နှစ်​ရက်တာမီးလောင်ကျွမ်းခဲ့တဲ့ရေနံလျှံကျင်းကနေ ရေနံများဆက်လက်လျှံထွက်လျှက်ရှိနေ

မကွေးတိုင်းဒေသကြီးမင်းလှမြို့ထန်းကိုင်းရေနံမှော်မှာ နှစ်ရက်တာမီးလောင်ကျွမ်းခဲ့တဲ့ရေနံလျှံကျင်းကနေ ရေနံများဆက်လက်လျှံထွက်လျှက်ရှိနေ
မတ်လ ၁၇၊ ၂၀၁၉

ထန်းကိုင်းေ၇နံမှော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက နာရီပေါင်း ၃၄နာရီကြာမီးလောင်ကျွမ်းခဲ့ပေမယ့် လည်းရေနံတွေဆက်လက်ထွက်ရှိနေပါတယ်။
ဒါကြောင့် ထန်းကိုင်းရေနံမြေမှာ ရေနံလက်ယက်တွင်းတူးဖော်လိုသူများထပ်မံရောက်ရှိလာကြပြီး ဆီဝယ်ယူလိုသူများဖြင့် စည်ကားလျှက် ရှိနေပါတယ်။
လက်ရှိရေနံလက်ယက်တွင်းအသစ်တူးဖော်နေသည့် ကရောင်းစက်ကျင်းတွင်စက်လှည့်အလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသည့်ပခုက္ကူမြို့မှကိုကျော်ရဲကို ကလက်ရှိနေရာတွင်ရေနံပေါက်အားကောင်းပါက နောက်တစ်နေရာသို့ဆက်လက်လုပ်ကိုင်သွားမှာလို့ပြောပါတယ်။
ဒါ့အပြင်ထန်းကိုင်းရေနံမှော်မှာ ဝပ်ရှော့ တွင်ခုံဆိုင်များနဲ့ရေနံတူးဖော်ရာတွင်အငှါးလိုက်တဲ့ ကရောင်းစက်ကြီးတွေထပ်မံရောက်ရှိလာကြ တာကိုလည်းတွေ့ရှိရပါတယ်.. လူသူအများဖြင့်စည်ကားလာတဲ့ထန်းကိုင်းရေနံမြေမှာ အဆောက်အဦးသစ်များဆောက်လုပ်နေကြတဲ့အတွက် ရေနံမြေကဝါး၊သက္ကာယ်ဆိုင်တွေမှာရောင်းအားတက် နေကြပါတယ်။

လက်ရှိထန်းကိုင်းရေနံမှော်ကြီးရေနံတူး ဖော်ကြသူများဖြင့်စည်ကားနေသည်မှာထန်းကိုင်းရေနံမြေ ပေါ်ပေါက်စဉ်ကအခြေအနေမျိုးကိုမမှီသေးကြောင်း ထန်းကိုင်းကျေးရွာဒေသခံဦးကြည်လှိုင်မြင့်က ပြောပါတယ်။

မင်းလှမြို့ကထန်းကိုင်းရေနံမှော်ဟာ ၂၀၀၃ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး၂၀၀၆ခုနှစ်မှာအစိုးရမှ သိမ်းဆည်းခြင်းကိုခံခဲ့ကြရတဲ့ရေနံမှော်တစ်ခုဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာအများပြည်သူအားရေနံလက်ယက်တွင်းများပြန်လည်တူးဖော်ခွင့်ပြုခဲ့ပါတယ်။

သတင်း – သက်နောင်
#MyanmarInsights
#Oilfield

37 Shares

Add a Comment

Your email address will not be published. Required fields are marked *