ဘဏ်တစ်ခု ဒေ၀ါလီခံသွားခဲ့သော်

79 Shares

ဘဏ်တစ်ခု ဒေ၀ါလီခံသွားခဲ့သော်
==================

ရေးသူ – နှင်းကို

အသက် ၄၀ ကျော်အရွယ် ဦးသူရအတွက်တော့ သူငွေအပ်ထားတဲ့ဘဏ်တစ်ခု ဒေ၀ါလီခံတော့ မယ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်သတင်းက အတော်ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ “မနက် ဖြန် မိုးလင်းတာနဲ့ ဘဏ်ရှေ့မှာ သွားစောင့်တော့။ ရှိတဲ့ပိုက်ဆံ အကုန်ထုတ်ခဲ့” လို့လည်း သူ့ဇနီးဖြစ်သူကို စေခိုင်းခဲ့တဲ့အထိ ဦးသူရ စိတ်လှုပ်ရှားခဲ့ရ ပါတယ်။

သူတို့ရဲ့စုငွေက သိပ်များလှတယ် မဟုတ်ပေမဲ့ ဘဏ်ဒေ၀ါလီခံရင် စုငွေတွေ ဆုံးရှုံးလိမ့် မယ်ဆိုတဲ့ အသိက သူ့ကိုလွှမ်းမိုးခဲ့တယ်လို့ ဦးသူရကဆိုပါတယ်။ “ဘာပဲဖြစ်ဖြစ် ထုတ် ထားတာ အန္တရာယ်ကင်းတာပေါ့။”

ပြီးခဲ့တဲ့လပိုင်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုမှာ နာမည်ကြီးဘဏ်တစ်ခု ဒေ၀ါလီ ခံတော့မည် ဟူသည့်သတင်းတွေ ထွက်ပေါ်၊ ဘဏ်တစ်ခုပြိုလဲပါက နိုင်ငံ စီး ပွားရေး တစ်ခုလုံး ပြို လဲနိုင်’ ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပါတယ်။ Follower တစ်သိန်းကျော်ရှိတဲ့ ၎င်းစာ မျက်နှာမှ အဆိုပါ သတင်းကိုပြန်လည် မျှဝေသူ ၁,၂၀၀ ကျော်အထိရှိခဲ့ပြီး ဖေ့စ်ဘွတ်တစ်ခွင် အတော်ပျံ့နှံ့ သွားခဲ့ပါတယ်။ ၎င်းသတင်းဖော်ပြချက်ထဲမှာ ဘဏ်လုပ်ငန်းရှင်တွေဟာ ပြည် သူတွေရဲ့ အပ်ငွေ တွေကို အချင်းချင်းလှည့်ပတ် ချေးယူနေကြကြောင်း၊ အစိုးရ အပြောင်း အလဲမှာ စီးပွားရေး ကျဆင်းလာတဲ့အတွက် ၎င်းအချင်းချင်း ချေးငွေတွေရဲ့ အတိုးနှုန်းတွေ ကို ပုံမှန်မပေးနိုင်ကြကြောင်းနဲ့ ပြည်သူ့အပ်ငွေတွေ အန္တရာယ်ဇုန်ထဲကို ကျရောက်လာနေ သည် စသဖြင့် ရေးသားထားပါတယ်။

ဒါ့ပြင် အများပြည်သူရဲ့ စုငွေတွေဟာ အာမခံချက်နည်း လာတယ်လို့ဆိုထားပြီး မကြာမီ ကာလမှာ ထိန်းမရသိမ်းမရ အနေထားတစ်ရပ်ကို ရောက်ရှိသွားနိုင်ပြီး ခြုံငုံကြည့်ပါက ငွေကြေးအကျပ်အတည်း တစ်ရပ်ဆီ ဦးတည်သွားနိုင်ကြောင်း အကြမ်းဖျင်း ပြောနိုင် တယ် လို့ ဆိုထားပါတယ်။ နည်းပညာကုမ္ပဏီတစ်ခုရဲ့ Service Engineer တစ်ဦးဖြစ်တဲ့ ကိုအောင်ဇင်ကိုယ်တိုင်လည်း ဒီသတင်းကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် သိလိုက်ရတယ် လို့ဆို ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြည်မြို့မှ ကိုအောင်ဇင်ကတော့ “သတင်းအရင်းမြစ်က မခိုင်လုံတာရယ်၊ သတင်းလွှင့်တဲ့ Page (ဖေ့စ်ဘွတ်ခ်စာမျက်နှာ) ရဲ့ပုံရိပ်ရယ်ကြောင့် မယုံဘူး” လို့ပြောပါတယ်။

