ဘုန်​ကြီးလူထွက်​ပဲရှာယူ​တော့မယ်​တဲ့ ဟီးဟီး

67 Shares

[ ဘုန်းကြီးလူထွက်​ပဲ ယူမယ်​ ]
_____________________

” ဘာလဲ? ​လျှောက်စမ်း ”

`တပည့်​​တော်​ ​ယောက်ျားယူရင်
ဘုန်းကြီးလူထွက်​ရှာယူမှာ `

” ဟာ — မသာမ​​လေး။
စော​စောစီးစီးကွာ
ငရဲကြီး​အောင်​ ​ပြောပြန်​ပြီ ”

` ဘာလို့ ငရဲကြီးမှာလဲ?
လူထွက်​ကိုရှာယူတာ။
တပည့်​​တော်​​ကြောင့်​ လူထွက်​ရတယ်​ဆိုတစ်​မျိုး​ပေါ့။
တပည့်​​တော်​က လူထွက်​ပြီးသားကို ရှာယူမှာ​ပြောတာ `

” ​နေပါဦး ညည်းက
ယောက်ျား​တွေ ဒါ​လောက်​​ပေါများ​နေတဲ့​ခေတ်​မှာ ဘာလို့ ငါတို့ဘုန်းကြီးလူထွက်​ကို ယူမှာလဲ ?
ဘုန်းကြီးလူထွက်​ ​ပေါ့ပျက်​ပျက်​ဆိုတာ
မကြားဖူးဘူးလားဟင်​ ညည်းက။
ငါ — ဖြတ်​ရိုက်​လိုက်​ရ ”

` ကြားဖူးတယ်​ ကြားဖူးတယ်​။
ကြားဖူးတာမှ ဟိုးငယ်​ငယ်​​လေးကတည်းက​။
အဲဒီဘုန်းကြီးလူထွက်​ ​ပေါ့ပျက်​ပျက်​ဆိုတာ ဘုရားရှင်​လက်​ထက်​က ​ပြောတာ။
အခုက ဘုရားရှင်​လက်​ထက်​ မဟုတ်​​တော့ဘူး။
နေရာတကာ ဘုရားရှင်​လက်​ထက်​ကြီးနဲ့ ကိုင်​မ​ပေါက်​နဲ့ – ကိုယ်​​တော်​။
မ​ကောင်းဘူးထင်​တဲ့အရာ​တွေကျ​တော့ ဘုရားရှင်​လက်​ထက်​နဲ့ ကိုင်​တုတ်​ကြတယ်​။
ကောင်းတဲ့လမ်းစဉ်​​တွေကျ​တော့ ဘုရားရှင်​လက်​ထက်​ကလို
လိုက်​နာတာလည်း မဟုတ်​ဘူး `

” အမ​လေးဟဲ့!
နင်​က ငါ့ထက်​ တတ်​​နေပါလား ”

` မတတ်​ပါဘူး ကိုယ်​​တော့်​​လောက်​။
စာအုပ်​​တွေဖတ်​လို့ သိတာပါ `

” ငါ​မေးတာကိုပဲ ​ဖြေ။
ဘာလို့ ဘုန်းကြီးလူထွက်​မှ ​ရွေးယူမှာလဲ ”

` ဒီမှာ ကိုယ်​​တော်
ဘုန်းကြီးလူထွက်​ဆိုတာ
ဘုန်းကြီးဘဝတုန်းက
ကပ်​ရာဟင်းနဲ့ စားခဲ့ဖူးလို့
လူထွက်​လာရင်​လည်း
ဟင်း​ချေးမများဘူး။
ဘုန်းကြီးလူထွက်​ဆိုတာ
မြို့ကြီးပြကြီးမှာ မိ​ဝေးဖ​ဝေးနဲ့
တစ်​​ပါးတည်း ​နေခဲ့ဖူးလို့
ကိုယ်​ကျန်းမာ​ရေးကိုယ်​ ဂရုစိုက်​တတ်​တယ်​။
ဘုန်းကြီးလူထွက်​ဆိုတာ
ဘုရားစာ​တွေသင်​ခဲ့ရလို့
ကုသိုလ်​ အကုသိုလ်​ကို
သာမန်​လူ​တွေထက်​ ပိုသိတယ်​။
ကျန်​​သေးတယ်​ —
သူတို့စိတ်​​တွေက အမြဲတမ်း နူးညံ့လို့
သူတို့ရဲ့လက်​အစုံက ကြင်​နာတတ်​တယ်​။
ဒါ့​​ကြောင့်​ တပည့်​​တော်​က
ယောက်ျားယူရင်​ ဘုန်းကြီးလူထွက်​ပဲ ယူမယ်​​ပြောတာ `

” အေး​ပေါ့ဟာ။
လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေနဲ့
ခံယူချက်​အဖုံဖုံ​ပေါ့!
နင်​​ပြောမှပဲ
အရမ်းတည်​ငြိမ်တဲ့ငါ​တောင်
အခုချက်​ချင်း လူထွက်​ချင်​စိတ်​​ပေါက်​​တော့တယ်​။ 😜
နေဦး လူထွက်​ချင်​တဲ့ ငါ့​ဘော်​ဒါ​တွေဆီ
ဖုန်းဆက်​ဦးမှ —- 😜

` ကိုယ်​​တော်​​နော်​ ` 😞

______________________________

သူ​ပြောမှပဲ
ဟင်း​ချေးမများတတ်​တာ၊
ကိုယ့်​ကျန်းမာ​ရေးကိုယ်​ ဂရုစိုက်​တတ်​တာ၊
ကုသိုလ်​ အကုသိုလ်​ ခွဲခြားပြီးသိတာ၊
ကြင်​နာတတ်​တာ​တွေကို
ပြုံးပြုံးကြီးကြီးနဲ့ ဟုတ်​ပါလားလို့ သတိထားမိတယ်​။ 😜

အရှင်​ဣန္ဒာစရိယ (​တောင်​ဦး)

67 Shares

Add a Comment

Your email address will not be published. Required fields are marked *