မန်​စီးတီး နဲ့ ​ခြေစမ်းပွဲကစား​မြ​ န်​မာ

60 Shares

မန်စီးတီး နှင့် မြန်မာအသင်း ခြေစမ်းပွဲ ၂ ပွဲ ကစားမည်
——————————————————

1.4.2019

မန်စီးတီးအသင်းဟာ 2019-2020 ပရီးမီးယားလိဂ်ရာသီသစ်အတွက် ရာသီကြိုပြင်ဆင်မူ့ အစိတ်ပိုင်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံကို အသင်းရဲ့ အဓိကကစားသမား အစုံအလင်ခေါ်ယူလာပြီး လာကစားမှာ ဖြစ်ပါတယ်။

” လက်ရှိအချိန်မှာ ခြေစမ်းပွဲကစားဖို့ မန်စီးတီအသင်းတာဝန်ရှိသူများနှင့် အကြိုသဘောတူညီမူ့ ရရှိထားပြီး ပွဲကစားမည့်ရက်ကိုတော့ နှစ်ဖက်ညှိနိုင်းဆွေးနွေးနေကြတုန်း ရှိပါသေးတယ်။ ခြေစမ်းပွဲ ကစားမည့်ရက်ကတော့ ICC ပြိုင်ပွဲမတိုင်ခင် ကစားဖြစ်ဖို့ရန် သေချာနေပါတယ်။ အချိန်အတိကျ သိရပြီဆိုရင် ဘောလုံးအဖွဲချုပ် Page ကနေ ဖော်ပြ ကြေငြာပေးသွားမှာပါ။ ရန်ကုန် နဲ့ မန်းလေးမြို့တွေမှာ တစ်ပွဲစီ ကစားမှာဖြစ်ပြီး ပထမပွဲကို မန်းလေး ၊ ဒုတိယပွဲကို ရန်ကုန်မှာ ကစားဖို့ ရာထားပါတယ်။ ခြေစမ်းခ ၊ ခရီးစရိတ် နှင့် နေထိုင်စရိတ် စတဲ့ အထွေထွေကုန်ကျစရိတ်အားလုံးကို အကိုတို့ဘက်က ကုန်ကျခံပေးရမှာ ဖြစ်ပါတယ်။ ခြေစမ်းပွဲမတိုင်မှီ သုဝဏ္ဏကွင်းရဲ့ မျက်ခင်းပြင်နှင့် ပွဲကြည့်စင်လေးမျက်နှာလုံးကို မွမ်းမံသွားပါမယ်။ မန်းလေးကွင်းကတော့ အသင့်အနေထားဖြစ်နေလို့ ပြင်ဆင်သွားမှာ မဟုတ်ပါဘူး။ အကိုတို့အနေနဲ့ ဒီလိုမျိုး ကမ္ဘာထိပ်တန်းအဆင့် အသင်းကြီးတွေနဲ့ ကစားခွင့်ရဖို့ ဟိုအရင်ကတည်းက ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် နိုင်ငံရေးအခြေအနေကြောင့် ဖြစ်မယ်ထင်တယ် ကမ်းလှမ်းတဲ့ အသင်းတိုင်းရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ် အခုတော့ အကိုတို့ရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့သလို မြန်မာဘောလုံးချစ်ပရိတ်သတ်များ အားလုံးလဲ ပျော်ရွှင်နေကြလိမ့်မယ် ထင်ပါတယ် ” လို့ MFF မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာရဲ့ ကိုင်တွယ်မူ့အောက်မှာ သူတို့အသင်းသမိုင်းတလျောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယာလိဂ်မှာ နှစ်နှစ်ဆက်ချန်ပီယံဖြစ်ဖို့ ရေပမ်းစားလျှက်ရှိနေပါတယ်။ ပရီးမီးလိဂ်ဟု အမည်မပြောင်းလဲခင် 1936 – 37 နဲ့ 1967 – 68 တွေမှာ 2 ကြိမ် ၊ ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲပြီးနောက် 2011 – 12 , 2013 – 14 , 2017 – 18 တွေမှာ 3 ကြိမ် ၊ စုစုပေါင်း 5 ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ ယခုရာသီ ထပ်မံဗိုလ်ဆွဲခဲ့လျှင် 6 ကြိမ်မြောက် ပရီးမီးယာလိဂ်ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိမှာ ဖြစ်ပါတယ်။

လိဂ်ဖလားမှာ ဗိုလ်စွဲထားပြီး FA Cup မှာ ဆီမီးဖိုင်းနယ် ၊ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် ၊ ပရီးမီးယားလိဂ်မှာ 31 ပွဲ ကစားထားပြီး တစ်ပွဲလျော့ 2မှတ်အကွာ 77 မှတ် ဖြင့် လီဗာပူးလ်အသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ယခုရာသီရဲ့ တစ်သင်းထဲသော ပရီးမီးယားလိဂ်ကလပ်အသင်းလဲ ဖြစ်ပါတယ်။

Via – Pyae Phyoe Liam Wei

60 Shares

Add a Comment

Your email address will not be published. Required fields are marked *