ထိုင်းသင်္ကြန်​​ ထက်​မြန်​မာင်္ကြန်​ကို ဘာလို့လူသိနည်းကြတာလဲ

ထိုင်းနိုင်​ငံရဲ့ ​ရေသဘင်​ပွဲ​တော်​ကို(Songkran Festival) လို့​ခေါ်တယ်​။

မြန်​မာနိုင်​ငံရဲ့ ​ရေသဘင်​ပွဲ​တော်​ကို(Thingyan Festival)လို့​ခေါ်တယ်​။

ထိုင်း ​ရေသဘင်​ပွဲ​တော်​နဲ့မြန်​မာ့​ရေသဘင်​ပွဲ​တော်​ ကျ​ရောက်​တဲ့​နေ့ဟာ တူညီပါတယ်​။

ဒီနှစ်​က ဧပြီလ(၁၃)ရက်​ ​စ​နေ​​ ​နေ့ကစပြီး ဧပြီလ(၁၆)ရက်​ အင်္ဂါ​နေ့အထိ့ မြန်​မာ့​ရေသဘင်​ပွဲ​တော်​(ရိုးရာမဟာသင်္ကြန်​)ကျင်းပမှာဖြစ်​ပြီး ထိုင်းနိုင်​ငံမှာ​တော့ ဧပြီလ(၁၃)ရက်​ ​စ​နေ​​​နေ့ကစလို့ ဧပြီလ(၁၅)ရက်​ ​တနလာင်္​နေ့အထိ့သာ ကျင်းပမှာဖြစ်​ပါတယ်​။

ထိုင်းနိုင်​ငံရဲ့​ရေသဘင်​ပွဲ​တော်​ဟာ အုပ်​စုအလိုက်​ လမ်း​လျှောက်​၍ ​ရေပက်​ဖျန်း​ဆော့စကားနည်းကို ဦးစား​ပေးပြီး ထိုင်းလူမျိုးများသာမက ကမ္ဘာ့လှည့်​ခရီးသည်​များလည်း ပါဝင်​ဆင်​နွှဲကြပါတယ်​။

အချို့နိုင်​ငံခြား ဧည့်​သည်​အ​တော်​များများဟာ ထိုင်းသင်္ကြန်​Songkran Festival ကို နွှဲ​ပျော်​ချင်​လို့ ချိန်​ကိုက်​ပြီး အလည်​အပတ်​လာ​ရောက်​ကြပါတယ်​။ထို့​ကြောင့်​ ထိုင်းသင်္ကြန်ဟာ ​​နိုင်​ငံခြား ခရီးသည်​ဝင်​​ရောက်​မှုများပြားပြီး တိုင်းပြည်​အတွက်​ ဝင်​​ငွေလည်းတိုး​စေပါတယ်​။

ဒါ့​ကြောင့်​ Songkran Festival ကို ကမ္ဘာကသိ​ပေမဲ့ Thingyan Festival ကို ကမ္ဘာက မသိဖြစ်​​နေပါတယ်​။

ဘာ့​ကြောင့်​ Thingyan Festival ကမ္ဘာကမသိလဲဆိုတော့
မြန်​မာသင်္ကြန်​ဟာ မြို့တွင်း မဏ္ဍပ်​များရှိရာသို့ အခ​ကြေး​ငွေ​ပေးပြီး ကားဖြင့်​​ လည်​ပတ်​နိုင်​မှသာလျှင်​ ​ပျော်​ရွှင်​ဖွယ်​​ကောင်းမှာဖြစ်​ပြီး ကားဖြင့်​မလည်​ပတ်​နိုင်​ပါက မြန်​မာသင်္ကြန်​ဆိုတာကို မြန်​မာလူမျိုးများ​တောင်​ခံစားလို့မရ​တော့ပါ။

အခုဆိုရင်​ မြန်​မာနိုင်​ငံ၌ မြို့နယ်​အလိုက်​ လမ်း​လျှောက်​သင်္ကြန်​ စတင်​ ကျင်းပပြုလုပ်​လာခြင်းကို ကျွန်​​တော့်​အ​နေဖြင့်​ အား​ပေး ​ထောက်​ခံ ကြိုဆိုပါတယ်​။ဒါမှ လူမျိုး၊ဘာသာ၊ ဆင်းရဲ၊ချမ်းသာမ​ရွေး စည်းစည်းလုံးလုံး သိုက်​သိုက်​ဝန်းဝန်းနဲ့ပါဝင်​ဆင်​နွှဲနိုင်မှာဖြစ်​ပါတယ်​။မြန်​မာနိုင်​ငံသားများသာမက ကမ္ဘာ့နိုင်​ငံသားများကိုလည်း ဆွဲ​ဆောင်​နိုင်​မည့်​ အစီအစဉ်​များကို ထည့်​သွင်းကျင်းပပြုလုပ်​နိုင်​မည်​ဆိုပါက ကမ္ဘာက သိလာပြီး ရိုးရာသင်္ကြန်​ကြီးဟာ မြန်​မာနိုင်​ငံအတွက်​ Marketing ကြီး ဖြစ်​လာနိုင်​ပါ​ကြောင်း ​တင်​ပြလိုက်​ပါသည်​။
Credit
ဘဝခါးခါး✏

137 Shares

Add a Comment

Your email address will not be published. Required fields are marked *