#ဆေးရုံတက်ကြမလား ဒါ​လေး​တောဖတ်​ထား

#ဆေးရုံတက်ကြမလား

လူနာတိုင်း ဆရာဝန်ဆရာမ မဖြစ်ဖူးပေမဲ့ ဆရာဝန်ဆရာမတိုင်း လူနာဖြစ်ဖူးပါတယ်။ကိုယ်ချင်းစာတတ်ပါတယ်။ ဒါပေမဲ့ အဆင်မပြေမှုတွေအများကြီးနဲ့ အလုပ်လုပ်ရတဲ့အခါ အထစ်အငေါ့တွေများလာ နားမလည်တတ်ယောင်ကားတွေများလာတဲ့အခါ ပေါက်ကွဲထွက်လာကြပါတယ်။ ကျနော်တို့ မသိလို့ပြောမိတာပါမဖြစ်ရအောင် စာများများဖတ်ဖို့ လိုပါတယ်။ဥပမာ Dr Tint Sweစာတွေလိုမျိုး။

ဆေးရုံတက်ဖို့ စာရင်းသွင်းနေတာ အကြာကြီး

ဆေးရုံတက်ဖို့ ဟိုမေးဒီမေးနဲ့ မပြီးနိုင်ဘူး ဟိုမှာ လူနာက ဟစိဟစိနဲ့ သေတော့မယ် လူနာရှင်တွေတော်တော်များများ မကျေနပ်တဲ့အချက်ပါ။ဟုတ်ပါတယ် ကျနော်တို့ဆီမှာ လူတယောက်နာမည်ရေးလိုက်ရုံနဲ့ အချက်အလက် dataတွေ အလိုလိုရနိုင်တဲ့ ကွန်ပြူတာစနစ် မရှိပါဘူး။လူနာတယောက်ဆေးရုံတက်မယ်ဆိုရင် ပုံစာံရွက်တွေမှာဖြည့်ရတာ ၅မိနစ်လောက်ကြာနိုင်ပါတယ်။တချို့အရေးပေါ်နဲ့ ပြင်ပလူနာဌာနဆရာဝန်ဆရာမတွေတော့ ပါးပါတယ်။အသည်းအသန်လူနာဆို စာရွက်တွေ နောက်မှ စောင့်ယူခိုင်းပြီး လူနာကို ကုသဆောင်တွေဆီ အရင်ပို့ခိုင်းကြပါတယ်။

လျှောက်မေးနေတာပဲ ပြီးတော့ ဟိုစမ်းဒီနှိုက်နဲ့ ဆေးလဲချက်ချင်းမကုပေးဘူး

လူနာတယောက်ကို ရောဂါကုမယ်ဆိုရင် အသက်ဘယ်လောက်လဲ ဘယ်လိုဖြစ်တာလဲ ဘယ်လောက်ကြာပြီလဲ အရင်ကဘာရောဂါဖြစ်ဖူးလဲ အရက်သောက်လား ဆေးလိပ်သောက်လား စသဖြင့် ရာဇဝင်ယူရပါတယ်။ အရင်က ဆေးကုမှတ်တမ်းတွေရှိရင် ပြန်တောင်း ကြည့်ရပါတယ်။သွေးပေါင်ချိန်တာမျိုး ဆီးချိုဖောက်တာမျိုး နားကြပ်နဲ့နားထောင် ဗိုက်ကို လက်နဲ့ နှိပ် အီးစီဂျီဆွဲ လိုသလို စမ်းရပါတယ်။ ဒီအချက်တွေပေါ် မူတည်ပြီး ရောဂါနာမည်တပ်တာ ဒါမှမဟုတ် ဆေးကုသရင် ပိုတိကျတဲ့ ကုသမှုကို လူနာ ရရှိမှာပါ။

သွေးတွေစစ်ရတာ ဓာတ်မှန်ရိုက်ရတာ ပိုက်ဆံကုန်တယ် မစစ်ရင်မကုတတ်တော့ဘူးလားမသိ

ရောဂါကုတဲ့နေရာမှာ သွေးစစ် ဆီးစစ် အသားစယူ စတဲ့
စစ်ဆေးမှုinvestigationလဲ အရေးကြီးပါတယ်။ဥပမာ ဖောယောင်လူနာ သွေးမစစ်ဘဲ ဒါကတော့ နှလုံးရောဂါ ဒါကတော့ ကျောက်ကပ်လူနာ စသဖြင့် ဒီကဆရာဝန်တော်တော်များများကုသနိုင်ပါတယ်။ဒါပေမဲ့ ဓာတ်မှန်ရိုက်မှ သွေးစစ်မှ ရောဂါနာမည်တပ်တဲ့အခါ ကုသမှုပေးတဲ့အခါ တိကျမှုရှိပါတယ်။ရောဂါအခြေအနေ တိုးတက်မှုရှိမရှိ အဖြေတွေ နှိုင်းယှဉ်ကြည့်လို့ ရပါမယ်။စက်ကိရိယာပိုင်းမှာ
နိုင်ငံတကာနဲ့ ပြတ်ကျန်နေတဲ့ထဲကမှ အကောင်းဆုံးဖြစ်အောင် လုပ်နေကြတာပါ။

