခဲ့ တာ ဖြစ် ပါ တယ် ။ Tim ဟာ သူ အလုပ် လုပ်တဲ့ ဥရောပ နျုကလီးယား သုတေသန အဖွဲ့အစည်း ( CERN ) က သူ့ မန်နေဂျာဆီ ကို အဆို ပြုချက် စာလွှာ တစ်ခု တင်သွင်း ခဲ့ ပါ တယ် ။ ထို အဆိုပြုချက် ဟာ အဖွဲ့ အစည်း အတွင်း ဒေတာ တွေ ချိတ်ဆက် နိုင် မယ့် ကွန်ရက် စနစ် ကို ဖန် တီး ဖို့ ဖြစ် ပါ တယ် ။
Tim ရဲ့ မူလ အိုင်ဒီယာ နဲ့ ထို အဆိုပြုချက် ဟာ ယနေ့ ကျွန်တော်တို့ အသုံးပြု နေ တဲ့ web စနစ်တွေနဲ့ တော့ တစ်ပုံစံတည်း မတူပေမယ့် web တစ်ခု ဖြစ်လာဖို့ အစ ပြု ခဲ့ တဲ့ အခြေခံ အုတ်မြစ်တွေ အကုန် ပါဝင်ခဲ့ပါတယ်။ The High Performance Computing Act လို့ ခေါ်တဲ့ Tim ရဲ့ အဆိုပြုချက်ကို ၁၉၉၁ ခုနှစ်မှာ အ မေ ရိကန် ကွန်ဂရက်လွှတ်တော် က နေ အတည်ပြု ခွင့်ပြုပေးခဲ့ပါတယ်။ ထိုက နေ ဝက်ဘ်ဆိုဒ်တွေ ဖြစ်ပေါ်လာဖို့ အ ကြောင်းဖန်လာခဲ့တာပါ။ အ မေ ရိကန် ဒုသမ္မတ ဟောင်း Al Gore လည်း ထို ဖန်တီးမှုကို အ စောဆုံး ထောက်ခံအားပေးခဲ့သူတွေထဲက တစ်ယောက်ပါ။

ထိုအုတ်မြစ်ကို အ ခြေ တည်ပြီး world wide web (WWW) ကနေတစ်ဆင့် အီးမေးလ်တွေကို စတင် အသုံးပြုလို့ ရလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ အ မေရိကန် သမ္မတဟောင်း Bill Clinton နဲ့ ဆွီဒင်ဝန်ကြီးချုပ်ဟောင်း Carl Bildt တို့က အီးမေးလ် အပြန်အလှန် ပို့ကြတဲ့ ပထမဆုံး နိုင်ငံခေါင်းဆောင်များ ဖြစ်လာခဲ့ကြပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ အ မေ ရိကန်နိုင်ငံ လူဦးရေ တစ်ဝက်လောက်က အင်တာနက်ကို အသုံးပြုနေခဲ့ကြပါပြီ။ အင်တာနက် နဲ့ world wide web တို့ကတော့ မတူကြပါဘူး။

အင်တာနက်ရဲ့ အ ခြေခံ အုတ်မြစ် က တော့ ၁၉၆၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက စ ပေါ်ခဲ့တာပါ။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် ကျောင်းသား ၂ ဦးတို့က ကွန်ပျူတာ တစ်ခု က နေ တစ်ခုကို ဒေတာ သယ်ပို့ပေးတဲ့ Arpanet ကို တီထွင်ခဲ့ပါတယ်။ ဆယ်စုနှစ် ၂ စုလောက်နေမှ Tim Berners-Lee က world wide web အိုင်ဒီယာကို စခဲ့တာပါ။

ယ နေ့မှာတော့ အင်တာနက်ပေါ်မှာ လင့်ခ်ပေါင်း များစွာဆီ ဝင်ထွက်နိုင်ဖို့ Google Chrome, Mozilla Firefox စတဲ့ browser တွေ တောင် ပေါ် နေပါပြီ။ Tim ရဲ့ အဆိုပြုချက်ထဲမှာ browser နဲ့ ပတ်သက်လို့လည်း ပါဝင် ခဲ့ ပါ တယ်။ ကမ္ဘာ့ ပထမဆုံး ဝက်ဘ်ဆိုဒ် က တော့ http://info.cern.ch/ ဖြစ်ပြီး ယ နေ့ထိ ဝင်ကြည့်လို့ ရပါသေးတယ်။

Credit : BBC, Digital Trends

8 Shares

Add a Comment

Your email address will not be published. Required fields are marked *