သူမသိပဲဘုတ်အဖွဲ့မှာပါဝင်ရကာအဆဲ့ခံနေရတဲ့အပေါ်မျက်ရည်တွေနဲ့ပြောပြလာတဲ့ ဒေါ်စန်းစန်းဝင်း

57 Shares

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့် နောက်ဆက်တွဲ ဂယက်တွေကတော့ နှစ်တိုင်းလိုလိုရှိခဲ့ကြပါတယ်။ ဒီနှစ်ရဲ့ ဂယက်ကတော့ အကယ်ဒမီဆုပေးပွဲတလျှောက် အကြီးမားဆုံးဂယက်လို့ဆိုရလောက်အောင် ပရိသတ်တွေရဲ့ ဝေဖန်မှတ်ချက်ပေးမှုကို အဆိုးဝါးဆိုး ခံရတဲ့နှစ်လည်းဖြစ်ပါတယ်။ အဓိကအားဖြင့် အကယ်ဒမီဘုတ်အဖွဲ့ကို ဆုရွေးချယ်မှုမှာ မျှတမှုမရှိဘူးဆိုတဲ့ အချက်နဲ့ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် ဒေါ်စန်းစန်းဝင်းဟာလည်း ဒီနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲမှာ စကာတင်စာရင်းထဲပါဝင်လာခဲ့တာဖြစ်ပါတယ်။ သမ္မတကြီးထံပေးစာ ဇာတ်ကားနဲ့ စကာတင်စာရင်းပါဝင်ခဲ့သော်လည်း အမျိုးသမီးဇာတ်ပို့ဆုကို အေးမြတ်သူကရရှိသွားခဲ့တာဖြစ်ပါတယ်။ ပြီးဆုံးသွားပြီဖြစ်တဲ့ အကယ်ဒမီပွဲကြီးနောက်မှာတော့ အကယ်ဒမီဘုတ်အဖွဲ့ထဲမှာပါဝင်ခဲ့တဲ့ ဒေါ်စန်းစန်းဝင်းက ဖွေးဖွေးကို မိန်းမပျက်ကာရိုက်တာနဲ့ အကယ်ဒမီပေးလိုက်တာဟာ ချိုးလိုက်တာပဲလို့ ဆိုပါတယ်။

“ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည်ဇာတ်ကားမှာ အမေဟာ မိန်းမပျက် ဖာသည်ဖြစ်တဲ့အတွက် အတုယူမှာစိုးလို့ ဆိုပြီး အမေ မရခဲ့ပါဘူး။ ပုလဲရောင်မှာကျတော့လည်း ဘယ်လိုဘယ်လိုကြောင့်လည်းမသိဘူး မရဘူး။ စကာတင်ပါပြီးမှပဲလွဲတာပဲ ခေတ်အဆက်ဆက်လွဲခဲ့တယ်။ အမေ (၁၆) နှစ်သမီးကနေပြီး (၇၂) နှစ်အထိ လွဲခဲ့တယ် အဲ့တော့ အမေ့ကို ရင်ခုန်သံတွေမေးကြတယ်။

ဒါပေမယ့် အမေက ရင်မခုန်ဘူး မတရားနဲ့ လောဘနဲ့လည်းမလိုချင်ဘူး။ မမှန်မကန်နဲ့လည်း အမေကမလုပ်ချင်ဘူး မမှန်မကန်နဲ့လည်းလုပ်တာတွေ အမေက မြင်ပေမယ့်လည်း ငယ်ငယ်တုန်းကဆိုပြောမှာပေါ့ ဘာဖြစ်တယ် ညာဖြစ်တယ် ဘာညာပေါ့ ဒါပေမယ့် အမေပအသက်အရွယ်နဲ့ အမေက ပြောလို့မရဘူးလေ။ လူဆိုတာ အရွယ်အစား အချိန်အခါဆိုတာရှိတယ်။ လောဘရမ္မက်၊ အတ္တဆိုတာ နေရာတကာတိုင်းမှာထားလို့မရတော့ပါဘူး။

အဲဒီလိုစိတ်ထားမမှန်တာတွေ မဖြူစင်တာတွေ ခေါင်းဆောင်ပိုင်းက ဟထားမှတော့ ကျန်တဲ့ဟာတွေဘယ်လိုဖြစ်သွားတယ်တော့ အမေမပါတဲ့အတွက် အမေမသိတော့ပါဘူး အမေရွေးထားတာကတော့ အမေ့တုန်းက မိန်းမပျက်မို့လို့ မရဘူးဆိုတော့ ဖွေးဖွေးက ဒီနှစ်မှာ ဘယ်ဘက်ကစမ်းစမ်း ညာဘက်ကစမ်းစမ်း ခွပ်လိုက်ကြစို့သူငယ်ချင်းဆိုတဲ့ အချိန်ကိုလေးစားတယ် အနုပညာကိုတန်ဖိုးထားတယ်။ ဒါရိုက်တာရဲ့အုပ်ချုပ်မှုအောက်မှာရွပ်ကျိုးတယ်။ သူ့ကိုသတို့သမီးမှာပေးလို့ရတယ် သမ္မတကြီးထံမှာပေးလို့ရတယ် သူ့ကိုဒီမိန်းမပျက်အခန်းမှာ ပေးလိုက်တာဟာ ဒါ ဖွေးဖွေးကိုချိုးလိုက်သလိုပဲလို့ အမေကထင်ပါတယ် ”

