“ဇီဝမြေသြဇာ ဖေါ်စပ်ခြင်း”

52 Shares

တင်ပြစရာအကြွေးတွေများနေပါတယ်။ နောက်ကျနေတဲ့ မိတ် ဆွေများကို အရင်သိပြီးသား တတ်ပြီးသားဘော်ဘော်ကြီးများက တွဲ ခေါ်သွားဖို့ လိုပါတယ်။ မဟုတ်ရင်ရှေ့မရောက်နိုင် တော့ဘူးဖြစ်နေပါ လိမ့်မယ်။ အရာရာတိုင်းမှာ အ ကန့်အသတ်ဆိုတာ ရှိစမြဲမို့ လုပ်နိုင်တဲ့ ကာလလေးမှာရနိုင်သေ

မြေသြဇာ(၃) မျိုးစုပေါင်းပြီး အလုပ်လုပ်နိုင်တဲ့ စိုက်ခင်း အဖြစ် ထူထောင်နိုင်ရင် အောင်မြင်တဲ့ စိုက်ပျိုးရေးလုပ်ငန်းထူထောင်နိုင်မယ်။ မြေသေကိုမြေရှင်ဖြစ်အောင်လုပ်ပါ၊ ခုချက်ခြင်း အော်နဲ့ ဇီထည့်ပါ ဆိုပြီး ပြောခဲ့ပြီးပါပြီ။ ထိုအထဲမှ မရှိမဖြစ် ဇီဝမြေသြဇာဖေါ်စပ်နည်းအကြောင်း ခု တင်ပြပေးပါ့မယ်။ အရင်က ဖွဲနုမြေသြဇာ၊ ဘိုင်အိုစပရင်းအီး ဆိုပြီး တင်ပြခဲ့ဖူးပါတယ်။

သက်ရှိများရဲ့ စွန့်ပစ်ပစ္စည်းများပါဝင်တဲ့ အော်ဂဲနစ်ပစ္စည်း တွေ နဲ့တွဲစပ်အသုံးပြုရမှာဖြစ်ပါတယ်။ ကိုယ့်စိုက်ခင်း၊ ကိုယ့်လယ်မှ ရှိနေတဲ့ သစ်ရွက်ခြောက်၊ မြက်ခြောက်၊ ကောက်ရိုးတို့ကို အလဟသ မီးမရှို့ ပစ်ပါနဲ့။ အာ့တွေအကုန်ဟာအော်ဂဲနစ် ပစ္စည်းတွေဖြစ်ပါတယ်။ အဲ့ဒီ ပစ္စည်းတွေ မထူမပါးခင်းပေး ခုပြောမဲ့ ဇီဝမြေသြဇာ အပေါ်က ထည့် ပြီးရင် အဲ့ဒီပစ္စည်းတွေကအပေါ်ကနေပြန်ဖုံးပေးမယ်ဆိုရင် မှန်ကန်သင့် တော်တဲ့ မြေသြဇာထည့်နည်းဖြစ်ပါလိမ့်မယ်။

ဒီဇီဝမြေသြဇာဟာ ဘိုကာချီကဲ့သို့ ထည့်သွင်းအသုံးပြုမယ်ဆို ရင်လည်းရတာမို့ မိမိစိုက်ခင်းထဲ အနည်းအများ ဘယ်လောက်ထည့်ပါ ဆိုပြီးတိတိကျကျပြောဖို့ ခက်ပါလိမ့်မယ်။

ဇီဝမြေသြဇာကို ဘိုကာချီလို အသုံးပြုမယ် လိုအပ်ချက် အရ ဆို ရင်(၁) ဧကကို တစ်တင်းခွဲအိတ်(၄၀)လောက် အနည်းဆုံးထည့် သင့်ပါ တယ်။ ကောက်ရိုး ၊မြက်ခြောက်တွေ တော့မဖြစ်မနေ ထည့်ပေး သင့်ပါ တယ်။ဘိုကာချီနဲ့ ရောစပ်အသုံးပြုမယ်ဆိုရင် (၂) အိတ်မှ (၁၀) အိတ် အထိထည့်သွင်းအသုံးပြုသင့်ပါတယ်။ နောက်နှစ်တွေမှာတော့ပထမ ဆုံးနှစ်လောက် ထည့်သွင်းစရာမလိုဘဲ လျှော့ကျသွားပါလိမ့်မယ်။

နှစ်ရှည်ပင်သမားတွေအတွက်ကတော့ ကျနော် လုပ်ကိုင်တဲ့ ပုံစံ ကို ပြောရမယ်ဆိုရင် ကျင်းတူးလိုက်ပါတယ်။ ထိုကျင်းထဲကို မြက် အ ခြောက်/သစ်ရွက်ခြောက်လက်တစ်ဆုပ်ပြည့်ပြည့်အရင်ထည့်ပါတယ်။ ပြီးရင်ဇီဝမြေသြဇာကျင်း ပြည့်ခါနီးလောက်အထိထည့်ပါတယ်။ ပြီးရင် အပေါ်ကမြက်ခြောက် ခပ်ထူထူထပ်အုပ်ပေးပါတယ်။

