ရဲစခန်းအတွင်း မြေကျင်းတူးရာမှ စစ်ကျန်ဗုံးသီးအဟောင်း ၄၉၂ လုံး တွေ့ရှိ

58 Shares

ရဲစခန်းအတွင်း မြေကျင်းတူးရာမှ စစ်ကျန်ဗုံးသီးအဟောင်း
၄၉၂ လုံး တွေ့ရှိ
======================================

ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့မရဲစခန်းဝန်းအတွင်း အဆောက်အဦးသစ်ဆောက်လုပ်ရန် မြေကျင်းတူးရာမှ စစ်ကျန်ဗုံးသီးအဟောင်း ၄၉၂ လုံးတွေ့ရှိခဲ့ကြောင်း လက်ပံတန်း မြို့မရဲစခန်းမှသိရသည်။


လက်ပံတန်းမြို့ မြို့မရဲစခန်းဝန်းအတွင်း ၄ ခန်းတွဲ ၂ ထပ်အဆောက်အဦး ဆောက်လုပ်ရန် မတ်လ ၁၉ ရက်က အဆောက်အဦးဟောင်းကို ဘက်ဟိုးဖြင့် ဖြိုချ မြေတူးရာတွင် အရှည် ၁၂ လက်မ လုံးပတ် ၉ လက်မ ခန့်ရှိ သံချေးတက်နေ သော ဗုံးသီးဟောင်း ၈၈ လုံး နှင့်
လက်ပစ်ဗုံး ၂၉ လုံး တွေ့ရှိခဲ့ရာမှဆက်လက်ရှာဖွေရာ မတ်လ ၂၁ ရက် နံနက်ပိုင်း တွင် ဗုံးသီးနှင့် လက်ပစ်ဗုံးမျိုးစုံ စုစုပေါင်း ၄၉၂ လုံး ကိုထပ်မံ တူးဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကျန်ဗုံးသီးဟောင်းများကို မင်းလှမြို့နယ် စိန်ကန့်လန့်ရှိ ခလရ – ၁ ကို အပ်နှံထားပြီး ရှာဖွေမှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်းသိရသည်။

swh(ဓာတ်ပုံ-ရဲတပ်ကြပ်ကြီး ကိုသက်)

58 Shares

Add a Comment

Your email address will not be published. Required fields are marked *