တစ်သက်မှာတစ်ခါ ကြုံတောင့်ကြုံခဲထူးထူးခြားခြားကျင်းပတဲ့ဘုရားပွဲကိုရုပ်ရှင်အဖွဲ့သားတွေနဲ့ အတူရောက်ရှိခဲ့တဲ့ဦးကျော်သူ

107 Shares

ချ စ် ပရိတ်သတ်ကြီးရေ… ဟိုးအရင်ကတည်းက ရုပ်ရှင်အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ဦးကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ရုပ်ရှင်လောကမှာဘုရင်

တစ်ဆူလိုနေရာယူနေခဲ့ပြီးတော့သူရဲ့ရုပ်ရှင်ဇာတ်ကားတွေတိုင်းကလည်းပရိတ်သတ်တွေအသည်းစွဲဖြစ်ပြီး အခုထိအောင်မြင်နေဆဲပါပဲနော်။

အခု တစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖနိတီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။

ဦးကျော်သူဟာအခုတစ်ခါမှာတော့သရုပ်ဆောင်အပြင်ကိုကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုရိုက်ကူးပုံဖော်လျက်ရှိပါတယ်နော်။

သူဟာ လက်တလောမှာတော့ ဂမ္ဘီရမျက်လုံးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်အလင်းရောင် ရွှေသမီး ထူးအောင်နဲ့ အတူ အခြားသော လူငယ်သရုပ်ဆောင်များစွာနဲ့ ပူးပေါင်းဖန်တီးလျက်ရှိပါတယ်နော်။

မိသားစုရဲ့ အဝေးမှာ အလုပ်တွေ အရမ်းကို ကြိုးစားနေတဲ့ ကျော်သူ ဟာ အခုတစ်ခါမှာလည်း ရှမ်းပြည်ဘက်မှာ ရုပ်ရှင်သွားရိုက်ရင်းနဲ့ ရှမ်းပြည်တောင်ပိုင်း လုံးပျဉ်ရွာမှာ တပေါင်းလပြည့် ” မြသိန်းတန် ဘုရားပွဲ”နဲ့ ကြုံတွေခဲ့ရပါတယ်နော်။ ထူးထူးခြားခြားပဲ မြင်ရခဲလှတဲ့

ဒုံးလွှတ်ပွဲလည်းပါဝင်ခဲ့တဲ့အတွက် ဒေသခံ ပအို့တိုင်းရင်းသားတွေနဲ့ အတူ ဦးကျော်သူတို့ရုပ်ရှင် အဖွဲ့သားတွေဟာ ပျော်ပျော်ရွှင်ရွှင်ပါဝင် ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ် ချစ်ပရိတ်သတ်ကြီးရေ…

Source : Kyaw Thu

107 Shares

Add a Comment

Your email address will not be published. Required fields are marked *