တ​နေ့ကို ၆မိနစ်​​လောက်​ သင့်​စိတ်​ကို အချိန်​​ပေးပါ

23 Shares

ရိပ်သာထိ မသွားနိုင်သေးဘူးဆိုရင်
နေ့စဉ် ၆-မိနစ်လောက် တရားထိုင်လိုက်ပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ ထိုင်နေရင်းနဲ့ ဘုန်းဘုန်းက တရားထိုင်စေချင်တယ်။ စာအုပ်လေးတွေ ခဏလေးချထားပြီးတော့ လက်တွေ့လုပ်ချင်တယ်။ ကုလားထိုင်ပေါ်မှာပဲ ထိုင်ရတယ် တရားထိုင်တာ… ၅-မိနစ် ၆-မိနစ်လောက်ပဲ တရားထိုင်မယ်။ အကြာကြီးမထိုင်ဘူး။

★ အကြာကြီးထိုင်ရင် တော်ကြာမျက်စိဖွင့်တဲ့အခါ ဘယ်ရောက်ကုန်မှန်း မသိဘူး ထွက်ပြေးကုန်မယ်။ ဘုန်းဘုန်းလည်း လေယာဉ်ကွင်းဆင်းဖို့ ရှိတယ်။ အားရှိအောင် ပြောထားတာလေ။ အကြာကြီးထိုင်မယ် ပြောရင် မထိုင်ဘဲ နေမှာစိုးလို့။

★ ထိုင်တဲ့အခါမှာ ပထမဆုံး ခန္ဓာကိုယ်နဲ့ စိတ်နဲ့ အဆက်အသွယ်ရအောင် mind-body relation ဒါလေးရှိဖို့ လိုအပ်တယ်။ ခန္ဓာကိုယ်နဲ့ စိတ်နဲ့ အတူတူအလုပ်မလုပ်ဘူးဆိုရင် ခန္ဓာကိုယ်က ပင်ပန်းတယ် စိတ်က မနားချင်ဘူး။ တခြားစီ သွားနေတယ်။

★ တခါ ခန္ဓာကိုယ်က ဆာလို့ ထမင်းစားတယ် စိတ်က မစားချင်ဘူး စိတ်က ဟိုတွေးဒီတွေး။ တခါတခါတော့ မတွေးပါဘူး ပါးစပ်က ၀ါးနေတယ် စိတ်က Facebook ဆီရောက်နေတယ်။ အဲဒါလည်း တခြားစီ။ အဲဒါမျိုးဆို mind-body coordination မရှိဘူး၊ mind-body coordination မရှိဘူးဆိုရင် အင်အားသုံးရတာ အများကြီးသုံးရတယ်တဲ့ draining ဖြစ်တယ်။

★ ဒါကြောင့် ပထမဆုံး ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပါ ခန္ဓာကိုယ် relax လုပ်ထား။ တင်းမထားနဲ့ relax လုပ်ထားပါ။ အကြောတွေ ဖြေလျော့ပါ။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို သနားသောအားဖြင့် ကြင်နာသောအားဖြင့် ၀င်လေထွက်လေ ကျကျနန ရှုရှိုက်ပါ။ အောက်စီဂျင် supply လုပ်ပါ။

🧘‍♀️🧘‍♂️ ၀င်လေ ထွက်လေ…
slow and deep breathing…
slow and deep breathing…

🧘‍♀️🧘‍♂️ အသက်ရှုတာ ခပ်ဖြေးဖြေးနဲ့ နက်နက်ရှိုင်းရှိုင်း ရှုပေးပါ။ ခပ်ပြင်းပြင်းလေး ရှုပေးပါ။

★ တင်းနေတဲ့ ကြွက်သားတွေ သတိထားမိရင် တင်းမာနေတဲ့ ကြွက်သားတွေနဲ့ ရန်မဖြစ်နဲ့ ရန်ဖြစ်မယ့်အစား သူတို့ကို လက်ခံပြီးတော့ သနားကြင်နာပါ။ တင်းနေတဲ့ မိမိရဲ့ကြွက်သားကို တစ်ဦးတည်းသော ရင်သွေးလို သဘောထားပါ။

💕 တစ်ဦးတည်းသော သားလေး တစ်ဦးတည်းသော သမီးလို သဘောထားပါ။ ပင်ပန်းနေတဲ့ ရင်သွေးလေး နားလို့ရအောင် အမေက ကရုဏာနဲ့ ပွေ့ဖက်ထားသလို ပွေ့ချည်ထားသလို အသိဉာဏ်နဲ့ ကရုဏာနဲ့ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို ပွေ့ချည်ထားပါ ပွေ့ဖက်ထားပါ။ Reassure လုပ်ပါ ကိစ္စမရှိဘူး ပင်ပန်းတာ နားလည်တယ်ဆိုပြီးတော့ နားလည်မှုလေးပေးပါ။

★ ၀င်လေ ထွက်လေ ကျကျနန ရှုရှိုက်ပါ။ စိတ်က ဟိုဟိုဒီဒီ ပျံ့လွှင့်တယ်ဆိုရင် automatic အတွေးတွေ auto thought တွေ ဖြစ်တယ်ဆိုရင် အဲဒီ auto အတွေးတွေနဲ့ သွားပြီးတော့ ရန်မဖြစ်နဲ့။ ဂဏှာမငြိမ်တဲ့ မိမိရဲ့ ရင်သွေးလေးကို နားလည်တဲ့စိတ် သနားတဲ့စိတ် ထားသလိုမျိုးထားပါ။

