ခင်ဝင့်ဝါနဲ့ မပေးစားကြပါနဲ့လို့ တောင်းဆိုလိုက်တဲ့ ဝိုင်းလေး

ချစ်စရာကောင်းတဲ့ အချစ်သီချင်းလေးတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ အဆိုတော် ဝိုင်းလေးကိုတော့ တော်တော်များများ ရင်နှီးပြီးသား ဖြစ်မှာပါ။ ဝိုင်းလေးကတော့ သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ခင်ဝင့်ဝါနဲ့ တွဲသွားတွဲလာများတာကြောင့် အချင်းချင်း ချစ်ကြိုက်နေတယ်ဆိုပြီးတော့ ကောလဟာလတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်လာတာကိုတော့ ဝိုင်းလေးက ဖြေရှင်းသွားပြီး သူ့ကိုလည်း ခင့်ဝင့်ဝါနဲ့ မပေးစားကြပါနဲ့လို့ တောင်းဆိုလိုက်ပါတယ်။

Mc နဲ့ အင်တာဗျူးမှာတော့ ဝိုင်းလေးက “နောက်ထပ်ခရီးသွားဖို့ ရှိတယ်။ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ထားတယ်ဆိုတော့လေ။ ဓါတ်ပုံတွေ တက်လာဖို့ ရှိမယ်။ ဒါပေမယ့် နှစ်ယောက်ကို မပေးစားကြပါနဲ့။ ဘာလို့လဲဆိုတော့ ဒီဖက်ခေတ်မှာလည်း ရှိကြတယ်။ ဒါပေမယ့်လည်း ကျွန်မတို့နှစ်ယောက်က မဟုတ်ပါဘူးလို့ ငြင်းနေတော့ အထင်တွေလွဲကြမယ်။ ရှင်းလေရှုပ်လေဆိုတော့လေ။ ဓါတ်ပုံတွေတက်လာပါဦးမယ်။ အဲ့ကျရင်တော့ သဘောထားဖြူစင်ကြပါ”

“ဒီလိုမျိုး သူငယ်ချင်းတွေရထားတာ အရမ်းကို ကံကောင်းတယ်လို့ မြင်တယ်။ သွားတူလာတူစားတူ တိုင်ပင်ဖော်ရတယ်ဆိုတော့ မိသားစုတယောက် ထပ်တိုးတယ်လို့ပဲ မြင်တယ်။ ပြောနေတဲ့သူတွေကတော့ ဒီလိုသူငယ်ချင်းမျိုး မရဖူးဘူးလို့ပဲ ဆိုရမှာပေါ့။ ကိုယ်ကတော့ ကြွားတယ်။ ကိုယ့်မှာရှိတယ်ပေါ့”

ခင်ဝင့်ဝါနဲ့ ပိုပြီးတော့ တူလာတယ်ဆိုတဲ့ အပေါ်မှာတော့ “ဘာဖြစ်လို့တူလာလည်း မသိပါဘူး။ တခါတလေတော့လည်း သူငယ်ချင်းတွေ ညီမတွေလည်း အနေနီးတာများရင် သူသုံးတဲ့ဟာလေးတွေ သူ့အပြုအမူလေးတွေ လိုက်လုပ်မိတဲ့အခါ တူသွားတာရှိမှာပေါ့။ ဝိုင်းလေးတို့နှစ်ယောက်က မျက်နှာကျတူကြတယ်။ တခါတလေဓါတ်ပုံတွေ တင်လိုက်ရင်ရော ဘယ်သူကဘယ်သူဆိုတာ လိုက်ကြည့်နေရတယ်။ မိတ်ကပ်ပြင်ရင်လည်း အယူအဆလေးတွေ တူကြတယ်။ မျက်နှာလုံးတာ တူလို့ထင်တယ်။ သူစားတာလည်း နောက်ပိုင်း လိုက်ပြီးတော့ စားတယ်။ အကျင့်ဖြစ်နေပြီ ထင်တယ်။ မိဘတွေကလည်း ညိှလို့ရတယ်။ သူနဲ့အပြင်သွားရင် ညီမပါရင် စိတ်ချတယ်။ ယုံကြည်မှုတွေ ရှိကြတယ်”

ကောင်လေးတွေကိုရော ကြိုက်တာချင်းတူကြလားဆိုတဲ့အပေါ်မှာတော့ “အဲ့ဒါကတော့ မတူပါဘူး။ သူကြိုက်တဲ့ အဆင်ကတမျိုး။ ကိုရီးယားမင်းသားဆိုလည်း မတူအောင် ကြိုက်ရတယ်။ သူကချစ်စရာကောင်းတဲ့ ကောင်လေးဖက်ကိုကြိုက်တယ်။ ကိုယ်ကတော့ ယောကျာ်းပီသတဲ့ဖက်ပဲသွားတယ်”

သူငယ်ချင်းကား အကယ်ဒမီဆန်ကာတင်မှာ ပါတဲ့အပေါ် “ညီမကသူ့ကို အရမ်းဖြစ်စေချင်တယ်။ နှစ်ယောက်လုံးရည်မှန်းချက်ရှိတယ်။ တူတူ အောင်မြင်ရမယ်ဆိုပြီးတော့ပေါ့။ သူအောင်မြင်သွားလည်း ညီမနောက်မှာ အားပေးနေမှာပါ။ တယောက်ကိုတယောက်လည်း အားပေးတယ်။ သူလည်းညီမကို အောင်မြင်စေချင်သလို ညီမလည်းသူ့ကို အောင်မြင်စေချင်ပါတယ်။ အစပိုင်းမှာတော့ အခက်ခဲတွေ ရှိပါတယ်။ တဖြည်းဖြည်းနဲ့တော့သူလည်း တော်လာပါပြီ။ သူ့ကြိုးစားမှု ပင်ပန်းမှုတွေ ညီမ အသိဆုံးပါပဲ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Crd:nanmalgyi

62 Shares

Add a Comment

Your email address will not be published. Required fields are marked *