ကျွဲ​ကောသီးရဲ့ စွမ်းရည်​ ၃၁ ချက်​ (ဝါး..ဒီ​လောက်​အသုံးဝင်​မှန်းမသိခဲ့ဘူး)

😎 ကျွဲကောသီးနှင့်​ ကျန်းမာ​ရေး ၊ အလှအပ
============================
~ Pummelo

– ကျွဲကောသီးများဟာ ယခုလိုမိုးရာသီမှာ ​ပေါများစွာသီး​လေ့ရှိပြီး အတွင်းသား အဖြူသီး ၊ ပန်း​ရောင်​ ၊ အနီသီးများရှိပါတယ်​ …

– အဖြူ​ရောင်​က အချဉ်​ဓာတ်​ပိုပြီး အနီ​ရောင်​က​တော့ အချိုဓာတ်​ပိုပါတယ်​ ခင်​ဗျာ …

– အရှေ့တောင် အာရှနိုင်ငံများဖြစ်တဲ့ တရုတ်နှင့် အိန္ဒိယ နယ်စပ်တို့တွင် စတင် ပေါက်ရောက်ကြပြီး မြန်မာပြည်တွင် မွန်ပြည်နယ်၊ မော်လမြိုင်နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တို့မှ ထွက်ရှိသော ကျွဲကောသီး က အလွန်နာမည်ကြီးပါတယ်​ ခင်​ဗျာ …

~ ကျနိးမာ​ရေးအတွက်​ အာနိသင်
——————————————-

( ၁ ) ကျွဲကောသီး၏ အရည်က အစာအိမ် ကို အယ်ကာလိုင်းအဖြစ် ဓာတ်ပြုပေးနိုင်သောကြောင့်၊ အစာ ကို ကောင်းစွာ ချေဖျက်ပေးနိုင်ပါတယ်​ …

( ၂ ) ထမင်းစားသောက်ပြီးနောက် အစောကြေဆေး အဖြစ် ကျွဲကောသီး ကို မှီဝဲနိုင်ပါတယ်​ … ဝမ်းချုပ်ခြင်းမှလဲ ကင်းဝေးစေနိုင်ပါတယ်​ …

( ၃ ) ကျွဲကောသီး ၏ အသား ကို ဖုံးအုပ်ထားသော အဖြူရောင် အခွံပါးလွှာ ထဲတွင် ( bioflavonoid ) ဓာတ် ပါရှိပေရာ၊ ထို ဓာတ်က ခန္ဓာကိုယ်ထဲရှိ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်​ … ထို့ပြင် ခန္ဓာကိုယ် အတွက် ပိုလျှံသော ( estrogen ) များ ကို ရှင်းလင်းပေးသည့် အတွက် ရင်သား ကင်ဆာဆဲလ် များ ပြန့်ပွားမှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်​ …

( ၄ ) အစာအိမ်နှင့် မုန့်ချိုအိတ် ကင်ဆာ တို့ကိုလဲ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်​ …

( ၅ ) အူမကြီးကင်ဆာကို မဖြစ်စေနိုင်ပါ …

( ၆ ) ဗီတာမင်စီ အမြောက်မြား ပါရှိသည့် အတွက် သွေးလွှတ်ကြောများ ကို ဆန့်၊ ကျုံ့ ပျော့ပြောင်းစေနိုင်သည့်ပြင် ( pection ) ဓာတ် ပါရှိသဖြင့် သွေးလွှတ်ကြောများ ပိတ်ဆို့ မှုမဖြစ်စေဘဲ၊ သွေးကို ကောင်းစွာစီးဆင်း လည်ပတ်စေနိုင်သဖြင့် နှလုံးကို ကျန်းမာစေပါတယ်​ …

( ၇ ) ကျွဲကောသီးကို မှန်မှန်စားပေးခြင်းဖြင့် ကိုလက်စထရောလ် ကျစေနိုင်သောကြောင့် နှလုံးရောဂါဖြစ်ပေါ်မှု အလားအလာကို ဟန့်တားပေးနိုင်ပါတယ်​ …

( ၈ ) ခန္ဓာကိုယ် အလေးချိန် ကျလိုသူများ အတွက် ကျွဲကောသီးက ကောင်းကျိုးပြုပါတယ်​ …

( ၉ ) အင်ဇိုင်း ကို လောင် ကျွမ်းစေပြီး ၊ ခန္ဓာကိုယ်ထဲရှိ ကစီနှင့် သကြားတို့ကို စုပ်ယူပေးသဖြင့် ကိုယ်အလေးချိန်ကို ကျစေပါတယ်​ …

( ၁၀ ) ကျွဲကောသီး ထဲတွင် အမျှင်ဓာတ် အမြောက်အများ ပါရှိခြင်းကြောင့်၊ အစာခံနိုင်ပြီး၊ မကြာခဏ အစာစားချင်စိတ် ကို မဖြစ်ပေါ်စေပါဘူး …

( ၁၂ ) ကျွဲကောသီးဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ထုတ်ပေးကာ၊ သွေးကိုလဲ သန့်စင်စေပါတယ်​ …

( ၁၃ ) ကျွဲကောသီး စားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ဘဲ မျက်စေ့ကြောင်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါ တို့ကို သက်သာ ကောင်းမွန်စေနိုင်ပါတယ်​ …

( ၁၄ ) ကိုယ်ခံစွမ်းအားကိုလဲ တိုးတက်ကောင်းမွန်စေသောကြောင့် အဖျားရောဂါများ မဖြစ်စေနိုင်ပါ …

