ဆီးဂိမ္​းမွာ ​ေရႊတံဆိပ္​အရယူမည္​ဟု ဗီယက္​နမ္​နည္​းျပ​ေျပာ

[Zawgyi Version]
ဗီယက္နမ္လက္ေရြးစင္အသင္းႀကီးနဲ႔ လူငယ္အသင္းတုိ႔ရဲ႕နည္းျပ ပတ္ဟန္ဆုိးဟာ ယခုရာသီမွာ အသင္း ၂ သင္းစလံုးကို ကုိင္တြယ္သြားမယ္လို႔ အတည္ျပဳေျပာၾကားခဲ့ၿပီး ဖိအားေတြေၾကာင့္ လြယ္လြယ္နဲ႔ အရံႈးေပးတတ္သူမဟုတ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္္။

ပတ္ဟန္ဆုိးက လက္ေရြးစင္အသင္းႀကီးေရာ လူငယ္အသင္းပါ ဆက္လက္ကိုင္တြယ္ဖို႔ ဆံုးျဖတ္ခဲ့တဲ့ ၎ရဲ႕ဆံုးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ရွင္းျပခဲ့ရာမွာ ပတ္က လာမယ့္ ၂၀၁၉ ဆီးဂိမ္းမွာ ျပင္ဆင္ခ်ိန္ ၅ ပတ္ေပးဖို႔အတြက္ ေတာင္းဆုိခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ပတ္ဟန္ဆုိးက ၎ရဲ႕ရည္မွန္းခ်က္ဟာ ေရႊတံဆိပ္ဆြတ္ခူးဖုိ႔ ျဖစ္တယ္လုိ႔ ေဖာ္ျပခဲ့ၿပီး ၎ရဲ႕ေတာင္းဆုိခ်က္ကို ခြင့္ျပဳခဲ့ၿပီးေနာက္ ၂ သင္းစလံုးကို ကုိင္တြယ္ဖို႔ သေဘာတူညီခဲ့တာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ့္ကို ျပင္ဆင္ခ်ိန္ ၅ ပတ္ပဲေပး။ ေရႊတံဆိပ္ရေအာင္ ကၽြန္ေတာ္ ႀကိဳးစားေပးမယ္လုိ႔ သူတုိ႔ကို ေျပာခဲ့ပါတယ္။ ဘာလို႔လဲဆုိေတာ့ ၿပီးခဲ့တဲ့ ယူ-၂၃ ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲမစခင္ ၅ ပတ္ပဲ ကၽြန္ေတာ္ အခ်ိန္ရခဲ့လုိ႔ပါ။ ကၽြန္ေတာ့္ရဲ႕ေတာင္းဆုိခ်က္ကို ခြင့္ျပဳလုိက္ကတည္းက ၂ သင္းစလံုးကို နည္းျပဖုိ႔ ကၽြန္ေတာ္ သေဘာတူညီခဲ့တာပါ”

“အဲဒါက ကၽြန္ေတာ့္အေပၚ ေသခ်ာေပါက္ ဖိအားေတြရွိလာမွာပါ။ ကၽြန္ေတာ္ ၿပိဳင္ပြဲႀကီး ေလးခုကို ျဖတ္သန္းခဲ့ၿပီးပါၿပီ။ အဲဒီထဲက တစ္ခုကမွ မလြယ္ကူခဲ့ပါဘူး။ အားလံုးက ခက္ခဲၾကမ္းတမ္းခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ အၿမဲတမ္းသတ္မွတ္ထားတဲ့ ပန္းတုိင္အထိ ျပည့္ေျမာက္ဖို႔အတြက္ အေကာင္းဆံုးႀကိဳးစားခဲ့ပါတယ္။ ကၽြန္ေတာ္က ဖိအားေတြခံရတဲဲ့အခ်ိန္မွာ လြယ္လြယ္နဲ႔ လက္ေလွ်ာ့တတ္တဲ့သူမဟုတ္ပါဘူး”လုိ႔ Foxsportsasia ကို ေျပာၾကားခဲ့ပါတယ္။

