ဂျင်းထည့်​နည်း​ပေါင်းချုပ်

148 Shares

လိမ်ပုံလိမ်နည်းများကိုဗဟုသုတရအောင်လို့တင်ပေးလိုက်ပါတယ်။

မယုံမရှိနဲ့ ။စမ်းကြည့်​ လိမ်​နည်း တွေပါပဲ။ ၁ မီးရဲရဲ​ပေါ်. လမ်းဖြတ်​​လျှောက်​ရန်​ ​ကျောက်​ချဉ်​ရယ်​ သဲဆပ်​ပြာ/​ရွှေဝါဆပ်​ပြာ

ကမ္ဘာကျော် လိမ်နည်းများ…
မယုံမရှိနဲ့ ။စမ်းကြည့်​ လိမ်​နည်း တွေပါပဲ။
၁ မီးရဲရဲ​ပေါ်. လမ်းဖြတ်​​လျှောက်​ရန်​ ​ကျောက်​ချဉ်​ရယ်​ သဲဆပ်​ပြာ/​ရွှေဝါဆပ်​ပြာ ဆတူ/အမျှ​ဖျော်​ ။လိမ်း။လိမ်းထားတဲ့​နေရာမှန်​သမျှ မီးမဟပ်​ /မီးမပူ ။

၂ ထုံးကို အရုပ်​စုံ ထုလုပ်​ထား ။ ကျီးကန်းသည်း​ခြေကို ကြိမ်​လုံးထိပ်​ သုတ်​လိမ်းပြီး ထုံးရုပ်​ကို တို့လိုက်​တာနဲ့. မီးထ​တောက်​၏ ။

၃ နှင်းဆီပန်းကို အညှာဖြုတ်​ ။ အပ်​နဲ့. အပ်​ချည်​ကိုပြဒါးစိမ်​ ။ တွဲလျှက်​သား အပ်​ချည်​ပါ အပ်​ကို ပန်းဖင်​မှာထိုးထား ။ ပန်းထိပ်​ကို ပြဒါးသုတ်​ ။ အ​ပေါ်က. ​ကြေးလင်​ပန်း ထား တီးကြည့်​ ။ ထိုပန်း ထကမည်​ ။

၎နို့ဆီဗူးကို အ​ပေါက်​မ​ဖောက်​ဖဲ ကုန်​တာဟာ နတ်​ဘုရားတန်​ခိုး ​ကြောင့်​မဟုတ်​ပါ ။ ပြဒါး​ကြောင့်​ပါ ။သံနဲ့. ပြဒါး ဓာတ်​ပြုမြဲမို့. သုတ်​လိမ်းထားပြီး များမကြာမှိ ပူလာပြီး အ​ငွေ့အဖြစ်​​ပြောင်းလဲသွာသဖြင့်​နို့ဆီများ ​ပျောက်​သွားတတ်​ပါသည်​ ။

၅။ပုလင်း​တွေ ဖန်​ခွက်​​တွေ ဝါးတဲ့နည်းပါ ။ ဒါက​တော့ ဟင်းနုနွယ်
ဆူး​ပေါက်​ရိုးနီပင်​ပဉ္စငါးပါးနဲ့. မျက်​လှည့်​ပြမည့်​ ဖန်​ပုလင်း​တွေကို7
weeks ပြုတ်​ ။ ဝါးမဲ့သူကလဲ အစာမခံထားဘဲ 7weksတိုင်​ ၄င်း ဟင်းနုနွယ်​သတ္ထုပြုတ်​ရည်​​သောက်​။ စား ပြီးမှ ဝါးရပါတယ်​။
ပြုတ်​သားဝ​နေမှသာ ပါးစပ်​ထဲ​ရောက်​သည်​နှင့်​ အရည်​​ပျော်​သွားစမြဲပါ ။ လျှာ/အာ ထိခိုက်​ပွန်းပဲ့ နာကျင်​ခြင်းမရှိတာ ဒီနည်း ဖြစ်​ပါတယ်​ ။

၆။မသိုးထမင်း မသိုးထမင်း ကြားဖူးမ​ပေါ့ ။ ​ထွေ​ထွေထူးထူး​တော့ မထူးပါဘူး ။ အထားခံနိုင်​​အောင်​ ချက်​ထားတာပါ ။နတ်​သုဒ္ဒါနဲ့. နှိုင်းရတဲ့ထိ ၃ရက်​တာ မသိုး​အောင်​ စီမံထားနည်း​လေးပါ ။ ထမင်းကို ​တောင့်​​တောင့်​​လေးရ​အောင်​ငှဲ့ ။ ပဲဆီသို့မဟုတ်​ နှမ်းဆီကို ထည့်​နှပ်​ ။မီး​နွေး​နွေးနဲ့. ပတ်​ချာလည်​နှပ်​ ။ပြီး ကျက်​​ရော ဝါးဆန်​​ဆေး​တောင်းထဲ ပိတ်​စိမ်းပါးခံပြီး ခူးထားပါ ။ ပြီး သွားလိုရာ ယူသွားရင်​ ငှက်​​ပျောဖက်​/အင်​ဖက်​နဲ့ထုတ်​။ လိုရာယူ​တော့ ။ ​ရှေးလူကြီးနည်း​တွေ​ပေါ့​နော်​ ။

၇။မြင်းအသဲကို သံပုရာရည်​ နဲ့စိမ်​ ။အလိပ်​ဖြစ်​​အောင်​ ​သေး​သေး​လေး​တွေလုပ်​ ။ အ​ခြောက်​လှန်း။ပ​ယောဂ. ရှိသည်​ဆိုကာ ​သွေး​ဆေးနဲ့​ရောတိုက်​ ။ ဝမ်းထဲ​ရောက်​ သွား​တော့ အကြီးကြီးပြန်​ဖြစ်​လာ​ရော​လေ ။ အန်​​ဆေးတိုက်​​ရော ။ အသားစိုင်​အသားခဲ​တွေအန်​ပါ​လေ​ရော​လေ ။ ဒီနည်းနဲ့ အထက်​လမ်းလိုလို ​အောက်​လမ်းလိုလို ​ဆေးပ​ယောဂလိုလို ပညာမဲ့ အသိမဲ့တဲ့လူ​တွေဆီက​ငွေလိမ်​စား​နေကြတဲ့ အကျင့်​ဆိုး​တွေပါ။


Credit
ဗဟုသုတရစေရန်
အရှင်ဇာဂရ ( မနောမြေ )

148 Shares

Add a Comment

Your email address will not be published. Required fields are marked *