( ၁၅ ) ကျွဲကောသီး ထဲတွင် ပိုတက်စီယမ် အမြောက်အမြား ပါရှိသည့်အတွက်၊ သွေးကို ပုံမှန်ဖြစ်စေသဖြင့် သွေးတိုးရောဂါ ဝေဒနာသည်များ စားသုံးသင့်ပါတယ်​ …

( ၁၇ ) ကျွဲကောသီးက သွေးတိုးရောဂါပျောက် ဆေးဝါးများထက် ပိုမိုအစွမ်းထက်မြက်ဆယ်​လို့ ဆိုကြပါတယ်​ …

( ၁၈ ) ပန်းနာရင်ကြပ်​ရောဂါကို သက်သာ ပျောက်ကင်းစေပါတယ်​ …

( ၁၉ ) ကိုယ်ဝန်ဆောင်မိခင်များ ခန္ဓာကိုယ် ဖောရောင်ခြင်းအတွက် ကျွဲကောသီး စားပေးသင့်ပါတယ်​ …

( ၂၀ ) ဗီတာမင်စီ အမြောက်အမြား ပါရှိခြင်းကြောင့် အနာများကို အမြန်​ ကျက်စေပါတယ်​ …

( ၂၁ ) သွားဖုံး သွေးယိုစီးခြင်း ကို ကာကွယ်ပေးပြီး သွားများကို ခိုင်မာစေပါတယ်​ … ခံတွင်း ရနံ့ဆိုးများ မဖြစ်ပေါ်စေပါ …

( ၂၂ ) အအေးမိနှာစေး၊ ချောင်းဆိုးခြင်းနှင့် ရာသီဖျား များကို အလွယ်တကူ မကူးစက်စေနိုင်ပါ …

( ၂၃ ) ကျွဲကောသီးထဲတွင် ပါရှိသော ပိုတက်စီယမ် က၊ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပြီး၊ အရိုးကို ခိုင်မာစေပါတယ်​ …

( ၂၄ ) ကြွက်သားများ ကျုံ့ခြင်း၊ ဆန့်ခြင်း ကို အားပေးသဖြင့် ခြေသလုံး ကြွက်သားများကို ကြွက်မတက်စေပါ …

( ၂၅ ) သွးအားနည်းရောဂါ မှ ကာကွယ်ပေးနိုင်ပါတယ်​ …

~ အသားအရေအတွက် အာနိသင်
——————————————-

( ၁ ) ကျွဲကောသီးဟာ ဗီတာမင်စီ ကြွယ်ဝစွာပါရှိခြင်းခြင်းကြောင့် အရေပြား ထဲက ကိုလေဂျင် ( ခေါ် ) အမျှင်ဓာတ်ကို ကျန်းမာပြီး တင်းရင်းစေသည့်အတွက် အသားအရေကို နုပျိုလှပစေကာ အရွယ်တင်​နုပျို​စေပါတယ်​ခင်​ဗျာ …

( ၂ ) ကျွဲကောသီးအခွံထဲတွင် အသားအရေကို ဖြူစင် ဝင်းမွတ်စေသည့် ဆေးဘက်ဝင် အစွမ်း ထက်မြတ်သော အဆီတစ်မျိုး ပါရှိပါတယ်​ … ထို အဆီကို အခြေခံ၍ မျက်နှာလိမ်း ကရင်မ်၊ ကိုယ်လိမ်း ကရင်မ် နှင့် ဂျိုင်းလိမ်း ( Roll On ) တို့  ထုတ်လုပ်ကြပါတယ်​ …

( ၃ ) မပင်မပန်း အလုပ် မရှုပ်စေဘဲ၊ မိမိ အိမ်မှာပင် ကျွဲကောသီးဖြင့် အသားအရေ ကို ထိန်းသိမ်းနိုင်ပါတယ်​ … ဦးစွာ ရေချိုးပြီးနောက်၊ မျက်နှာ အနှံ့နှင့် ဂျိုင်းသား များကို အရည်ညှစ် ထားသော ကျွဲကောသီး အရည်ဖြင့် စိမ့်ဝင်အောင် လိမ်းပေးပါ …

( ၄ ) ကျွဲကောသီး အခွံကို အနည်းငယ် ညှစ်ပြီး ထွက်လာသော သတ္တုရည်ဖြင့် ဂျိုင်းသား များကို လိမ်းကျံပေးနိုင်ပါတယ်​ …

– နောက် ( ၁၅ ) မိနစ်ခန့် အကြာတွင် မျက်နှာနှင့် ဂျိုင်းသားများ ကို ရေအေးဖြင့် ပြန်လည်ဆေးကြောပေးရန် ​မမေ့ပါနှင့် …

( ၅ ) တစ်နေ့ တစ်ကြိမ် မှန်မှန် လိမ်းပေးရုံဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဂျိုင်းသားများ ဖြူဖွေး လာပါလိမ့်မယ်​ …

( ၆ ) မျက်နှာ အသားအရေကို အစိုဓာတ် ထိန်းသိမ်းပေးပြီး တင်းရင်း ဝင်းစိုလာခြင်း၊ ချွေးပေါက် များ ပွင့်စေပြီး ဝက်ခြံပျောက်ခြင်းစတဲ့ အကျိုး​ကျေးဇူးများကို ရရှိ​စေပါတယ်​ ခင်​ဗျာ …..

#Credit

830 Shares

Add a Comment

Your email address will not be published. Required fields are marked *