ဆယ်တန်းမအောင် ဘွဲ့မရပဲ YU ကိုမလာနဲ့လို့ နှင်ထုတ်ခံရတာနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ အောင်ထက်

41 Shares

အောင်ထက်ဟာဆိုရင် အိပ်မက်ဆုံရာကတက်လာခဲ့တဲ့အရည်အချင်းရှိအဆိုတော်တစ်ဦးဖြစ်ပြီး တစ်ကိုယ်တော် Album တွေလည်းထွက်ထားသလို တစ်နိုင်ငံလုံးက ပရိသတ်အားပေးမှုများစွာရရှိထားတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။

အခုအချိန်တွေက အဆိုတော်တွေအလုပ်များတဲ့ ကာလဖြစ်တာနဲ့အညီ အောင်ထက်ဟာလည်း လက်မလည်အောင် ပွဲတွေလှည့်ပတ်သီဆိုနေရတဲ့ကြားထဲကမှ ပရိသတ်တစ်ဦးရဲ့ ဆယ်တန်းမအောင် ဘွဲ့မရပဲ YU ကိုမလာနဲ့လို့ မညှာမတာပုတ်ခတ်ပြောဆိုမှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပြီး လူမှုကွန်ယက်မှာပြန်လည်ဖြေရှင်းခဲ့ရပါသေးတယ်။ အောင်ထက်က မကြာသေးမီက အင်တာဗျူးမှာ YU က ပရိသတ်တစ်ယောက်ကိုပြန်ဖြေရှင်းခဲ့တာနဲ့ပတ်သက်ပြီးတော့ ဖြေကြားသွားပါတယ်။

အောင်ထက် က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “ကျွန်တော် 29 ရက်နေ့ကျရင် ဆေးဝါးတက္ကသိုလ်မှာ သူတို့ကမ်းလှမ်းလို့ သွားဆိုပေးမယ် 30 ရက်နေ့ကျရင် ဆေး ၁ ကျောင်းသင်္ကြန်၊ ပျော်စရာကြီးပါ။ ကျောင်းသင်္ကြန်တွေလိုက်ဆိုရတာ ကျွန်တော် ပျော်တယ်။လူငယ်တွေနဲ့ဆင်နွှဲရတာပျော်တယ်။ ကိုယ်လည်းပျော်ပျော်ပါးပါးနဲ့ သူတို့နဲ့အတူတူပျော်ချင်တယ်။ ကိုယ့်ကြောင့်လည်းသူတို့ကိုပျော်စေချင်တယ်”လို့ ဖြေကြားထားပါတယ်။

YU က တစ်ယောက်နဲ့ပတ်သက်ပြီးဖြစ်သွားတဲ့ကိစ္စကိုလည်း “ဘာကိုမှတော့ ရည်ရွယ်တယ်လို့မဟုတ်ပါဘူး။ လူဆိုတာကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်ဖြတ်သန်းမှုနဲ့ကိုယ်ရှိတယ်ဆိုတဲ့ ဥစ္စာမျိုးကိုပဲ ကျွန်တော်က သိစေချင်တာပါ။ အခြားဥစ္စာမရှိပါဘူး။ ကျွန်တော့မှာလည်း သူများကိုနာကျင်စေဖို့တို့ အဲဒါမျိုးတွေမရှိပါဘူး။သိစေချင်တဲ့ဆန္ဒသက်သက်ကြောင့်ရေးတင်လိုက်မိတာပါ။ အခြားဆန္ဒမရှိပါဘူး။ နာကျင်စေချင်တဲ့ဆန္ဒကြောင့် ဒုက္ခပေးတာမျိုးမဟုတ်ပါဘူး”လို့ ရှင်းပြထားပါတယ်။

အောင်ထက်က သည်းခံရတာများလွန်းတော့ ယိုဖိတ်လာတယ်ဆိုပြီးတော့လည်း “တစ်ခါတစ်လေကျ သည်းခံရတာတွေများလွန်းတော့ ယိုဖိတ်မှုလေးတွေရှိတာပေါ့။ ယိုဖိတ်တာကလည်း အခြားသူတွေအတွက် ဘေးထွက်ဆိုးကျိုးမဟုတ်ပဲနဲ့ အခြားအတွက်ပြန်ကောင်းတဲ့ဟာမျိုးတွေပေါ့နော်။အဲဒီသဘောပါပဲ”လို့လည်းပြောထားပါသေးတယ်။

Crd:nanmalgyi

41 Shares

Add a Comment

Your email address will not be published. Required fields are marked *