အသား အ ရေ အလှအပ အတွက် အာလူးကို အသုံးပြု နိုင် မယ့် နည်းလမ်းကောင်း (၇) မျိုး

51 Shares

အာလူးက အာဟာရ ကြွယ်ဝတဲ့ အစားအစာ တစ်မျိုး ဖြစ် ပြီး အသုံးဝင်တဲ့ နေရာ တွေလည်း အများကြီး ပါ ။ ပျိုမေတို့ အ နေ နဲ့ လည်း အလှအပ အတွက် အာလူး ရဲ့ အံ့သြ လောက်စရာ အကျိုး အာနိသင် တွေ နဲ့ အလှအပ အတွက် အာလူး ကို အသုံးပြု နိုင် မယ့် နည်းလမ်း လေး တွေ ကို ဖော်ပြ ပေး ချင် ပါ တယ် ။ ဒီနေ့ က စ ပြီး အာလူး နဲ့ အလှပြင်လိုက် တော့ နော် ။

( ၁ ) မျက်လုံးတဝိုက် အ ရေး အ ကြောင်းတွေ ဖယ်ရှားမယ်

အာလူးကို အခွံနွှာ ၊ အရည် ရ အောင် ကြိတ် ချေ ပြီး ရေခဲသေတ္တာ ထဲ မှာ ထည့် ထား လိုက် ပါ ။ ည ဘက် မျက်နှာ သစ်ပြီး တိုင်း မှာ အဲ့ဒီ အရည်ကို ဂွမ်းစ လေး နဲ့ တို့ ပြီး မျက်လုံးတဝိုက် အ ရေး အ ကြောင်း ရှိတဲ့ နေရာ တွေ မှာ လိမ်း ပေးပြီး နာရီဝက်လောက် ကြာ ရင် ရေ နွေးလေး နဲ့ ဆေးချ ပေးလိုက် ရုံ ပါ ပဲ ။ ညတိုင်း လုပ်ပေး မယ် ဆို ရင် မျက်လုံး တ ဝိုက် အ ရေး အ ကြောင်းတွေ လျော့ပါး လာ ပြီး နောက်ထပ် အ ရေး အ ကြောင်း တွေ ဖြစ်မလာအောင် လည်း တားဆီး ပေး နိုင် ပါ တယ် ။

( ၂ ) အသား အ ရေ လျော့တွဲနေတာကို ပြန် တင်းရင်းအောင် လုပ်မယ်

အာလူးကို ကြိတ်ချေပြီး ရလာတဲ့ အရည် တစ်ဇွန်း နဲ့ ဒိန်ချဉ် တစ်ဇွန်း တို့ကို ရောမွှေ ပြီး မျက်နှာ အနှံ့ လိမ်း ပေး ပြီး ဆယ့်ငါးမိနစ် ကြာ ရင် မျက်နှာသစ် ပေး လိုက် ပါ ။ ဒီ နည်းလေးကို တစ်ပတ် တစ်ခါ လုပ်ပေးလိုက် ရုံ နဲ့ အသား အ ရေ လျော့တွဲ နေ တာ တွေ ၊ အသားပွ နေ တာ တွေ ကို သိသိ သာသာ ကျစ်လစ် တင်း ရင်း စေ ပါ လိမ့် မယ် ။

( ၃ ) ဝက်ခြံနဲ့ အဆီပြန်တာကို လျှော့ချမယ်

အဆီပြန်တာ သက်သာဖို့ အာလူး တစ်လုံး ကို ကြိတ် ချေ ပြီး သံပရိုရည် အနည်းငယ် နဲ့ ရော ပြီး အဆီပြန်တဲ့ နေရာ တွေ မှာ လိမ်း ပေး ပါ ။ ၁၅ မိနစ် လောက် ထား ပြီး ရေ အေး နဲ့ မျက်နှာ သစ် ပေး ပါ ။ နှစ်ရက် ခြား တစ်ခါ လောက် လုပ်ပေးမယ် ဆိုရင် အဆီပြန်တာ လုံးဝ သက်သာ လာ ပါ လိမ့် မယ် ။ ဝက်ခြံ ပေါက် နေ တဲ့ သူ တွေ က တော့ ရေခဲ သေတ္တာ ထဲ အ အေး ခံ ထား တဲ့ အာလူး အရည် ကို တစ်နေ့ နှစ် ကြိမ် လောက် ဝက်ခြံ ပေါ် မှာ တို့ ပေး မယ် ဆို ရင် ဝက်ခြံတွေ သိသိ သာသာ သက်သာသွားတာကို တွေ့ရ ပါ လိမ့် မယ် ။

