သင်​ဟာ ပိုပြီး​နောက်​မကျသလို ပိုပြီး​တော့လဲ ​စော မ​နေပါဘူး

43 Shares

မတူညီသောတူညီခြင်းများ
🚕🚕🚕🚕🚕🚕🚕

အိုဘားမားက
အသက်၅၅နှစ်မှာ အနားယူတယ်။
ဒေါ်နယ်ထရမ့်ပ်က
အသက်၇၀မှာ
စတင်တာဝန်ထမ်းဆောင်တယ်။

ဘန်ကောက်က
စင်ကာပူထက် တစ်နာရီပိုစောတယ်။
⌚⌚⌚ဒါပေမယ့်
ဘန်ကောက်တစ်နေ့တာနဲ့
စင်ကာပူတစ်နေ့တာဟာ
ကြာချိန်ချင်းတော့ အတူတူပါပဲ။
ဘန်ကောက်က
ပို……….မမြန်သလို
စင်ကာပူက
ပို……….မနှေးပါဘူး။

တချို့က
အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။
ဒါပေမယ့်
ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့
၅နှစ်လောက် အချိန်ယူနေရတယ်။
တချို့က
အသက်၂၅နှစ်လောက်နဲ့
CEOဖြစ်လာတယ်။
အသက်၅၀လောက်ကျတော့
အနိစ္စရောက်ရော။

တချို့ကျတော့
အသက်၅၀ကျမှ CEOနေရာရောက်တယ်။
ပြီးတော့
အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့
ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ
သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး
အလုပ်လုပ်နေကြတာပါ။
ဥပမာ-
ကျနော်အခု
ဒီစာကိုရေးနေတဲ့အချိန်က
ဗုဒ္ဓဟူး​နေ့နေ့လယ်၁နာရီဝန်းကျင်။

ဒါပေမယ့်
လော့စ်အိန်ဂျလိစ်က
လူတစ်ယောက်အတွက်တော့
ည၁၂နာရီဝန်းကျင်။
သူ အိပ်ချင်အိပ်နေမှာပေါ့။

ကျနော်တို့အနေနဲ့
ကိုယ့်ပတ်ဝန်းကျင်ကို
တစ်ချက်ပြန်ကြည့်ရင်
လူတချို့က
ကျနော်တို့ထက် ရှေ့ရောက်နေတယ်။
တချို့ကတော့
ကျနော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာ
မျိုး ခံစားရပါလိမ့်မယ်။

ဒါပေမယ့်
တကယ်တမ်းတော့
တစ်ယောက်ချင်းစီဟာ
သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း
ပြေးနေကြတာပါ။
တစ်ယောက်နဲ့တစ်ယောက်
ပြေးလမ်းချင်းမတူကြဘူး။
ပိုအရေးကြီးတာက
တာထွက်ချိန်ချင်းမတူကြတာပဲ။

တစ်စုံတစ်ယောက်ဟာ
အမြင်အားဖြင့်
ကျနော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ
နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ
အားကျစရာ/မနာလိုစရာ/အထင်သေးစရာမလိုပါဘူး။

သူ…….
ဘယ်နေရာကစပြီးတာထွက်တယ်
ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ
ကိုသိနိုင်ကြလို့လား။

သူတို့က
သူတို့Time Zoneကိုအခြေခံပြီး
အလုပ်လုပ်တယ်။
ကျနော်တို့ကကျနော်တို့Time Zoneကို
အခြေခံပြီး
အလုပ်လုပ်တယ်။

အရေးကြီးတာက
ကိုယ့်အတိုင်းအဆနဲ့ကိုယ်
ပုံမှန်ကြိုးစားနေဖို့ပါပဲ။
အချိန်တန်ရင်
ပန်းတိုင်ရောက်ပါလိမ့်မယ်။
အဲဒါကြောင့်
စိတ်အေးအေးထားပါ။
ကျနော်တို့  ကြိုရောက်မနေဘူး။
ဒီလိုပဲ
ကျနော်တို့ နောက်ကျမနေဘူး။
အချိန်မှန်လေး၊
အချိန်မီလေးရောက်မှာပါ။

Credit. Original writer
#Blueseasktmm

43 Shares

Add a Comment

Your email address will not be published. Required fields are marked *