မိန်းက​လေးတစ်ယောက်ရဲ့ ခံယူချက်

75 Shares

မိန်းက​လေးတစ်ယောက်ရဲ့ ခံယူချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အရက်သောက်တာလား???
ရတယ် … သောက်
ယောက်ျားလေးပဲ … ငါနားလည်တယ်
ဒါပေမယ့်
နေ့ စဉ်ရက်ဆက်တော့ မဖြစ်စေနဲ့

ငါလက်တွဲမယ့်သူ ကျမ္မာရေးကောင်းဖို့အတွက်
နင် … နားပူတယ်ပြောနေလည်း
ငါကတော့တားရမှာပဲ •••
——

Facebook သုံးတာလား???
ရတယ် … သုံးလေ
လူငယ်ပဲ … ငါနားလည်တယ်
ဒါပေမယ့်
ဆော်တွေနဲ့ Cb မှာတော့ မကြူနဲ့ 

ငါလက်တွဲမယ့်သူ အရှုပ်အရှင်းကင်းဖို့ 
နင် … နားပူတယ်ပြောနေလည်း
ငါကတော့ တားရမှာပဲ •••
——

သူငယ်ချင်းမိန်းကလေးထားတာလား???
ရတယ် … ထားလေ
လူမှုရေးပဲ … ငါနားလည်တယ်
ဒါပေမယ့်
ဖင်ကုတ်ခေါင်းပုတ်တော့မခင်နဲ့ 

ငါလက်တွဲမယ့်သူကို
လူရှုပ်လူပွေလို့ အပြောမခံရဖို့ 
နင် … နားပူတယ်ပြောနေလည်း
ငါကတော့တားရမှာပဲ •••
——

အပျော်အပါးမက်တာလား???
ရတယ် … မက်ပေါ့
ငါတို့ က ဆယ်ကျော်သက်စွန်းစွန်းလေးပဲလေ
ဒါပေမယ့်
ရှေ့ရေးအတွက်တော့စဉ်းစား

ငါလက်တွဲမယ့်သူ
အရည်အချင်းပြည့်ဝဖို့ အတွက်
နင် … နားပူတယ်ပြောနေလည်း
ငါကတော့တားရမှာပဲ •••

တကယ်လို့ များ …
နင်ယူမယ့်သူ … ငါမဟုတ်ခဲ့ရင်တောင်
ငါနဲ့ တွဲခဲ့တဲ့ … နင့်ကို
တန်ဖိုးရှိတဲ့ ယောက်ျားဖြစ်စေချင်တယ် •••

တစ်ချိန်မှာ …
နင်ယူမယ့်သူအထင်မသေးစေဖို့ 
နင်ဂုဏ်ယူနိုင်ဖို့ 
အဲဒါ …… ငါ့အချစ်သက်သေပဲ •••

Credit

75 Shares

Add a Comment

Your email address will not be published. Required fields are marked *