ကစားသမားဟောင်း ဦးစိုးမြတ်မင်းကို မြန်မာယူ-၁၈အသင်း နည်းပြချုပ် အဖြစ်ခန့်အပ်ရန် အဖွဲ့ချုပ်စီစဉ်နေသည်ဟုသိရ

4 Shares


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ခုနှစ်အတွင်း ယှဉ်ပြိုင်မည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်နိုင်ရေး ရရှိရန်အတွက် ရည်ရွယ်ထား သလို ၄နှစ်စီမံကိန်းကိုလည်း ရေးဆွဲထားသည်ဟု သိရသည်။ ဘယ်(လ်)ဂျီယံနိုင်ငံသား နည်းစနစ်ဒါရိုက်တာ အဲရစ်အာဖရန်က ၄နှစ် စီမံကိန်း (MFF Four – Year Strategic Plan 2019 – 2022) စီမံကိန်းအား မီဒီယာများသို့ ချပြမည့် အခမ်းအနားကို ဇန်နဝါ ရီလ ၁၆ရက်နေ့တွင် ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ အခမ်းအနားတွင် နည်းစနစ်ဒါရိုက်တာအဲရစ်က ၄နှစ်စီမံကိန်း ကို ဦးစွာတင်ပြပြီးနောက် အဖွဲ့ချုပ်မှ ခန့်အပ်ထားသည့် နည်းပြဆရာ များကို မိတ်ဆက်ပေးသွားမည်ဟု သိရသည်။ နောက်ဆုံးကြားသိရ သော သတင်းများအရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာယူ- ၁၈အသင်းနည်းပြချုပ်ရာထူးကို ဦးစိုးမြတ်မင်းအား ပေးအပ်ခဲ့သည်ဟု သိရပြီး ဦးညီညီလတ်မှာ အဲရစ်အာဖရန်နှင့်အတူ လူငယ်ဖွံ့ဖြိုးရေး စီမံ ကိန်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။ ဦးစိုးမြတ်မင်းသည် မြန်မာ့လက်ရွေးစင်အသင်းတွင် အထင်ကရကစားသမားတစ်ဦးဖြစ်ခဲ့ပြီး မြန်မာအသင်းအတွက် ဂိုးများစွာ သွင်းယူခဲ့သော ကစားသမားတစ်ဦး လည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းလက်ထောက်နည်းပြအ ဖြစ် အန်တွမ်နီဟေးနှင့် မိုဗစ်တို့လက်ထက်တွင် တာဝန်များ ထမ်း ဆောင်ခဲ့သည်။ ထို့အပြင် ဦးစိုးမြတ်မင်းမှာ ရှမ်းယူနိုက်တက်ကို တာဝန်ယူခဲ့ပြီး ၂၀၁၇ဘောလုံးရာသီတွင် အမှတ်ပေးဖလားနှင့် ရှုံးထွက် ဖလား ရရှိခဲ့သည်။ သို့သော် ၂၀၁၈မြန်မာလိဂ်ပထမအကျော့မတိုင်မီ မှာပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး နည်းပြအန်တွမ်နီဟေးလက်အောက် တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့သော် လည်း ၂၀၁၈ဆူဇူကီးပြိုင်ပွဲတွင် အောင်မြင်မှု မရခဲ့ပေ။ သို့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၈အသင်း၏ နည်းပြအဖြစ် တာဝန်ပေးမည်ဟု သိရသည်။

▪️သတင်း – Special One
#MSNM

4 Shares

Add a Comment

Your email address will not be published. Required fields are marked *