ဆေးတွေမတည့်တတ်ဘူးဆိုရင် ဘာလို့ထိုးလဲ

ဆေးရုံတွေမှာ ထိုးနေတဲ့ဆေးတွေဟာ ဆေးမတည့်ခြင်းallergyဖြစ်ဖို့ရာခိုင်နှုနိးများပါတယ်။မတည့်တတ်ရင် ဘာဖြစ်တတ်လဲဆိုတော့ သေတတ်ပါတယ်။အဲ့ဒါဆို မထိုးနဲ့ပေါ့ ဆိုတော့ ပြောပြပါ့မယ်။ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေဝင်ရင် ဥပမာ ဆိုင်ကယ်မှောက် ခြေကျိုးအသားပဲ့ မီးလောင် စသဖြင့်ဒဏ်ရာတွေမှာ ပိုးသတ်ဆေးမထိုးရင် ပြည်တည် အနာမန်းဝင် သေတဲ့အထိ ဖြစ်တတ်ပါတယ်။ဒီပိုးတွေ သတ်ဖို့ ပိုးသတ်ဆေးထိုးရပါတယ်။လူတိုင်းတည့်ပေမဲ့ တယောက်တလေမတည့်တာဖြစ်တတ်ပါတယ်။အဲ့လိုမဖြစ်ရအောင် လက်မှာ ဆေးစမ်း test လုပ်ပြီးမှ ထိုးတာတောင် တခါတလေ ထ ဖြစ်တတ်ပါသေးတယ်။

ခွဲရမဲ့ဟာ ချက်ချင်းခွဲမပေးဘူး

နှစ်ပေါင်းများစွာ အိမ်မှာ မွေးထားတဲ့ အသားပို အကျိတ်ဖုတွေကို ချက်ချင်းလာပြလို့ ချက်ချင်းခွဲမပေးပါဘူး။ဒါမျိုးကို elective ကြိုတင်ပြင်ဆင် ပြီးမှ ခွဲပါတယ်။ဥပမာ အသက်ကြီးလူနာ အူကျတာ၃နှစ် ဓာတ်မှန်ရိုက် အီးစီဂျီဆွဲ သွေးစစ် သမားတော်နဲ့ပြပြီး ဒီလူနာသည်ခွဲစိတ်ရန်သင့်တေိာသည် ဆိုမှ ခွဲခန်းဝင်ရတာပါ။ မသင့်တော်ဘဲ အတင်းခွဲခန်းထဲဝင်ရင် မေ့ဆေးထုံဆေးနဲ့ ကြွသွားနိုင်ပါတယ်။ဓားနဲ့ထိုးလို့ အူပေါက်လာ အရင်ခွဲမွေးထား ချုပ်ရိုးနာလို့လာ အဲ့လိုဆိုရင်တော့ တခါတလေ သွေးအဖြေတချို့မရလဲ အသက်အန္တရာယ်ရှိလို့ ချက်ချင်းခွဲခန်းဝင်emergency ရပါတယ်။

ခွဲလို့ သေသွားတယ်လေ

ဆေးလောကမှာ ခွဲလို့သေရင် အရေးယူခံရပါတယ်။ သို့သော် ရောဂါက မခွဲရင် သေမယ် ခွဲရင်လဲသေနိုင်တယ်ဆိုတဲ့အခြေအနေ ဆိုရင် ဘယ်လိုလုပ်ရမလဲ။ ဒီလိုအခြေအနေမှာ လူနာရှင်ကို ရှင်းပြကြပါတယ်။လက်မှတ်ထိုးခိုင်းတယ်ဆိုတာ ငါတို့ ဒီလူနာကို သတ်မယ် သဘောတူလား ဆိုတဲ့ပုံစံ မဟုတ်ပါဘူး။ ဥပမာ နေရာလွဲသန္ဓေတည် ပေါက်ထွက်ectopic rupture သွေးပေါင်ကျ ဖြူဆုတ်ပီး ရောက်လာတယ်။သွေးတွေ လေး ငါးလုံး သွင်း နည်းနည်းစိတ်ချရပီဆိုတာနဲ့ ခွဲခန်းချက်ချင်းတက်ပါတယ်။ဒီလိုရောဂါက မခွဲရင် သေဖို့သေချာ။
တချို့လူနာတွေဟာ နဂိုရှိပီးသားရောဂါဒဏ် မခံနိုင်ဘဲ သေသွားတတ်ပါတယ်။ ဒါတွေကြောင့် သမားတော်က သင့်တော်တယ်မပြောရင် လူနာရှင်သဘောမတူရင် လုံးဝ မခွဲတာပါ။

