ဖောက်ပြန်မှု အများဆုံး Game သို့မဟုတ် PUBG

ဖောက်ပြန်မှု အများဆုံး Game သို့မဟုတ် PUBG
————————————
ကိုယ့်ချစ်သူ ကိုယ့်လင်သား ကိုယ့်ကောင်မလေး ကိုယ့်ဇနီး
Game ဆော့နေတာပါဆိုပြီး လွှတ်မထားသင့်ပေ။
အထူးသဖြင့် PUBG Game ဆော့သူဆိုပါက
သေချာပေါက် အိမ်ထောင်ရေး ဖောက်ပြန်ဖို့ 95% သေချာနေသလို
မိန်းကလေးဆိုရင်လဲ 98% ဖောက်ပြန်ဖို့ သေချာနေပါပြီ
အခုက နည်းပညာတွေတိုးတက်လာတော့ အသံနဲ့ပါ အပြန်အလှန် စကားပြောလို့ရနေတော့ ပို အဆင်ပြေတာပေါ့။

( ၁ ) တိုက်ပွဲမစခင် ပန်းခြံထဲမှာ ပြေးလွှားဆော့ကစားရင် အချစ်ရဲ့ ကိုယ်ပွါး ပန်းသီးလေးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ဆော့ကစားပြီး သာယာလာကြလိမ့်မယ်

( ၂ ) ပန်းသီးနဲ့ ပစ်ပေါက်မဆော့ချင်ဘူးဆိုရင်လဲ ပန်းခြံလေးထဲမှာ ပြေးလွှားဆော့ကစားရင်း သာယာမှုကို ဖန်တီး နိုင်ပါတယ်။


( ၃ ) တိုက်ပွဲစဖို့ လေယာဉ်ပေါ်က ဆင်းရင် အတူတူဆင်းပြီး ဝေယံပေါ်မှာ အပြန်အလှန် ကျီစယ်ရင်း တိုက်ပွဲထဲရောက်။ကောင်မလေးကြိုက်တဲ့ လက်နက်တွေကောက်ပေး။ကောင်မလေးကလဲ ကောင်လေးလိုအပ်တာလေးတွေ ကောင်ပေး။သူ့အကြိုက် ကိုယ့်အကြိုက်လေးတွေမှတ်ထားရင်း သာယာကြည်နှူးကြ။

( ၄ ) လက်နက်ပြည့်စုံသွားရင်လဲ ကားလေးစီး သီချင်းသံလေးတွေ နားထောင်ပြီး သာယာမှုကို ဖန်တီးလို့ရပါသေးတယ်

‌( ၅ ) ဘဝမှာ အမြဲ Hero မဆန်ခဲ့ရတော့ Game ထဲမှာ အရမ်း Hero တွေဆန်။ကောင်မလေး အသက်ကို ကာကွယ်။ကောင်မလေးက အထင်တွေကြီး။ကောင်မလေးက ရန်သူ့လက်ချက်ကြောင့် Knock။ဒါကို အသေခံပြီး လာကယ်။လာကယ်တဲ့ကောင်ပါသေ။ကောင်မလေးက သူ့ကို ကယ်လို့ အစ်ကိုသေတယ်တွေပြော။အစ်ကိုက သေချင်သေပါစေ။ညီမကို မထားခဲ့နိုင်ဘူး Drama တွေချိုးပါလောရော။အဲ့အချိန် မိန်းမကသာ ဖုန်းဆက်ကြည့်။ငါ Game ဆော့နေတယ်လေ။ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ဖြစ်ကုန်ရော။

( ၆ ) ကောင်မလေးကလဲ Game ထဲက စောက်ရူးရဲ့ Hero ဆန်မှုတွေကို အားကိုး။Rank တက်ဖို့ အတူတူတွဲဆော့ရင်း လိုချင်တဲ့ Skin တွေကို ပူဆာ။ဟိုက Hero ကြီးကလဲ UC တွေ ဝယ်ပေး။ဒီလိုလဲ လင်ငယ်တွေ မယားငယ်တွေ ဖြစ်ကုန်ရော။

( ၇ ) ဒါကြောင့် ငါ့ယောက်ျားကတော့ မိန်းမကိစ္စကင်းတယ်။Game ပဲဆော့တာ။ငါ့ကောင်မလေးက လူရိုး။Gamer ပေါက်စလေးလို့တွေးနေရင်တော့ သင်တို့ဟာ Gamer အမည်ခံ ဖောက်ပြန်ရေးသမားတွေကို ချစ်သူတော်ထားရတဲ့ လူတွေလို့ သတ်မှတ်လိုက်ကြပါ။

( ၈ ) သင့်ချစ်သူ သင့်ဇနီးမယား သင့်လင်ယောက်ျားဟာ PUBG Game ကို စွဲလန်းစွာဆော့ကစားနေပြီဆိုရင် သေချာပါတယ်။သူဟာ Game ဆော့တဲ့သူ တစ်ယောက်ယောက်နဲ့ ဖောက်ပြန်နေပါပြီ။မယုံလျှင် သူတို့ ဖုန်းကို ယူပြီး အဲ့ Game ကို Uninstall လုပ်ကြည့်လိုက်ပါ။ဘယ်လောက် ပေါက်ကွဲပြီး သင့်ကို ဆဲဆိုမလဲဆိုတာ သင်မြင်တွေ့နိုင်မှာပါ။

မယုံမရှိပါနဲ့ မြန်မာနိုင်ငံက ယောက်ျားလေး 95% နဲ့ မိန်းကလေး 98% ဟာ PUBG ကို Game အဖြစ်ဆော့ချင်တာထက် ခပ်လွယ်လွယ်ဖောက်ပြန်လို့ရလို့ ဆော့နေကြတာပါ

Edited : မဟုတ်ပါဘူးလို့ ရှူးရှူးရှဲရှဲငြင်းရင် ဒီကောင်တွေ ဒီစကီတွေက 100% ပါ
—————————————
ထပ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ မူလပိုင်ရှင်ကို Credit ပေးပါသည်။
—————————–
#Credit..Thaw Zin Aung
—————————–

86 Shares

Add a Comment

Your email address will not be published. Required fields are marked *