ပညာဆိုတာဒါပဲ မ​သေမချင်းမှတ်​ထား

ခွေးတစ်ကောင်ဟာ မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
ဒါပဲ
.
နောက်တစ်ကောင်က ထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
.
သူနင်းမိလို့ ပူတဲ့ကိစ္စကို အခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့် မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး
.
ဘာဖြစ်လို့လဲဆိုတော့
သူတို့မှာ ဘာသာစကားမရှိလို့
.
ကိုယ်တို်င်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစ ခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ
.
တို့တစ်တွေလူတွေမှာတော့
အဲဒီလိုမဟုတ်ဘူး
ဘာသာစကားရှိတယ်
.
မင်းတို့ငယ်ငယ်ကတည်းက
တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ
.
အမေဖြစ်သူက
အဲ့ဒါမကိုင်နဲ့ ပူပူ
အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား

မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်
.
အောက်ဆီဂျင်ကို ခုချက်ခြင်း မင်းဓာတ်ခွဲခန်းထဲမှာ
မင်းရှာဖွေထုတ်နိုင်တယ်
အဲဒီအောက်ဆီဂျင်ကို မင်းရှာတွေ့ခဲ့တာမဟုတ်ဘူး
.
ဒါပေမယ့် ရှာတွေ့ခဲ့တဲ့ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်
ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ
.
ပညာသင်တယ်ပညာရှာတယ်ဆိုတာ ဒါပဲလေ
.
ဘာသာစကားရှိလို့ တစ်ပါးသူရဲ့အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်
တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ်
.
ဒါကြောင့်လည်း လူ့လောကကြီးက
တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့
.
အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ
နှစ်မျိုးရှိတယ်
.
တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
.
နောက်တစ်ခုက သူ့ရဲ့အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ
.
ဥပမာအောင်မြင်သူတွေရဲ့
အတ္ထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ
မင်းရလာမယ်
.
မင်းစိတ်ဓာတ်တွေမာကျောလာမယ်
အထပ်တလဲလဲ
ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်
.
အောင်မြင်သူတွေလည်း
အခက်အခဲတွေကြားက
ရုန်းထကြတာကိုး
.
ဒါကြောင့်မို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့နေရာမှာလည်း
နည်းနည်းဖတ်မိတောင် များများတွေးပါ
လိုက်နာပါ ကျင့်သုံးပါ
.
သူတစ်ပါးရဲ့အတွေ့အကြုံကို
ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ ပေါင်းစပ်ပါ
ကိုယ့်ကိုယ်ကိုယ်ခိုင်း
ကိုယ့်ကိုယ်ကိုယ်မခိုင်းရင်
သူများခိုင်းတာခံရတတ်တယ်
.
စဉ်းစားတွေးတောပေးရတယ်
ဦးနှောက်ကိုခါးတောင်းကျိုက်ပါ
ဒါမှ ခေါင်းဆောင်ဖြစ်မှာ
.
လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့
.
စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
.
တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ
.
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ
သင်ခန်းစာကို ယူတတ်ကြတယ်
.
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ
သင်ခန်းစာရကြတယ်
.
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
.
ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့
.
စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချုပ်ထောင်မှာ လူငါးယောက်လျော့မယ်
.
စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်
.
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်
.
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
.
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
.
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
.
မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါ
လေ့လာပါ
ဆည်းပူးပါ
စာဖတ်ပါ
.
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ
ဘဝကို
ဦးနှောက်ကဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနောက်ကိုဦးစားပေးတဲ့စာမျိုး
များများ ဖတ်စေချင်တယ်..!!

ဆရာဦးအောင်ခင် /Credit
Thanks Respect
#zinphyo

223 Shares

Add a Comment

Your email address will not be published. Required fields are marked *