လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ရေငုပ်သင်္ဘောပိုင်ဆိုင်လာနိုင်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ရေငုပ်သင်္ဘောပိုင်ဆိုင်လာနိုင်ဟု
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော
=================================================

လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ရေငုပ်သဘောင်္ပိုင်ဆိုင်လာနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောလိုက်သည်။


မတ်လ ၁၈ ရက်ကကျင်းပသော တပ်မတော်ရေမှ ပင်လယ်ပြင်လေ့ကျင့်မှုအခမ်းအနားတွင် သတင်းမီဒီယာများထံ ပြောကြားခဲ့ခြင်းဖြစ်သည်။။

“ေရငုပ္သေဘာၤလား။ ဖြစ်နိုင်ပါတယ်။ ကြိုးစားနေပါတယ်။နောက် ၂ နှစ်ကနေ ၃ နှစ်အတွင်းဖြစ်နိုင်ပါတယ်။ သင်္ဘောတစ်စင်းဆောက်တယ်ဆိုတာကလည်း မလွယ်ဘူးလေ။ ရေငုပ်သင်္ဘောဆို ၆ နှစ်၊ ၇ နှစ်လောက် အချိန်ပေးရတယ်’’ ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ရေငုပ်စစ်သင်္ဘောသည် လက်နက်ကိုင်တပ်ဖွဲ့ကြီးတစ်ခုဖြစ်ပြီး ၄င်း၏စစ်ဆင်ရေးများမှာလည်း ရေအောက်ထဲတွင်သာဖြစ်၍ ကြိုတင်ပြင်ဆင်မှုများလိုအပ်သည့်အတွက် ရေငုပ်သဘောင်္ကိုင်တွယ်အသုံးပြုရန် စစ်သည်များအား အချိန် ၄ နှစ်ယူကာ သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း တပ်မတော်ရေမှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်မိုးအောင်က သတင်းမီဒီယာများသို့ဖြေကြားဖူးထားသည်။

၁၈၆၂ ခုနှစ်တွင်ရေချခဲ့သည့် Alli gator (ခေါင်းတိုမိကျောင်း) ရေငုပ်စစ်သဘောင်္သည် အမေရိကန်ရေတပ်၏ ပထမဦးဆုံးရေငုပ်သင်္ဘောဖြစ်ပြီး ပြင်သစ်အင်ဂျင်နီယာ ဘရူးတပ်ဒီဗီလာရွိုင်ကပုံစံထုတ်ပေးခဲ့ခြင်းဖြစ်သည်။
Credit
မင်းသီဟန်(အကုန်သိ သတင်းဌာန)

91 Shares

Add a Comment

Your email address will not be published. Required fields are marked *