ဆေးတွေ ဝယ်ခိုင်းသေးတယ်

ဆေးရုံတွေမှာ ဆေးပြတ်နေတာကြာပါပြီ။သူငယ်ချင်းတိုက်နယ်ဆရာဝန်တယာက်ဆို ပုလင်းကြီးတွေ ကုန်သွားပြီ ဖြစ်ကြောင်း နယ်သူနယိသားတွေကို ဖေ့စ်ဘုတ်ကနေ အသိပေးအကြောင်း ကြားပါတယ်။ (ပိုင်တယ်နော်) ဒီလိုဝယ်ခိုင်းရတာ လူနာ့အတွက်ပါ ။အခမဲ့ ဆိုတဲ့ဟာကို မယုံစားကြဖို့ ပြောချင်ပါတယ်။ ပိုကိဆံအများကြီးတောင်းတဲ့ ဆေးရုံတွေလဲ တကယ်ရှိနေသေးလို့။

ဓာတ်မှန်ရိုက်ဖို့ စောင့်ရတယ်။မီးပျက်ရင် မီးစက်နှိုးလေ

မီးပျက်နေရင် ဓာတ်မှန်ရိုက်လို့မရပါဘူး။ပြီးတော့ အရေးပေါ်အခြေအနေမဟုတ်ရင် ချက်ချင်းမရိုက်ရလို့လဲ ဘာမှမဖြစ်ပါဘူး။ ရင်ဘတ် ဝမ်းဗိုက် ဒါးထိုးခံရ အူ အဆုတ်နံရံ ပေါက်မပေါက်သိချင်ရင်တော့ ချက်ချင်းရိုက်ရပါတယ်။ သေတတ်လို့ပါ။
အရိုးကျိုးတဲ့တချို့ဆိုရင်တောင် ဓာတ်မှန်ချကိချင်းမရိုက်လို့ သေမသွားနိုင်ပါ။မီးစက်ယ်လေ နှိုးလေ ဆိုတော့ ကျနော့်သူငယိချင်းတိုက်နယ်ဆရာဝန်တယောက် ထရန်စဖော်မာ ထိုင်ထားတာ တလ၈၀၀၀၀ မီတာခကျလို့ စိတ်ညစ်နေပါတယ်။ဓာတ်ဆီဖိုး လူနာတွေဆီက ကောက်ရင်လဲ အတိုင်က ခံရဦးမယ်။

အထူးကုပြင်ပလူနာ specialist opd နေ့တိုင်းမကြည့်ပေးဘူး အချိန်ကျော်ရင်လဲမကြည့်ပေးဘူး


ပုံမှန် opd ဆရာဝန်ကတော့ ပြင်ပလူနာ ၂၄နာရီကြည့်ပေးရပါတယ်။အထူးကုတွေအတွက်ကတော့ သတ်မှတ်ထားတဲ့ရက် ဘယ်နှနာရီကနေ ဘယ်နှနာရီအထိဆိုပီးပဲ ကြည့်ပေးပါတယ်။နေ့တိုင်း တနေကုန်ကြည့်ပေးနေရင် ခွဲဖို့စိတ်ဖို့ ကုသဆောင်ထဲက လူနာတွေကြည့်ဖို့ အစည်းအဝေးတက်ဖို့ ဆရာဝန်အငယ်တွေကို သင်ကြားဖို့ အချိန်ဘယ်ပေးနိုင်ပါတော့မလဲ။

တကယ်ပြောမယ်ဆို အများကြီးကျန်ပါသေးတယ်။ လူနာဖက်က အဆင်မပြေတာလဲ သိပါတယ်။ ကျနော်တို့မှာလဲ ကိုယ့်ဒုက္ခနဲ့ကိုယ်ပါ။ဒီစာမှာတော့ တခွန်းမှ မညည်းဘဲ လက်ရှိအခြေအနေတွေပဲ ရေးပြတာပါ။နိုင်ငံသစ်ကို လက်ခံတယ်ဆိုရင် နိုင်ငံသစ်ရဲ့ မွဲတေမှု အဆင်မပြေမှု ကို နားလည်ရမှာပါ။ပါးစပ်ကပဲ ပြောင်းလဲလို့ မရပါဘူး။ အတွေးအခေါ်တွေပါ ပြောင်းလဲမှ ရမှာပါ။ထစ်ခနဲ ရှိ ဆဲလိုက်မယ် တိုင်လိုက်မယ် ကျမတို့ မသိလို့ပါ ဆိုတဲ့ စိတ်မျိုးတွေကောပေါ့။

Credit – Shein Htay
Dec 14, 2016

58 Shares

Add a Comment

Your email address will not be published. Required fields are marked *