EM မကြာမကြာ ဖျန်းပေးပါတယ်။သစ်ရွက်/မြက်ခြောက်အုပ်ပေးခြင်း က အော်ဂဲနစ် ပစ္စည်း ထည့် ပေးခြင်းပါ။ အပေါ်က သစ်ရွက်မြက် အုပ်ပေးခြင်းက အော်ဂဲနစ်ပစ္စည်း ထည့် ပေးခြင်းရယ် အရိပ် ရစေခြင် လို့ပါ။ EMမကြာမကြာဖျန်းတာက ဇီ ဝ ပိုးတွေ ရှင်သန်မှုကောင်းအောင် ၊ သေဆုံးသွားတဲ့ ဇီဝပိုးတွေ နေရာမှာ အစားထိုးနိုင်ရန်၊ EM စွမ်းဆောင် ချက်လိုခြင်လို့နှင့် အခြားသော အ ချက်တွေကြောင့်ဖြစ်ပါတယ်။

သတိပြုရန်။ ။ ဒီဇီဝမြေသြဇာကို၊ စိမ်းပြာရေညှိ၊ ပင်လယ်ရေမှော် နှင့်ပင်လယ်ထွက်ပစ္စည်းအချို့ဖြင့်ဖေါ်စပ်နိုင်ပါတယ်။ ခုနည်းက အများ နဲ့ ကိုက်ညီမဲ့ဒေသအတော် များများ မှာရှိပြီးသားပစ္စည်းတွေနဲ့ ဖေါ် စပ်တဲ့နည်းကိုတင်ပြပေးမှာဖြစ်ပါ တယ်။
အနုဇီဝပိုးတွေရှင်သန်အောင်မွေးမြူတာဖြစ်ပါတယ်။ ဆွေးမြေ့ အောင်
ရက်အကြာကြီး ထားဖို့မလိုအပ်ပါဘူး။ (7/10) ရက်ခန့် (အပူ ချိန် မများတော့ဘူးဆိုရင်) အသုံးပြုလို့ရပါပြီ။

လိုအပ်သည့်ပစ္စည်းများ။
• ကြက်/နွား…… တိရိစ္ဆာန်ချေး တစ်မျိုးမျိုး (၅) အိတ်
• ဖွဲနု (၅) အိတ်။ ဖွဲမကြမ်း၊ မနုဆိုလဲ ရပါတယ်။
• EM (၅) လီတာ+သကာ ၅၀ကျပ်သား+ရေ ၂၀၀ လီတာ။
• FAA (၂) လီတာ

ပြုလုပ်ပုံ။
• EM ၊ FAA သကာနှင့် ရေတို့ကို ရောပြီး တစ်ညကြိုသိပ်ပါ။
• ဖွဲနု(၄)အိတ်အရင်ထည့်ပြီးတိရိစ္ဆာန်ချေး(၅)အိတ်ကို သမ အောင်
ဦးစွာမွှေလိုက်။
• ပြီးမှ EM FAA သကာနဲက ရေရောထားတာကို ဖြည်းဖြည်း ခြင်း
ဖျန်း။ ရေသိတ်မများစေနဲ့ ။ဆုပ်လုံးထိုးကွဲ ဆိုရင်သင့်ပါတယ်။
• သမသွားပြီဆိုရင် အပေါ်ဆုံကကျန်တဲ့ ဖွဲတစ်အိတ်ကို အဖုံး
အ နေနဲ့ ဖြူးလိုက်ပါ။
• မိုးကာ/တစ်ခုခုဖြင့် ဖုံးထားလိုက်ပါ။(အရိပ်အောက်ဆိုရင် မအုပ်
တာပိုကောင်း)
• (၃/၄ ရက်တစ်ကြိမ်အထက်အောက်လှန်) ၃ ကြိမ်ဆိုရပါပြီ။

ပိုကောင်းခြင်ရင်
• ပဲ/နှမ်းဖတ် (၂) ပိဿာ
• အရိုးမှုန့် နို့ဆီ (၄) ဗူး ကိုပါရောထည့်ပါ။

အထူးမှတ်ချက်။ ။ ဇီဝမြေသြဇာဆိုတာ ဓါတုဖြစ်စေ ၊ အော်ဂဲ နစ် ဖြစ်စေထည့်သမျှမြေသြဇာကို အပင်ကစားသုံးနိုင်အောင် လုပ်ပေးတဲ့ အပင်အတွက်စားဖိုမှူးကြီးဖြစ်ပါတယ်။ သူမရှိရင်ထည့်ပေးသလောက် အပင်ဆီ မရောက်နိုင်ပါဘူး။

ချမ်းသာကြပါစေ
ခွန်တူး။

52 Shares

Add a Comment

Your email address will not be published. Required fields are marked *