ဂွမ်းတံ နဲ့ နား က လော်တဲ့ အကျင့်ကြောင့် ဦးခေါင်းခွံ အရိုး ထဲ အထိ ဘက်တီးရီးယားပိုးဝင်သွားခဲ့သူ

အင်္ဂလန် နိုင်ငံ က အသက် ( ၃၁ ) နှစ် အ ရွယ် လူတစ် ယောက် ဟာ ဂွမ်းတံ နဲ့ နား က လော် တဲ့ အကျင့် ကြောင့် နား ထဲ မှာ ဂွမ်းစ ကျန် ရစ် ခဲ့ ပြီး ဒုက္ခ ရောက်ခဲ့ရတဲ့ အဖြစ် ပါ ။ သူ့ရဲ့နားလမ်းကြောင်းက နေ တဆင့် ဆိုးဆိုးရွားရွား ပိုးဝင် သွား ခဲ့ ပြီး ဦးခေါင်းခွံ အောက်ခြေ အရိုးတွင်း ထိ ပိုး ကူးစက် သွား ခဲ့ ရ ပါ တယ် ။ ဦးနှောက်ထဲ ထိ ပိုးမဝင်ခဲ့လို့သာ ဖြေသိမ့်စရာ ဖြစ်ခဲ့ ရ တာ ပါ ။

သူဟာ ရုတ်တရက် လေသင်တုန်း ဖြတ် ပြီး လဲကျ ခဲ့ တာ ကြောင့် အ ရေးပေါ် ဆေးရုံတင်ခဲ့ရာမွာ ဆရာဝန်ရဲ့ စစ် ဆေး ချက် အရ နားထဲ ပိုးဝင်နေခဲ့တာဟာ ကြာမြင့်ခဲ့ပြီဖြစ် ကြောင်း တွေ့ခဲ့ရပါတယ်။ သူက ဘယ်ဘက် နား ကိုက် ခဲပြီး ဘယ်ဘက် အကြားအာရုံ ပျောက်ဆုံးသွားတာ ငါးနှစ် ကြာခဲ့ပြီလို့ လည်း ဝန်ခံခဲ့ပါတယ်။ ဦးနှောက်ကို စစ် ဆေး ကြည့် ရာမှာ တော့ ဦးခေါင်းခွံအောက်ခြေ မှာ ပြည်တည်နာတွေအထိ ဖြစ် ပွား နေခဲ့ပါပြီ။

လေမဖြတ်သေးခင်ကာလက သူ့ရဲ့ဘယ်ဘက်နားအုံမွာ (၁၀) နှစ် ဆက်တိုက် စူးစူးဝါးဝါး နာကျင်ကိုက်ခဲ ဝေဒနာခံစားနေခဲ့ရသလို ဘယ်ဘက် ခေါင်း တ ခြမ်းက လည်း အလွန်အမင်းကိုက်ခဲနေခဲ့တာပါ။ ပြင်းထန်တဲ့ ဒဏ် ကြောင့် မူးဝေ အော့အန်မှုတွေဖြစ် ပြီး လူတွေရဲ့နာမည်တွေကိုပါ မမှတ်မိတော့တဲ့ အထိ ခံစားခဲ့ရပါတယ်။

နားကို ခွဲစိတ်ကုသမှု ပြုခဲ့ရာမွာ နားအတွင်းထဲမွာ အတွင်းထဲ ငုပ်နေတဲ့ ဂွမ်းဖတ်စကြီးကို ဖယ် ရှား ပေး နိုင် ခဲ့ ပြီး ဒါကို ကြည့်ခြင်းအားဖြင့် နားထဲဂွမ်းရောက်နေတာ အချိန် အ တော် ကြာ ရှိ ခဲ့ပြီလို့ ခန့်မွန်းခဲ့ကြပါတယ်။

ဂွမ်းတံနဲ့နားထဲကို ထိုးသွင်းခြင်းဟာ နားထဲ ပိုးဝင်တာ၊ နားစည်ပြက်စီးတာ စသဖြင့် လူကိုဒုက္ခ ရောက်စေတတ်လို့ ဆင်ခြင်သင့်ကြောင်း အထပ်ထပ် အကြုံပြုသတိပေးခဲ့ရပါတယ် ။

သူ့အတွက် ခွဲစိတ်မှုအောင်မြင်ပြီးနောက်မွာ နာတာရွည်အကြားအာရုံပြဿနာနဲ့ အာရုံကြောပြဿနာတွေ ကင်းရှင်း သွားခဲ့ပြီး ဆရာဝန်တွေက ဂွမ်းတံနဲ့ နားထဲကိုထိုးသွင်းခြင်းဟာ နားထဲ ပိုးဝင်တာ ၊ နားစည် ပျက်စီးတာ စသဖြင့် လူကို ဒုက္ခ ရောက်စေတတ်လို့ ဆင်ခြင်သင့်ကြောင်း အထပ်ထပ်အကြုံပြုသတိပေးခဲ့ရပါတယ်။ ကျန်းမာရေးအရ နားနဲ့ ဦးနှောက် အာရုံကြောက ဆက်နွယ်မှု ရှိနေတာကြောင့် သတိပြုစရာအဖြစ် မျှ ဝေ ပေးလိုက်ရပါတယ်။

Credit : Cbsnews “Man cleaned his ear with cotton swab then got an infection in his skull”

172 Shares

Add a Comment

Your email address will not be published. Required fields are marked *