သတင်းစလွှင့်ကတည်းက အချို့သတင်းအချက်အလက် တွေက မပြည့်စုံတာ ရယ်၊ ထင် ကြေးပေးသလို ရေးထားတာတွေကြောင့် မှန်တယ်လို့ မခံစားရဘူးလို့လည်း ကိုအောင်ဇင် ကပြောပါတယ်။ ဒါ့ပြင် သူ့အနေနဲ့ ဘဏ်တွေ ဒေ၀ါလီခံတာမျိုး၊ ငွေကြေးတွေ ဖျက်သိမ်း တာမျိုးကို မကြုံဖူးသေးတဲ့အတွက်လည်း အခုလို အလွယ်တကူ ရင်မခုန်မိတာဖြစ်နိုင် တယ်လို့ ဆက်ပြောပါတယ်။

“ကိုယ့်စုထားတဲ့ငွေကလည်း နည်းတယ်လေ။ ပြီးတော့ ဘဏ်တွေ ဒေ၀ါလီခံတာမျိုး ကလည်း ကြုံမှမကြုံဘူးပဲ။ ရင်သိပ်မခုန်ဘူး။” လက်ရှိကမ္ဘောဇဘဏ်ရဲ့ အကြီး တန်း အကြံပေးတစ်ဦးဖြစ်တဲ့ ဦးသန်းလွင်ကတော့ ကောလာဟလတွေဟာ မကြာ ခဏဆိုသလို ဖြစ် နေတတ်တဲ့အတွက် ယခုကိစ္စမှာတော့ အထွေအထူးမပြော လိုတော့ဘဲ မကြာခင်မှာ ပြီးသွားမှာပါလို့ မှတ်ချက်ပေးထားပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဟောင်း လည်းဖြစ်တဲ့ သူ့ရဲ့အဆိုရ ဘဏ်အကျပ် အတည်း ဖြစ်တယ်ဆိုတာ အပ်နှံသူတွေက ဘဏ် တွေအပေါ် မယုံကြည်မှုဖြစ် လာခြင်းကြောင့်သာ ဖြစ်ရတာလို့ သုံးသပ်ပါတယ်။ တခြားနိုင်ငံ တွေမှာတော့ ဘဏ်တစ်ခု အကျပ်အတည်းဖြစ်တော့မယ်ဆိုရင် ကြိုတင်ပြီးဖြစ်နေတဲ့ လက္ခဏာ ရပ်တွေ ရှိပါတယ်။ ဘဏ်လက်ကျန် ငွေနည်းခြင်း၊ ချေးငွေများလွန်းခြင်း၊ ငွေဖြစ် လွယ်တဲ့ အာမခံပစ္စည်းနည်းပါးခြင်းဆိုတဲ့ ကနဦးလက္ခဏာတွေ ပြတတ်တယ်လို့ ဦးသန်း လွင်ကဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ဘဏ်တွေဒေ၀ါလီခံဖို့၊ ငွေကြေးအကျပ်အတည်းဖြစ်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ အခြေအနေပါ။ အဆင့်တွေ အများကြီးရှိပါတယ်” လို့ ၎င်းကပြောပါတယ်။ ဒါပေမဲ့ ဘဏ်အပ်သူတွေအတွက် ဘယ်လိုပဲ မလွယ်ကူတဲ့ အခြေအနေဖြစ်စေ ဘဏ် ဒေ၀ါလီခံသွားရင် သူတို့ရဲ့အပ်ငွေတွေ ဆုံးရှုံးသွားမှာကိုတော့ စိုးရိမ်နေကြဆဲဖြစ်ပါတယ်။ ကောလာဟလဆိုပေမဲ့ တကယ်ဖြစ်သွားခဲ့ ရင်ဆိုတဲ့ အတွေးကြောင့် ဦးသူရရဲ့ဇနီးကတော့ မေလ ၄ ရက်မနက်ပိုင်းက တောင်ဒဂုံမြို့နယ် သူတို့ငွေစုတဲ့ဘဏ်ခွဲရှေ့မှာ ရောက်နေခဲ့ပါပြီ။ “အကုန်ထုတ်ခဲ့တယ်လေ။ နောက်မှပြန်ထည့်လို့ရတာပဲ။ ဆုံးရှုံးသွားမှာ ကြောက်ရတယ်”။

