ရခိုင်​အ​ရေး​ကြောင့်​ ကရင်​ပြည်​နယ်​မှာလုံခြုံ​ရေး အထူးတင်းကြပ်

မကြာ​သေးမှီကမှဖြစ်​ပွားခဲ့တဲ့ ရခိုင်​ပြည်​နယ်​က ရဲကင်းစခန်းများ အလစ်​အငိုက်​တိုက်​ခိုက်​ခံရမှု့
ကြောင့်​ ကရင်​ပြည်​နယ်​မှာ​နေ့​ရောညပါ လုံခြုံ​ရေးအထူးတင်းကြပ်​ထားတယ်​လို့ ကရင်​ပြည်​နယ်
ရဲတပ်​ဖွဲထံကသိရှိရပါတယ်

သတင်းအစုံအလင်​မှာ

ဘရားသုံးဆူမြို့တွင် လှည့်ကင်း ဝပ်ကင်း ရပ်ကင်းများအပြင် ရှောင်တခင် ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ
================================
ဘုရားသုံးဆူ ဇန်နဝါရီ ၃
ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ဘုရားသုံးဆူနယ်မြေရွဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ဇန်နဝါရီလ ၃ ရက်နေ့ ညဦးပိုင်းက စတင်ပြီး ဘုရားသုံးဆူ
မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဝပ်ကင်း ရပ်ကင်းများအပြင် မိတ်ဘက်အဖွဲ့နှင့်ပူးပေါင်းကာ ရှောင်တခင် ပိတ်​ဆို့ရှာ​ဖွေစစ်​​ဆေး ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အတွင်း လှည့်ကင်း ဝပ်ကင်း ရပ်ကင်းများဖြင့် အင်အားပြစိုးမိုးခြင်းနှင့် မြို့ဝင်မြို့ထွက် နေရာများတွင် ရှာဖွေစစ်ဆေးခြင်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Bluesea Media

7 Shares

Add a Comment

Your email address will not be published. Required fields are marked *