သင်​​ရွေးချယ်​တဲ့မိန်းက​လေးဟာ သင့်​ဘဝပါ

🌸နူးညံ့သိမ်မွေ့တဲ့ မိန်းမကိုရွေးချယ်ရင်
သူ့ရဲ့နွဲ့ဆိုးတတ်တဲ့အမူအကျင့်လေးကိုတော့
လိုက်လျောပေးနိုင်ရမယ်။

🌸သိပ်ချောလှပတဲ့ မိန်းမကိုရွေးချယ်ရင်
သူ့ရဲ့အသုံးအဖြုန်းကြီးမှုတွေကိုတော့
လက်ခံနိုင်ရမယ်။

🌸အရည်အချင်းရှိတဲ့ မိန်းမကိုရွေးချယ်ရင်
သူ့ရဲ့ လွမ်းမိုးမူနဲ့အနိုင်ယူတာကိုတော့
နားလည်ပေးနိုင်ရမယ်။

🌸ငွေရှာတော်တဲ့ မိန်းမကိုရွေးချယ်ရင်
သူအိမ်မှုကိစ္စ ဂရုမစိုက်နိုင်တာကိုတော့
သည်းခံနိုင်ရမယ်။

🌸အိမ်ကိုဂရုစိုက်တဲ့ မိန်းမကိုရွေးချယ်ရင်
သူ ငွေမရှာတတ်​တာကိုတော့ နားလည်
ခွင့်လွှတ်ပေးနိုင်ရမယ်။

🌸အရမ်းချစ်တတ်တဲ့ မိန်းမကိုရွေးချယ်ရင်
သူ့ရဲ့ သဝန်တိုတတ်တဲ့စိတ်ကိုတော့
နားလည်မှုပေးနိုင်ရမယ်။

🌸ဘက်စုံတော်တဲ့ မိန်းမကိုလိုချင်ရင်တော့
တစ်ထောင်မှာတစ်ယောက်တောင်မရှိနိုင်တာမို့
တစ်ယောက်တည်းနေတာကပိုပြီး
သေချာပါလိမ့်မယ်။

လေးစားလျက်
မူရင်း//ရောင်ခြည်(06.04.2019)

40 Shares

Add a Comment

Your email address will not be published. Required fields are marked *