ရဲအရာရှိအမျိုးသမီး အထက်အရာရှိနဲ့အတူအိပ်နေစဉ် ကားထဲတွင် ၃နှစ် သမီးငယ် အပူချိန်လွန် သေဆုံး

အမေရိကန်နိုင်ငံ မစ္စစ္စပီကမ်းရိုးတန်းရဲအရာရှိအမျိုးသမီးတစ်ဦးက သူမအထက်အရာရှိ ကြီးကြပ်ရေးမှူးနှင့် လိင်ဆက်ဆံပြီးနောက် အိပ်ပျော်နေစဉ် သူမ၏ ၃ နှစ်အရွယ်သမီးငယ်လေးမှာ အပူလွန်ကဲသော ကင်းလှည့်ကားအတွင်းပိုင်းတွင် သေ ဆုံးနေခဲ့ကြောင်း တနင်္လာနေ့ရုံးချိန်းတွင် တရားသူကြီးထံ ဝန်ခံထွက်ဆိုခဲ့သည်။

အဆိုပါရဲအရာရှိဟောင်း ကက်စီဘာကာကို တရားရုံးက ဒုတိယအဆင့် လူသတ်မှုစွဲချက်တင်ခဲ့ပြီးနောက် တနင်္လာနေ့တရားရုံးစစ်ဆေးမှုတွင် သူမအပြစ်ရှိကြောင်းဝန်ခံခဲ့သည်။ အစိုးရရှေ့နေများက ၃၉ နှစ်အရွယ် ဘာကာကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ပေးရန် တရားရုံးသို့ လျှောက်ထားခဲ့သည်။

ဟာရီဆန်ကောင်တီတိုက်နယ်တရားသူကြီး လယ်ရီဘော်ဂျီရက်စ်က အဆိုပါအမှုတွင် ရှေ့နေများတင်ပြသည့် ပြစ်ဒဏ်ထက် ပိုမိုချမှတ်ရန် စဉ်းစားသုံးသပ်နေပြီး ဧပြီလ ၁ ရက်နေ့တွင် စီရင်ချက်ချမှတ်မည်ဟု ပြောကြားခဲ့သည်။

မစ္စစ္စပီရဲဋ္ဌာနက မစ္စဘာကာနှင့် ကြီးကြပ်ရေးမှူးတို့ကိုရာထူးမှ ဆိုင်းငံ့ထားခဲ့သည်။ ကြီးကြပ်ရေးမှူးက မစ္စဘာကာ၏သမီးငယ် ကားထဲတွင် ရှိနေသည်ကို မသိခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုပြီးနောက် တရားသူကြီးက အမှုနှင့်မသက်ဆိုင်ဟု သတ်မှတ်၍ စွဲချက်တင်ခဲ့ခြင်း မရှိပေ။

Crd:original uploader

74 Shares

Add a Comment

Your email address will not be published. Required fields are marked *