စည်ပင်ဒုဦးစီးမှူး မောင်းနှင်လာ သောကား အမြန်လမ်း၌မီးလောင်

6 Shares

#
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

ပဲခူး၊ ဇန်နဝါရီ ၆

#စည်ပင်သာယာရေးကော်မတီ ဒုဦးစီးမှူးတစ်ဦးမောင်းနှင်
လာသောကားသည် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ညနေပိုင်းက ဝါယာရှော့မှတဆင့် မီးလောင်မှုဖြစ်ပွား
ခဲ့ကြောင်း အမြန်းလမ်းမကြီးရဲစခန်းထံမှ သတင်းရရှိသည်။

ယနေ့(ဇန်နဝါရီလ ၆ရက်)နေ့ ညနေ ၅ နာရီအချိန်ခန့်က
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၀၉/၆ နှင့်
၁၀၉/ ၇ အကြား၌ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့
ယာဉ်မောင်း မောင်မောင်သက် (၄၇)နှစ် ဒုဦးစီးမှူး (စည်
ပင်သာယာရေးကော်မတီ)၁၃ ရပ်ကွက် လှိုင်မြို့နယ်နေသူ
သည် အမျိုးသမီးတစ်ဦးလိုက်ပါလျှက် ယာဉ်အမှတ် 3F/
1674 IPSUM ခဲရောင်ယာဉ်ဖြင့် မောင်းနှင်လာစဉ်
ယာဉ်မှာဝါယာ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်
ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ထိုသို့ ယာဉ်မီးလောင်ကျွမ်းမှုဖြစ်စဉ် အမြန်လမ်းမကြီးမီး
သတ်တပ်ဖွဲ့ဝင် များက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နာရီဝက်
ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကာ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ
လာအေမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း
ယာဉ်မှာ မီးလောင်ပျက်စီးခဲ့ကြောင်း ရဲမှတ်တမ်းက
ဖော်ပြထားသည်။

#အထက်ပါဖြစ်စဉ်မှ ယာဉ်အားစစ်ဆေးခြင်းမရှိဘဲ ပေါ့
လျှော့စွာမောင်းနှင်သည်ဆိုကာ ယာဉ်မောင်းမောင်မောင်
သက်အား ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှ (ပ)၃၀/၂၀၁၉
ရာဇသတ်ကြီးပုဒ်မ-၂၈၅ တို့အရ အမှူရေးဖွင့်ကာ ဖမ်းဆီး
အရေးယူဆောင်ရွက်လျက်ရှိကြောင်း ယင်းစခန်းထံမှ
သိရသည်။

သတင်းနှင့်ဓာတ်ပုံ-သန်းဝင်းနိုင်
#BagoWeeklyJournal

#TZO
မူရင်းသတင်းတင်​သူအား Credit ​ပေးပါတယ်

6 Shares

Add a Comment

Your email address will not be published. Required fields are marked *