လက်ရှိမြန်မာနိုင်ငံ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကတော့ ကောလာဟလ တွေ ကြောင့်ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ဖြစ် ငွေထုတ်ချင်သူ၊ ငွေထုတ်လိုသူ တွေများလာပါက ဘဏ်မှာရှိတဲ့ငွေနဲ့ မလုံလောက်ရင် အနီး စပ်ဆုံးတခြားဘဏ်ကနေ ဘဏ်အချင်းချင်း ခေတ္တယူပြီး ထုတ်ပေးနိုင်တဲ့စနစ်၊ အဆိုပါ အချင်းချင်း ချေးယူတဲ့ငွေနဲ့မှ မလုံလောက်အောင် ထုတ်တဲ့သူများပါက ဗဟိုဘဏ်ကနေ လိုအပ်သလောက် အချိန်မရွေး ချေးငှားထုတ်နိုင်တဲ့ စနစ် (ဥပဒေ) တစ်ရပ်ကို ပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ဘဏ်အပ်နှံငွေတွေ မည်သည့်အကြောင်းကိစ္စနဲ့မှ ဆုံးရှုံးစရာအကြောင်းမရှိပါ” လို့လည်း ဦးဝင်းသော် က သူ့ဖေ့စ်ဘွတ်မှာ ကြေညာထားပါတယ်။ မြန်မာနိုင်ငံ အတွင်း ခွင့်ပြုထားတဲ့ ဘဏ်တွေအားလုံးကို ဗဟိုဘဏ်က တာဝန်ယူ စိစစ်ကြပ် မတ်လျက်ရှိပြီး စိတ်မော လူမော ဖြစ်ကာ တစ်လတာအတိုးနှုန်းမရဖို့သာ အဖတ်တင်မှာမို့ “စိတ်ချလက်ချ အိမ်မှာသာနေ လိုက်ပါ” လို့ ၎င်းက အသိပေးထားပါတယ်။

ဘဏ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေဟာ တစ်နှစ်ကို တစ်ကြိမ်ခန့် ပုံမှန်လို ထွက်ပေါ် လာတတ်ပေမဲ့ ဘဏ်အပ်နှံသူတွေအတွက် ကောလာဟလထွက်တိုင်း စိတ်လှုပ်ရှား စေခဲ့ တာတော့ အမှန်။ ဘာကြောင့်လဲဆိုတော့ ဘဏ်အပ်နှံသူတိုင်းဟာ ဘဏ်လုပ်ငန်း အကြောင်း သိရှိနားလည်မှု အားနည်းလွန်းတဲ့အတွက် ဖြစ်ကြောင်း ယူနိုက်တက်အမရာ ဘဏ်မှ စီးပွားရေးအရာရှိချုပ် ဒေါ်ကျော့ကေခိုင် က ပြောဖူးပါတယ်။

“အခုဘဏ်အကောင့်ရှိတဲ့သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဘဏ်သဘောကို ကောင်း ကောင်း နားမလည်ကြဘူး။ ဘဏ်စနစ်နဲ့ပတ်သက်ပြီး ပြည်သူပညာ ပေးတဲ့အပိုင်းမှာ အစိုးရရော၊ လုပ်ငန်းရှင်တွေမှာပါ အားနည်းနေတယ်”။

အခုကောလာဟလအပြင် မကြာသေးခင်ကလည်း တခြား ဘဏ်ကောလာဟလတွေ ဖြစ်ခဲ့ဖူး ပါတယ်။ ဖြစ်တိုင်း လည်း ငွေပြန်ထုတ်သူတွေနဲ့ စည်ကားခဲ့ပါတယ်။ ဒေါ်ကျော့ကေခိုင်ကတော့ သူ့အတွေ့ အကြုံအရ “အချိန်ဆွဲနေလို့မဖြစ်ဘူး။ သူတို့ ထုတ်ချင်သလောက်ကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ပြန်ထုတ်ပေးခြင်းအားဖြင့် သူတို့ရဲ့ယုံကြည်မှုကို ပြန်တည်ဆောက်ရ တယ်” လို့ အကြံပြုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဦးသန်းလွင်ပြောသလို မလွယ်ကူတဲ့ကြားက “ဘဏ်တစ်ခု ဒေ၀ါလီ ခံသွားခဲ့ရင်၊ ငွေအကျပ်အတည်း ဖြစ်သွားခဲ့ရင် အပ်ငွေတွေ ဆုံးရှုံးရမှာလား” ဆိုတဲ့ မေးခွန်းကတော့ ဘဏ်မှာငွေစုသူတိုင်းအတွက် ကျန်ရှိနေဆဲပါ။ ဒီမေးခွန်းကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ကမ္ဘောဇဘဏ်ရဲ့အကြီးတန်း အကြံပေးလည်းဖြစ်တဲ့ ဦးသန်း လွင်ကို ချဉ်းကပ် မေးမြန်းကြည့်တော့ သူ့အနေနဲ့ တခြားနိုင်ငံတွေမှာ အစိုးရ (ဗဟိုဘဏ်) ကိုယ်တိုင်က အပ်ငွေပမာဏအလိုက် အချိုးချပြီး စိုက်ထုတ်ပေးလေ့ ရှိတယ်လို့ဖြေကြား ပါတယ်။ “မြန်မာနိုင်ငံမှာတော့ အဲဒါမျိုး မရှိသေးဘူး” လို့ပဲ သူကပြောပါတယ်။

#MyanmarB2BManagementMagazine/June2017

79 Shares

Add a Comment

Your email address will not be published. Required fields are marked *