ကိုယ်​ကိုယ်​ကို ​မေတ္တာ ထားပါ

113 Shares

ကိုယ့်စိတ်ကိုယ် ပြန်အားပေးပါ
__________________________

ဘဝမှာ…
ဖြစ်ခြင်တဲ့ ဆန္ဒနဲ့  ဖြစ်သင့်တာနဲ့  ချိန်ဆရင်း
ဖြစ်ခြင်တဲ့ စိတ်ကူးတွေ အကြိမ်ကြိမ်လွဲချော်ခဲ့ဖူးတယ် …

ဘဝမှာ …
မျှော်လင့်ထားတဲ့ အတွေးနဲ့  လက်တွေ့ ကို ဆင်ခြင်ရင်း
မျှော်လင့်ထားခဲ့သမျှ အကြိမ်ကြိမ်ပျောက်ကွယ်ဖူးခဲ့တယ် …

ဘဝမှာ …
လိုခြင်တောင့်တမိတဲ့ အရာကို မတရားမယူချင်လို့ 
ဆန္ဒတွေချိုးနှိမ်ပြီး လက်လျော့ခဲ့ရတာလည်း
အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ် …

ဘဝမှာ …
စိတ်နာအောင်လုပ်သွားသူကို လက်တုန့် ပြန်လိုက်ချင်
ပေမယ့် ငရဲကိုမယူရဲလို့  အရှုံးပေးပြီး
နောက်ဆုတ်ပေးလိုက်ရတဲ့ အဖြစ်တွေလည်း ရှိခဲ့ဖူးတယ်…

ဘဝမှာ …
နာကျင်စေသူကို လက်တုန့် ပြန်ရင် အနိုင်ရမှန်းသိပေမယ့်
နောက်ထပ် ရေစက်မဆုံချင်တော့လို့ 
ဥပေက္ခာပြုခြင်းနဲ့ သာ လက်တုန့် ပြန်လိုက်တာတွေလည်း
ရှိခဲ့ပါတယ် …

ဘဝမှာ …
မချစ်သင့်တော့မှန်း သိနေတဲ့ လူတစ်ယောက်ကို
ဦးနှောက်က တားစီးနေပေမဲ့ နှလုံးသားရဲ့ ခံစားချက်ကို
မလွန်ဆန်နိုင်တဲ့အခါ စိတ်အဆင်းရဲခံပြီးလည်း
ချစ်ခဲ့ဖူးပါတယ် …

ဘဝမှာ …
အသက်မက ချစ်ခဲ့ရပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေမို့ 
မမုန်းရက်ပဲ ရင်နာနာ စွန့် လွှတ်ခဲ့ရသူလည်း ရှိခဲ့ဖူးပါတယ်…

ဘဝမှာ …
ကိုယ့်ကိုယ် အချစ်ဆုံးလို့  ခံယူထားသူက
အနာကျင်ဆုံး စိတ်ဒဏ်ရာတွေပေးပြီး စွန့် သွားတာလည်း
ရင်ဆိုင်ခဲ့ဖူးပါတယ် …

္နဒီလောက်ဆို လူတစ်ယောက်ရဲ့ ဘဝအတွေ့ အကြုံနဲ့ 
လုံလောက်ပါပြီ နောက်ထပ် ဘယ်အပူမှ မရချင်တော့ဘူး…

ဒီလောက်ဆို လူတစ်ယောက်မှာ လက်ခံနိုင်တဲ့
စိတ်ဒဏ်ရာတွေ လုံလောက်ပါပြီ
နောက်ထပ် ဘယ်အရာကိုမှ စိတ်နစ်ပြီး မခံစားချင်တော့ဘူး…

ရင်ဆိုင်ခဲ့ရတဲ့ အဆိုးတွေကို သင်ခန်းစာအဖြင့် အသုံးချရင်း
~ အမှားတွေနည်းအောင် နေထိုင်မယ်.
~ ပျော်စရာတွေကိုသာ ရွေးချယ်ပြီး ဘဝကို
ပျော်ပျော်လေးပဲ ဖြတ်သန်းတော့မယ် .
~ ငိုစရာတွေကြုံလာရင် အရင်ကငိုခဲ့ရတာတွေကို
ပြန်တွေးပြီး ရယ်မောပစ်လိုက်မယ် .
~ စိတ်ညစ်စရာတွေ ကြုံလာရင် တချိန်က နာကျင်မှုတွေကို
ပြန်တွေးပြီး ဟာသလုပ်ပစ်လိုက်မယ် .

လူဆိုတာ
ကိုယ့်ဘဝတိုးတက်အောင်လုပ်ဖို့ လည်း ကိုယ့်တာဝန်
ပျော်အောင်နေဖို့ လည်း ကိုယ့်တာဝန်
ပြိုလဲကျအောင်လုပ်တာလည်း ကိုယ့်စိတ်ပဲ …

ဒါကြောင့် …
ကိုယ့်ဘဝအတွက် တာဝန်အရှိဆုံးသူကိုယ်က

တချိန်က ဘယ်လိုအမှားတွေလုပ်ခဲ့မိပါစေ
ဒီနေ့ မှာ အကောင်းဆုံးဖြစ်အောင် နေထိုင်မယ်

တချိန်က ဘယ်လိုငိုကြွေးခဲ့ပါစေ
ဒီနေ့ မှာ အလှဆုံးပြုံးထားမယ်

တချိန်က ဘယ်လောက်နာကျည်းစရာတွေရှိခဲ့ပါစေ
ဒီနေ့  နောင်တကင်းကင်းနဲ့  စိတ်ချမ်းသာအောင်နေမယ်

တချိန်က ဘယ်လောက်အခက်ခဲတွေ ရှိခဲ့ပါစေ
ဒီနေ့  အခက်ခဲမှန်သမျှကို အားသစ်တွေနဲ့ ရင်ဆိုင်မယ်

တချိန်က မုန်းတီးမိခဲ့သူတွေရှိခဲ့ပါစေ
ဒီနေ့  လူတိုင်းနဲ့  ချစ်ချစ်ခင်ခင်နေထိုင်မယ်

တချိန်က အကြိမ်ကြိမ်ပြိုလဲ ကျ ခဲ့ပေမဲ့
ဒီနေ့  စိတ်သစ်လူသစ်နဲ့  အရာရာကို အေးဆေးစွာ
ဖြေရှင်းပြီး ကျော်လွှာမယ်
………………………

လူတိုင်းမှာ အတိတ်ဆိုတာရှိတယ်
အဆိုးတွေလည်းရှိခဲ့သလို ကောင်းတာတွေလည်းရှိခဲ့
ကြပါတယ် ကိုယ်တစ်ယောက်ထဲ မဟုတ်ပါဘူး …

အဆိုးတွေ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရလေ
ဘဝသင်ခန်းစာတွေ ပြည့်ဝလာစေပါတယ် …

ရရှိလာတဲ့ ဘဝသင်ခန်းစာတွေနဲ့  ကိုယ့်ဘဝကိုယ်
အကောင်းဆုံးပြုပြင်ရင်း နေ့ သစ်တိုင်းမှာ
ကိုယ့်စိတ်ကိုယ် ပြန်အားပေးရင်း
အားအင်အသစ် အတွေးအသစ်တွေနဲ့  နောင်တမဲ့စွာ
ရှင်သန်နေထိုင်လိုက်ပါတယ်…။

Crd_Maynoe

မေတ္တာဖြင့်မျှဝေသူ

#မိုးသက်ဝေ

113 Shares

Add a Comment

Your email address will not be published. Required fields are marked *