ပတ္ဟန္ဆုိးဟာ ဗီယက္နမ္ယူ-၂၃ အသင္းကို ၿပီးခဲ့တဲ့ႏွစ္ ယူ-၂၃ AFC ခ်န္ပီယံရွစ္ဗုိလ္လုပြဲအထိ ပို႔ေဆာင္ေပးခဲ့သလုိ ဗီယက္နမ္လက္ေရြးစင္အသင္းကိုလည္း ၂၀၁၈ AFF ဆူဇူကီးဖလား ခ်န္ပီယံျဖစ္ေအာင္ နည္းျပေပးခဲ့သူျဖစ္ပါတယ္။ ဗီယက္နမ္ယူ-၂၃ အသင္းဟာ မတ္လ ၂၂ ရက္ေန႔မွာ AFC ယူ-၂၃ ခ်န္ပီယံရွစ္ေျခစစ္ပြဲအျဖစ္ ဘရူႏုိင္းအသင္းနဲ႔ စတင္ယွဥ္ၿပိဳင္သြြားရမွာျဖစ္ပါတယ္

[Unicode Version]
ဗီယက်နမ်လက်ရွေးစင်အသင်းကြီးနဲ့ လူငယ်အသင်းတို့ရဲ့နည်းပြ ပတ်ဟန်ဆိုးဟာ ယခုရာသီမှာ အသင်း ၂ သင်းစလုံးကို ကိုင်တွယ်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ဖိအားတွေကြောင့် လွယ်လွယ်နဲ့ အရှုံးပေးတတ်သူမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပတ်ဟန်ဆိုးက လက်ရွေးစင်အသင်းကြီးရော လူငယ်အသင်းပါ ဆက်လက်ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ၎င်းရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြခဲ့ရာမှာ ပတ်က လာမယ့် ၂၀၁၉ ဆီးဂိမ်းမှာ ပြင်ဆင်ချိန် ၅ ပတ်ပေးဖို့အတွက် တောင်းဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပတ်ဟန်ဆိုးက ၎င်းရဲ့ရည်မှန်းချက်ဟာ ရွှေတံဆိပ်ဆွတ်ခူးဖို့ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ၎င်းရဲ့တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပြီးနောက် ၂ သင်းစလုံးကို ကိုင်တွယ်ဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ကို ပြင်ဆင်ချိန် ၅ ပတ်ပဲပေး။ ရွှေတံဆိပ်ရအောင် ကျွန်တော် ကြိုးစားပေးမယ်လို့ သူတို့ကို ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ယူ-၂၃ ပြိုင်ပွဲမှာ ပြိုင်ပွဲမစခင် ၅ ပတ်ပဲ ကျွန်တော် အချိန်ရခဲ့လို့ပါ။ ကျွန်တော့်ရဲ့တောင်းဆိုချက်ကို ခွင့်ပြုလိုက်ကတည်းက ၂ သင်းစလုံးကို နည်းပြဖို့ ကျွန်တော် သဘောတူညီခဲ့တာပါ”

“အဲဒါက ကျွန်တော့်အပေါ် သေချာပေါက် ဖိအားတွေရှိလာမှာပါ။ ကျွန်တော် ပြိုင်ပွဲကြီး လေးခုကို ဖြတ်သန်းခဲ့ပြီးပါပြီ။ အဲဒီထဲက တစ်ခုကမှ မလွယ်ကူခဲ့ပါဘူး။ အားလုံးက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အမြဲတမ်းသတ်မှတ်ထားတဲ့ ပန်းတိုင်အထိ ပြည့်မြောက်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ကျွန်တော်က ဖိအားတွေခံရတဲ့အချိန်မှာ လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့သူမဟုတ်ပါဘူး”လို့ Foxsportsasia ကို ပြောကြားခဲ့ပါတယ်။

ပတ်ဟန်ဆိုးဟာ ဗီယက်နမ်ယူ-၂၃ အသင်းကို ပြီးခဲ့တဲ့နှစ် ယူ-၂၃ AFC ချန်ပီယံရှစ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့သလို ဗီယက်နမ်လက်ရွေးစင်အသင်းကိုလည်း ၂၀၁၈ AFF ဆူဇူကီးဖလား ချန်ပီယံဖြစ်အောင် နည်းပြပေးခဲ့သူဖြစ်ပါတယ်။ ဗီယက်နမ်ယူ-၂၃ အသင်းဟာ မတ်လ ၂၂ ရက်နေ့မှာ AFC ယူ-၂၃ ချန်ပီယံရှစ်ခြေစစ်ပွဲအဖြစ် ဘရူနိုင်းအသင်းနဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

29 Shares

Add a Comment

Your email address will not be published. Required fields are marked *