တကိုယ်​တည်း​နေကြည့်​ပါ ရှင်​သန်​ပါ

67 Shares

တစ်ကိုယ်တည်း

၁။ ရယ်ပါ…တစ်လောကလုံး သင်နှင့်အတူ လိုက်ရယ်လိမ့်မယ်၊
ငိုရင်တော့ သင်တစ်ယောက်တည်းပဲ ငိုရလိမ့်မယ်။

၂။ သီချင်းဆိုပါ…. တောင်တန်းတွေက ပဲ့တင်သံ ပြန်လာလိမ့်မယ်၊ သက်ပြင်းချရင်တော့ လေထဲမှာပျောက်သွားလိမ့်မယ်။

၃။ ပျော်စရာအသံကို ပဲ့တင်သံက ပြန်ကန်ပေးပါတယ်၊
သောကတွေ ဒုက္ခတွေကိုတော့ သူပြန်မကန်ပေးဘူး၊တွန့်ဆုတ်သွားလိမ့်မယ်။

၎။ ပျော်ပျော်ရွှင်ရွှင်နေပါ…လူတွေက သင့်ကိုတွေ့အောင် ရှာလိမ့်မယ်၊
ဝမ်းနည်းနေရင်တော့ သူတို့ ပြန်ထွက်သွားကြလိမ့်မယ်။

၅။ သူတို့က သင့်ရဲ့ပျော်ရွှင်မှုတွေအားလုံးကို အပြည့်အ၀လိုချင်တယ်၊
ဒါပေမဲ့ သင့်ရဲ့ဒုက္ခတွေကိုတော့သူတို့က လိုအပ်မှာ မဟုတ်ပါဘူး။

၆။ စိတ်ချမ်းချမ်းသာသာနေရင် သင့်မှာမိတ်ဆွေတွေ အများကြီးပဲ၊
စိတ်ဆင်းရဲနေရင်တော့သင့်မိတ်ဆွေတွေအားလုံးကို ဆုံးရှုံးသွားလိမ့်မယ်။

၇။ ပန်းဝတ်ရည်နဲ့လုပ်ထားတဲ့ဝိုင်ကို သင်ကပေးရင် ငြင်းမဲ့လူမရှိဘူး ၊ဒါပေမဲ့ ဘ၀သည်းချေရည်ကိုတော့သင်တစ်ယောက်တည်းပဲ သောက်ရလိမ့်မယ်။

၉။ စားပွဲသောက်ပွဲကြီးလုပ်ကြည့် သင့်အခန်းမှာ လူတွေပြည့်ကျပ်နေလိမ့်မယ်၊
ငတ်နေရင်တော့ ဘယ်သူမှလာမှာ မဟုတ်တော့ဘူး။

၁၀။ ပျော်ပွဲခမ်းမကြီးထဲမှာ လူအုပ်ကြီးတခမ်းတနား သွားနိုင်ဖို့အတွက် နေရာအကျယ်ကြီးရှိပါတယ်၊ ဒါပေမဲ့ဒုက္ခလမ်းကျဉ်းလေးထဲမှာတော့ တစ်ယောက်ချင်း တန်းစီပြီးတော့ သွားရလိမ့်မယ်၊ လက်တွဲသွားမယ်သူမရှိဘူး၊ အဖော်မရှိဘူး။

၁၁။ အောင်မြင်အောင်လုပ်ပါ၊ ပေးပါကမ်းပါ၊အဲ့ဒါကသင့်ဘ၀ကိုအဆင်ပြေဖို့အထောက်အပံ့ဖြစ်လိမ့်မယ်၊
ဒါပေမဲ့ သေဖို့အရေးကိုတော့ ဘယ်သူကမှသင့်ကို အကူအညီ မပေးနိုင်ဘူး။

၁၂။ သင့်ဘ၀ကို ဘယ်လိုဖြစ်အောင် လုပ်တယ်ဆိုတာ သင့်ပေါ်မှာပဲ မူတည်ပါတယ်။

၁၃။ အခုလို မှာလိုက်တာကိုလည်း သင် မေ့သွားအုံးမှာပါ။

Credit to Ayeit Chit

67 Shares

Add a Comment

Your email address will not be published. Required fields are marked *