ဒါရိုက်တာဝိုင်းရရှိသွားတဲ့အပေါ်မှာလည်း ဝိုင်းဟာ အနုပညာပိုင်းမှာ အင်မတန်ကို အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ရသင့်ကြောင်းခုလိုပြောပြခဲ့ပါတယ်။

“ဝိုင်းကိုလည်း မပေးရင်လည်း ဒါရိုက်တာဝိုင်းက မမှုပါဘူး။ သူက တကယ့်ကို အနုပညာရှင် ၊ တကယ့်အနုပညာရှင်သမားတွေ ဂျောင်ပိတ် ပြီးငတ်နေတဲ့အနုပညာရှင်တွေကို ရှာဖွေပြီးတော့ အလုပ်ပေး ထမင်းကျွေးတဲ့ ဒါရိုက်တာဝိုင်းဖြစ်ပါတယ် အဲဒါကိုမှ သူတို့က ဒီလိုဒီလိုတွေပေးလိုက်တယ်ဆိုောတ့ ဝိုင်းပြီးဆဲကြတယ်။ ဖေ့ဘုတ်မှာဆဲကြတယ် အမေကမသိဘူး ကလေးတွေက လှမ်းပြီးတော့ လာပြောကြတယ် မနေ့က အကယ်ဒမီပေးပေးချင်း အေးမြတ်သူလို့လည်း ကြေငြာလိုက်ရော အမေ့ဆီဖုန်းဝင်လာတယ်။

အမေ့ဘေးမှာ မတူးရှိတယ်။ အမေအမေတဲ့ အဲ့ကောင်မက ဘာဖြစ်လို့ ရသွားရတာလဲတဲ့။ ဟဲ့ ဘာဖြစ်လဲ တိုးတိုးပြော ငါ့ဘေးမှာ ဘယ်သူတွေရှိလဲတဲ့ အကယ်ဒမီ ဘုတ်အဖွဲ့တွေရှိတယ်လို့။ ဟာ အမေမရရင်တောင် အေးဝတ်ရည်သောင်းရမယ် အေးဝတ်ရည်သောင်းရရင်တောင် ကျေနပ်တယ်တဲ့။ ဘာဖြစ်လို့ အဲ့ကောင်မက အဲ့လိုဖြစ်ပြီးတော့ …. ဟာ ရှူးတိုးတိုး မနက်ဖြန်ကျမှ ပြောလို့။ အမေက ဒီစောက်အကယ်ဒမီဘုတ်အဖွဲ့ထဲ ဘာလို့တက်တာလဲတဲ့။ အမေ့အသက်အရွယ်နဲ့တဲ့ မဟုတ်ဘူး ငါ့ကိုခေါ်လို့ ငါသွားတာလို့။”

ဒေါ်စန်းစန်းဝင်းကတော့ အကယ်ဒမီဘုတ်အဖွဲ့ထဲမှာပါခဲ့ပေမယ့် ဘာမှန်းညာမှန်းမသိဘဲ အဆဲခံလိုက်ရတဲ့ သူမရဲ့အဖြစ်ကို ခုလိုပဲ မျက်ရည်တွေနဲ့ ရှင်းပြလာခဲ့ပါတယ်။

“အဲတော့ အမေက အခုလေ ဘာမှန်းညာမှန်းမသိဘဲနဲ့ အကယ်ဒမီဘုတ်အဖွဲ့မှာအဆဲခံလိုက်ရတဲ့ အမေဖြစ်နေတာပေါ့ (ငိုလျက်) အမေက အကယ်ဒမီလည်းမမျှော်လင့်ဘူး။ ဒါပေမယ့် အနုပညာလောက ရှင်သန်ပါစေဆိုတဲ့စိတ်ကတော့ အမေ့မှာရှိတယ်။ အမေက (၁၄) နှစ်သမီးတည်းက ဗဟိုရုပ်ရှင် စပါးပြီးစပါး တစ်နှစ်သုံးသီးစား လှေကားထစ်စိုက်ပျိုးရေးတည်းက အနုပညာလောကထဲကိုဝင်လာတာ။

နောက်ပြီးတော့ ဒါရိုက်တာ စံလွင်ရဲ့ သီတင်းကျွတ်တော့မယ်ဆိုတဲ့ဇာတ်ကားမှာရော မောင်တင်၊ သီသီ၊ မင်းသမီးအသစ် မွှေးမွှေး သန်းသန်းတင့် မြကို ဘီအေ မြသိန်းတို့နဲ့အတူ တင်ခဲ့တာ ဒါရိုက်တာစံလွင် ဆရာမကြီး TTC ကျောင်း တီချယ်မေဘယ် တို့တည်းကနေ သင်ခဲ့တာပါ။ အမေတစ်ယောက်ပဲကျန်ခဲ့တာ။အဲဒါအမေ့ကိုအခုဝိုင်းဆဲတာတော့မခံနိုင်ပါဘူး အကယ်ဒမီဘုတ်အဖွဲ့ ဆဲခံရတာ ကြီးကြီးကျယ်ကျယ်ဝက်ဝက်ကွဲပါပဲ အမေ ဘာမှန်းညာမှန်းမသိဘဲနဲ့ အဆဲခံလိုက်ရတာပါ”လို့ မျက်ရည်တွေနဲ့ ဆယ်လီရပ်ကွက်ရဲ့ အင်တာဗျူးမှာဖြေကြားခဲ့တာတွေ့ရပါတယ်။

Photos-Google & Phway Phway
Share From welovecele

57 Shares

Add a Comment

Your email address will not be published. Required fields are marked *