လူ​တွေရဲ့စိတ်​ဓာ​တွေက​တော့ မ​ပြောင်းလဲပါဘူးဗျာ…

#ဝမ်းနည်းစရာ_မန်းရွှေစက်တော်ကို_ဘယ်သူတွေ_ထိန်းသိမ်းကြပ်မတ်မှာလဲ..

စိတ်တွေတိုလို့ ရေးမိတဲ့စာ
————————-
တနိုင်ငံလုံး ခြိမ့်ခြိမ့်သဲလာကြတဲ့ မန်းစက်တော်ရာ.. လူလိုမသိကြတဲ့ အဆင့်အတန်းမရှိကြတဲ့စိတ်ဓာတ်တွေကြောင့် တဖြည်းဖြည်း တိမ်ကော ဆုတ်ယုတ်သွားမလားတောင် စိုးရိမ်မိတယ်.. ဒီနေ့ ရွှေစက်တော်ကို နေ့ချင်းပြန်သွားတယ်…
နေ့ချင်းပြန်သွားတဲ့အချိန် တခဏလေး နာရီပိုင်းအတွင်းမှာတင် မျောလာလိုက်တာ မျောလာလိုက်တာဆိုတာလေ..

ရပ်ကွက်ဘေးက မြောင်းအစုတ်အပဲ့လေးထဲ အမှိုက်တွေပစ်ကြတဲ့အတိုင်း..
ပုံထဲမှာ တွေ့တဲ့အတိုင်းပါပဲ.. တခုတလေ ပါတယ်ဆိုတာ မပြောပလောက်ပါဘူး.. ခုတော့ အစုလိုက်အပြုံလိုက် အမှိုက်ပုံကြီးလိုသဘောထားပြီး ပစ်ကြတယ်.. အမှိုက်တွေကို စနစ်တကျ စုထည့်ထားပြီးမှ ပစ်ထားတဲ့အမှိုက်တွေ၊ စားထားသောက်ထားတဲ့ ဆီဗလပွနဲ့ ဖော့ဘူးခွံတွေ.. စုံစုံစီနေတာပါပဲ.. ကိုယ်တည်းတဲ့ တဲကျောင်းလေးရှေ့မှာတင် ဒီလိုဖြစ်ပျက်နေတာ.. ရေမစီးတဲ့နေရာတွေဆို ရေတောင်ချိုးလို့ရပါ့မလားမသိ..

ပုံထဲမှာပါတာက ရေချိုးပြီးလို့ အပျင်းပြေ ထိုင်ကြည့်နေချိန်လေးအတွင်း မျောလာတဲ့အမှိုက်တွေ.. ရေချိုးနေတုန်းကဆိုလဲ ဆီတွေပေနေတဲ့ ကျန်ကျောင်းအိတ်ကြီး မျောပါလာတယ်.. တချို့ စားထားပြီးသား ပန်းကန်တွေ ဆေးကြတယ်.. လူတိုင်း ဒီမန်းချောင်းကြီးမှာပဲ ချိုးကြတယ်.. ခေါင်းလျှော်ကြတယ်.. မျက်နှာသစ်ကြတယ်.. သွားတိုက်ကြတယ်.. အရင်တုန်းက ကြည်တောက်နေတဲ့မန်းချောင်းရေက ခုတော့ နောက်ကျိပြီး အမှိုက်မြောင်းကြီလား ပန်းကန်စင်ကြီးလား မသဲကွဲတော့.. တော်ရုံဆို ကိုယ်လဲ ဒါမျိုးမတင်တတ်သလို တော်ရုံ ဖာသိဖာသာပဲနေတတ်တာ.. ခုတော့ အမှိုက်တွေ အစုလိုက်အစုလိုက် မျောမျောလာတာ စိတ်တွေတိုလွန်းလို့..

လူလိုသိကြပါ.. နေရာတကာ အစိုးရမကောင်းလို့ အစိုးရမကောင်းလို့ အော်နေလို့မရဘူး.. ဘယ်လောက်အဆင့်မြှင့်ပေးပေး အမြှင့်ခံတဲ့လူတွေက အဆင့်ရှိမှရမှာပါ..

54 Shares

Add a Comment

Your email address will not be published. Required fields are marked *