Copyမပါဘဲဇာတ်​ကားကိုဒီလိုရိုက်​ရတယ်

17 Shares

😥
ဇာတ်လမ်းအကျဉ်းက ဒလို . .

မင်းသမီးက ကြံ့ဖွတ်
မင်းသားက ဒီမို

အာ့တော့ မိဘတွေက သဘောမတူ
ထုံးစံအတိုင်း ခိုးပြေးကြတော့
လမ်းမှာ YBS ကားကတိုက်. .

ဒဏ်ရာနဲ့လဲနေတုန်း
ဒရိုင်ဘာနဲ့ စပယ်ရာက
သူတို့ ထမင်းအိုးရိုက်ခွဲလို့ ဆိုပြီ
ဖနောင့်နဲ့လာပေါက်​တော့
ထွက်ပြေး ဒဏ်ရာက ထင်သလောက်မပြင်း

ဒါပေမယ့်
လူတွေက
အမှုပတ်မှာစိုးလို့ မကူညီပဲ
ဝိုင်းကြည့်နေကြတော့
မင်းသမီးနဲ့ မင်းသားက ဆေးရုံရောက်တော့
သွေးလွန်နေပြီ
အာ့နဲ့ သွေးသွင်းရမယ့်ဆိုတော့
သွေးလှူမယ့်သူ နှစ်ယောက်
အသန်းအသန်ရှာ

အာ့မှာ
အာ့လူနှစ်ယောက်က
မျိုးချစ်ဆိုတော့ မင်းသမီးကိုပဲ သွေးလှူ

မင်းသားကို မလှူနိုင်ဘူးဆိုတော့ မင်းသားမှာ သွေးထွက်လွန်ပြီး
လက်တဖက် ခြေထောက်တဖက် ဖြတ်လိုက်ရတယ်. .

မင်းသမီး မိဘတွေက သူတို့သမီးကို ပြန်ခေါ်သွား
မင်းသားလည်း မင်းသမီးကို စိတ်နာ. .

အာ့နဲ့ မသန်မစွမ်းဘွနဲ့ ကြိုးစားလိုက်တာ
ဆယ်နှစ်ခန့်ကြာသောအခါ
လွှတ်တော် အမတ်ဖြစ်သွား

အာ့မှာ လွှတ်တော်ထဲ ပြန်တွေ့ကြတော့

မင်းသမီးက ပြိုင်​ဖက်ပါတီရဲ့
လွှတ်တော် ကိုယ်စားလှယ်
တျောက်နဲ့တျောက် အပြိုင်​ အဆိုင်ပေါ့

ဇာတ်သိမ်းမှာ မင်းသားက
တိုင်းပြည်အတွက် အရေးကြီးတဲ့
အဆိုတရပ်အနေနဲ့ . .

တထောင့်ငါးရာ အချစ်ဟာ
ငါးရာ နှစ်ဆယ့်ရှစ်ထက်လေးနက်ကြောင်း
အဆိုတင်သွင်း

မင်းသမီးက မျက်ရည်တွေနဲ့ အာ့အဆိုကို ကန့်ကွက်

နောက်ဆုံးမှာ မင်းသားက
အလျော့ပေး

မင်းသမီး နားလည်သွားပြီး
ဆာဖာရီဥယျဉ်မှာ ချိန်းအတွေ့

တျောက်နဲ့ တျောက် ဖက်ဖို့
စလိုးမိုးရှင်းနဲ့ ပြေးအလာ

မင်းသားဂျိုင်းထောက်က မြွေပွေးကို ထောက်မိ

အာ့မှာ စိတ်ဆိုးဆိုးနဲ့ မြွေက
အကောင်းကျန်တဲ့ ခြေတဖက်ကို ထကိုက်တော့ မင်းသားဂန့်. .

မင်းသမီးက ရင်ကွဲနာကျသေ. .

သူတို့နှစ်ယောက်ရဲ့ အဖြစ်ကို သနားကြပြီး

နောက်ဆုံးမှာ

ဒီမိုနဲ့ ကြံ့ဖွတ် ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးသွားး
နားလည်မှုနဲ့တိုင်းပြည်ကိုအလှည့်ကျစီ အုပ်ချုပ်သွား

အဆုံးသတ်မှာ
ပြည်သူတွေက လမ်းပေါ်မှာ

ခွက်လေးတွေ ဆွဲလို့ . .

(သင်္ကြန်​မှာ ရေလောင်းကြတာ ပြောပါဒယ်. .)ခ်ခ်

ဒီလို ကားမှ အကယ်ဒမီ မရရင် ဘယ်ကားရတော့မလဲ နော့. .!!

#အကယ်ဒမီပွဲနီးလာလို့ ရင်ခုန်ကြလို့ရအောင် ၂၀၁၈ က မန်မိုရီတက်လာလို့ ပြန်ကူးရှယ်လိုက်ပါတယ်။ မူရင်း ရေးသား ကျွန်တော်မဟုတ်ဘူးနော်။ ;P

17 Shares

Add a Comment

Your email address will not be published. Required fields are marked *