★ Restless mind ဂဏှာမငြိမ်တဲ့စိတ်တွေကို ကရုဏာနဲ့ကြည့်ပေး လက်ခံပေးပါ သူနဲ့ fight မလုပ်နဲ့ ရန်မဖြစ်နဲ့ သူ့ကိုလည်း လျစ်လျူရှုမထားနဲ့ ignore မလုပ်နဲ့။ သူ့ဟာသူ အလိုအလျောက်ပေါ်လာတဲ့ အတွေးတွေကိုလည်းပဲ ရပ်ပစ်ဖို့အတွက် အတင်းရပ်ပစ်ဖို့အတွက် သွားမလုပ်ပါနဲ့။

★ သနားကြင်နာတဲ့စိတ်နဲ့ သူ့အဖြစ်ကို လေးစားတဲ့အနေနဲ့ လက်ခံပေးပါ accept လုပ်ပါ။ slow and deep breathing… slow and deep breathing… ညင်ညင်သာသာ အသက်ရှုပါ အားစိုက်ပြီးတော့လည်း ရှုပါ။

★ လိုအပ်ရင် ၀င်လေကို (၁) ကနေ (၇) အထိ ရေပါ။ ၀င်လေတစ်ချက်တည်းကို (၁) ကနေ (၇) အထိ ရေပါ။ ခန္ဓာကိုယ်ကြွက်သားတွေ တင်းနေတာရှိလား၊ သတိပြုပြီးတော့ ရှိတယ်ဆိုရင် သူ့ကိုလက်ခံပါ fight မလုပ်နဲ့ ignore လည်း မလုပ်နဲ့။ ၆-မိနစ်ပြည့်ပါပြီ။

★ ဒီထဲမှာ တရားထိုင်တဲ့ဟာ ကိုယ်အလုပ်တွေရှုပ်တဲ့အခါ စိတ်ဖိစီးတွေများတဲ့အခါဆိုရင် ၀င်လေထွက်လေ နည်းနည်းပါးပါး ကြည့်ပြီးရင် ကိုယ်ရဲ့ စိတ်ဖိစီးမှု ဘာတွေရှိတုန်း။ ဘာ stress တွေ ရှိတုန်း။ ဘာ emotion တွေ ရှိတုန်း။ အဲ emotion တွေကို လိုက်ရှာ။ လိုက်ရှာပြီးတော့ တစ်ခုစီတစ်ခုစီ လက်ခံလိုက် accept လုပ်လိုက်။ တစ်ခုစီ တစ်ခုစီ recongnize လုပ်တာ။

🔺 တရားထိုင်တဲ့နည်း ရိပ်သာထိတရားသွားထိုင်နိုင်တယ်ဆိုရင် ဒါကတော့ ပိုကောင်းတာပေါ့။ ရိပ်သာထိ မသွားနိုင်သေးဘူးဆိုရင် ကိုယ့်ဟာကိုယ် အလုပ်ခွင်မှာပဲ အလုပ်တွေရှုပ်နေတယ်ဆိုရင် အဲဒါလည်း စိတ်မလျော့နဲ့ အလုပ်ခွင်ထဲမှာ ၆-မိနစ်လောက် တရားထိုင်လိုက်။

★ ၆-မိနစ်လောက် တရားထိုင်လိုက်ရင် ဒီဦးဏှောက်တွေ နေ့တိုင်းတရားထိုင်တယ်ဆိုရင် ဒီ ဦးဏှောက်က positive ဘက်ကို ပြောင်းသွားတယ်တဲ့။ ၂၀၀၉ ခုနှစ်တုန်းက ဒီဆရာမကြီး Elizabeth Blackburn ဆိုတဲ့ ပါမောက္ခကြီး နိုဗယ်လ်ဆုရထားတယ် Biology မှာ သူရဲ့ သုတေသနထဲမှာ ၆-မိနစ်တရားထိုင်တာနဲ့ ဒီ emotion တစ်ခု regulate လုပ်နိုင်တယ်။

★ တရားလည်းထိုင်မယ် exercise လည်း လုပ်မယ်။ မန္တလေးတက္ကသိုလ်က ဒီလောက်ထိ ၀င်းကျယ်တယ်ဆိုတော့ ဟိုအဆောင် ဒီအဆောင် လမ်းလျှောက်တာ exercise က တော်တော်လေးရနေပြီ။ နောက်ထပ် လိုအပ်တဲ့ exercise တစ်ခုကတော့ Emotional execrcise ပဲ။ ဒါ meditation လုပ်လို့ရတယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ

(၁၁.၁.၂၀၁၈) မန္တလေးတက္ကသိုလ် တွင် ဟောကြားတော်မူခဲ့သော “ဓမ္မစကြာ” တရားတော်မှ ရေးသားပူဇော်ပါသည်။

phot credit to original uploader

23 Shares

Add a Comment

Your email address will not be published. Required fields are marked *