( ၄ ) မျက်နှာသန့်စင်ရည် အဖြစ် သုံးမယ်

အာလူးတစ်လုံး နဲ့ သခွားသီး အ သေးလေး တစ်လုံး တို့ ကို ကြေညက်အောင် ကြိတ်လိုက် ပါ ။ အဲ့ဒီ အထဲကို မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း ၊ ရေတစ်ဇွန်း ရော ပြီး မျက်နှာ အနှံ့ ကို ပွတ်တိုက် ပေးမယ် ဆိုရင် တစ်နေကုန် လိမ်းထားတဲ့ မိတ်ကပ် တွေ နဲ့ ဖုန်မှုန့်အညစ် အ ကြေး တွေ ကို သန့်စင် ပေး ပါ လိမ့် မယ် ။ ကျန် ခဲ့ တဲ့ အနှစ် တွေ ကို ရေခဲသေတ္တာ ထဲ မှာ ထည့် ထားပြီး ပြန် အသုံးပြု နိုင်ပါတယ် ။

( ၅ ) တိုနာအဖြစ် သုံးမယ်

ကြိတ်ချေ ထားတဲ့ အာလူး နှစ်ဇွန်း ၊ သံပရိုရည်တစ်ဇွန်းတို့ကို ရော ပြီး မျက်နှာ အနှံ့ လိမ်းပေး ကာ နာရီဝက် ကြာရင် ရေ ဆေး ချ လိုက် ပါ ။ ချွေးပေါက်ကျယ် တွေ ကို ထိထိ ရောက် ရောက် ပျောက် ကင်း စေ တာ ကြောင့် တိုနာ ထက် တောင် ပိုကောင်း ပါ သေး တယ် ။

( ၆ ) အမည်းစက်တွေ ပျောက်ဖို့ သုံးမယ်

အသား အ ရေ ပေါ်က အမည်းစက်တွေ ပျောက်ချင် တယ် ဆို ရင် တော့ အာလူးကို ကြိတ်ချေပြီး အမည်းစက်တွေ ပေါ် မှာ လိမ်း ပေး လိုက် ပြီး နာရီဝက် လောက် ကြာရင် ရေ နဲ့ ဆေး ချလိုက်ရုံ ပါပဲ ။ ဒါ ကို နေ့ တိုင်း လုပ် ပေး ရင် အ မည်းစက်တွေ တဖြည်းဖြည်း မှေးမှိန် လာ ပြီး အသား အ ရောင် ညီညာ လာ ပါ လိမ့် မယ် ။

( ၇ ) အသားဖြူဆေးအဖြစ် သုံးမယ်

အသားဖြူစေနိုင်တဲ့ အရာတွေ ထဲ မှာ အာလူးက အ ကောင်းဆုံး နဲ့ အထိရောက်ဆုံး ပစ္စည်းတစ်ခုပါ ။ ညဘက် မျက် နှာ သစ်ပြီး ရင် အာလူး အရည် နဲ့ သံပရို ရည် ဆတူ ရော ပြီး မျက်နှာ အနှံ့ လိမ်းပေးပြီး အိပ် ရာ ဝင် လိုက် ပါ ။ မနက် ရောက်မှ မျက်နှာသစ် ပေးလိုက် မယ် ဆို ရင် မျက်နှာအသားအရေ သိသိသာသာ ဖြူ လာ တာ ကို တွေ့ရပါလိမ့် မယ်။

# Credit #

51 Shares

Add a Comment

Your email address will not be published. Required fields are marked *