အရယ်​သန်​သူများမဖတ်​ရ!

#ကောင်းမကောင်းတော့မသိဘူး
***********************
နာမည်ကြီးခွဲစိတ်ဆရာဝန်သုံးဦး
စကားလက်ဆုံကျနေသည်။

ပထမဆရာဝန် –
“ဒီနိုင်ငံမှာ ငါကအတော်ဆုံး
ဆရာဝန်လို့ပြောရမယ်ကွ။”

ဒုတိယဆရာဝန် –
“ဘာတွေစွမ်းဆောင်ခဲ့လို့လဲ။
လင်းစမ်းပါဦး။”

ပထမဆရာဝန် –
“လက်ချောင်းခုနှစ်ချောင်းပြတ်သွားတဲ့
လူတစ်ယောက်ကို ငါပြန်ဆက်ပေးခဲ့
ဖူးတယ်။ ငါဆက်ပေးလိုက်တာ
ကောင်းမကောင်းတော့မသိဘူး။
အခု သူက ကမ္ဘာကျော်စန္ဒယား
ပညာရှင်ကြီးတစ်ယောက်ဖြစ်နေပြီလေ။”

ဒုတိယဆရာဝန် –
“မင်းဟာကဘာဟုတ်သေးလို့လဲ။
ငါခြေနှစ်ဖက်လုံးပြတ်သွားတဲ့
လူတစ်ယောက်ကို ခြေထောက်တွေ
ပြန်ဆက်ပေးခဲ့ဖူးတယ်။
၂နှစ်လောက်ကြာရော။ အဲဒီလူက
ဧဝရက်တောင်ထိပ်ကိုတက်နိုင်ခဲ့တယ်။”

တတိယဆရာဝန် –
“အင်း … မင်းတို့တွေ
တော်ကြပါတယ်ကွာ။
ငါကြုံ ခဲ့တဲ့ လွန်ခဲ့တဲ့
၂နှစ်ကျော်လောက်
ကြာခဲ့တုန်းက လူတစ်ယောက်
ဟိုက်ဝေးလမ်းပေါ်ဖြတ်ကူးရင်း
အရှိန်ပြင်းပြင်းမောင်းလာတဲ့
နာကူကားနဲ့ တိုက်မိတာ
ခေါင်းပွင့်သွားတယ်။
_________________________________
#ဦးနှောက်တွေဆိုလမ်းပေါ်မှာဖွေးလို့။
_________________________________
အဲဒီလူရဲ့ခေါင်းကို
ငါပြန်ဆက်ပေးနိုင်ခဲ့တယ်။
ဒါပေမယ့်ကွာ …..”

ပထမနှင့် ဒုတိယဆရာဝန် –
“ဟာ … တော်လှချည်လားကွ။
ဒါပေမယ့် ဘာဖြစ်သွားတာလဲ။
ဆက်ပါဦးကွ …”

တတိယဆရာဝန် –
“ကွာ … အရေးတကြီး
ကုရတာဆိုတော့
ဦးနှောက်မထည့်မိဘဲ
ကုပေးလိုက်မိတယ်ကွာ …”

ပထမနှင့် ဒုတိယဆရာဝန် –
“ဟာ … ဒါဆို ဒုက္ခပါပဲကွာ။
ဒီလူ အခြေအနေမှကောင်းပါ့မလား”

တတိယဆရာဝန် –
“ကောင်းမကောင်းတော့မသိဘူးကွာ။
အခုတော့ …
(ဘေးဘီတစ်ဖက်တစ်ချက်ကို
ကြည့်ရင်း … အသံတိုးတိုးဖြင့်)
အစိုးရအဖွဲ့မှာ ဝန်ကြီးချူ ပ်ဖြစ်နေလေရဲ့”တဲ့။

credit

142 Shares

Add a Comment

Your email address will not be published. Required fields are marked *