စီးပွားဖြစ်​ရချင်​ရင်​ ဝါးပင်​စိုက်​ပါ

“သတိမပြုမိကြသော ဝါးပင်ရဲ့ အကျိုးကျေးဇူးများ”
================================

ဝါးပင်ဟာ တကယ်တော့ မြက်ပင်လို့ ပြောလို့ရပါတယ်…… ဒါပေမယ့် ဝါးပင်ဟာ သိပ်ကိုထူးခြားတဲ့ အပင်ပါ…… ကြီးထွားနှုန်း မြန်ဆန်ပြီး သစ်မဟုတ်တဲ့ သစ်တောထွက် ပစ္စည်းထဲမှာ ပါဝင်ပြီးတော့ ကမ္ဘာပေါ်မှာ အလွန်အရေးပါတဲ့ အလိုအလျောက် ပေါက်တဲ့အပင်မျိုးထဲမှာ ပါဝင်ပါတယ်…..

ဝါးပင်မှာ မျိုးကွဲပေါင်း ၁၂၀၀ ကျော်ရှိပြီးတော့ ကမ္ဘာအနှံ့မှာ ပေါက်ပါတယ်…… အမျိုးကွဲတွေပေါ် မူတည်ပြီး ၃၀ မီတာကနေ အဲ့ဒိထက် ပိုပြီး မြင့်တက်နိုင်ပါတယ်….. အာရှ၊ အာဖရိကနဲ့ အမေရိကတို့ အပါအဝင် ကမ္ဘာ့ သစ်တောတွေရဲ့ ဂေဟစနစ်တွေထဲက ဟက်တာဧက ၁၈ သန်းခန့် ပေါက်ရောက်နေပါတယ်……

သစ်အနေနဲ့ ထုတ်လုပ်လို့ရတဲ့ အပင်တွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ ဝါးပင်တွေဟာ သဘာဝအလျောက် ပြန်လည် ပေါက်ရောက်နိုင်စွမ်း ရှိတဲ့ အပင်တွေပဲ ဖြစ်ပါတယ်….. ဒီနှစ် ခုတ်ပီးတာနဲ့ အလိုလျောက် ပြန်ပေါက်ပြီး နောင်နှစ်မှာ ပြန်လည် ခုတ်ယူနိုင်ပါတယ်……

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဝါးတွေဟာ အကြမ်းသုံးအနေနဲ့ နေရာပေါင်းစုံမှာ အသုံးပြုကြသလို အိမ်ဆောက်ခြင်း၊ ပရိဘောဂ ပစ္စည်းများအဖြစ် အသုံးပြုခြင်း၊ လက်မှုပစ္စည်းများအဖြစ် အသုံးပြုခြင်း၊ မီးဖိုချောင်မှာ အသုံးပြုခြင်း စသည်ဖြင့် ပုံစံမျိုးစုံနဲ့ အသုံးပြုကြပါတယ်…… ခေတ်ပေါ် သစ်သားအစားထိုး အနေနဲ့ အသုံးပြုသလို စက္ကူထုတ်ယူရာမှာလည်း အသုံးပြုပါတယ်…..

ဝါးပင်ကို သဘာဝပါတ်ဝန်းကျင်ကို အများကြီး အကျိုးပြုတဲ့ အပင်အဖြစ် သတ်မှတ်လို့ရပါတယ်…… တောင်စောင်း တောင်စွန်းတွေမှာ ဂေဟစနစ်ကို အထောက်အကူဖြစ်စေတဲ့ မြေဆီလွှာ သမမျှတအောင် ညှိပေးပြီး တိုက်စားခံရခြင်းမှာ ကာကွယ်ပေးပါတယ်….

ဝါးပင်ဟာ သစ်တောများအတွက် အလွန်အရေးကြီးတဲ့ အပင်ဖြစ်ပြီးတော့ သဘာဝ သစ်တောတွေကနေ ခုတ်ယူနိုင်တယ်၊ စိုက်ပျိုးနိုင်တယ်၊ သစ်တောတွေထဲမှာ အခြားသော အပင်တွေနဲ့ ရောထွေးပြီး သမမျှတစွာ ပေါက်နိုင်စွမ်းရှိတဲ့ အပင်လည်း ဖြစ်ပါတယ်…..

အပူပိုင်း သစ်တောတွေကို ထိမ်းသိမ်းဖို့၊ စောင့်လျှောက်ဖို့နဲ့ သစ်ထုတ်လုပ်ခြင်း သစ်စေး ထုတ်လုပ်ခြင်း လုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ ဝါးပင်ကို စိုက်ပျိုးပေးခြင်းဟာလည်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်…… ဝါးပင်ဟာ တောနေ ဆင်းရဲတဲ့ လူတွေအတွက် စီးပွားရေးအရ များစွာ အထောက်အပံ့ပေးနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်…….

ကမ္ဘာပေါ်မှာရှိတဲ့ သန်း ၆၀၀ ကျော် လူအများစုဟာ ဝါးပင်တွေကနေတစ်ဆင့် ရရှိတဲ့ ဝင်ငွေကို မှီခိုနေရတာ ဖြစ်ပြီး သန်း ရာနဲ့ချီတဲ့ လူအများစုဟာ ဝါးနဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေမှာ နေထိုင်ကြတာ ဖြစ်ပါတယ်…… ဝါးပင်ရဲ့အားသာချက်ကတော့ ကလေးငယ်တွေကော အမျိုးသမီးတွေပါ အလွယ်တကူ ခုတ်ယူနိုင်ခြင်း၊ သယ်ယူနိုင်ခြင်းပဲ ဖြစ်ပါတယ်……

ဝါးပင်ဟာ အလွယ်တကူ စိုက်ပျိုးနိုင်ခြင်း၊ ခုတ်ယူပြီး အလိုအလျောက် ပြန်လည် ပေါက်ရောက်နိုင်ခြင်းတို့ကြောင့် လူသားတွေအပေါ် များစွာ အကျိုးပြုပါတယ်….. လယ်ကွက် ပါတ်ပါတ်လည်မှာ စိုက်ပျိုးထားမယ်ဆိုရင်လည်းလယ်သမားတွေအတွက် ပုံမှန်ဝင်ငွေကို ရရှိစေနိုင်ပါတယ်…..

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက သုတေသန လုပ်ခဲ့တာတွေကနေ တွေ့လာရတဲ့ အသိတွေကြောင့် ဝါးပင်ဟာ စီးပွားရေးမှာ များစွာ အထောက်အကူပေးနိုင်စွမ်း ရှိပြီးတော့ အခြားသော ထုတ်ကုန်များအနေနဲ့လည်း အသုံးပြုနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်….. ဝါးပင်ကနေ ပျော့ဖတ်နဲ့ စက္ကူကို ထုတ်လုပ်နိုင်ပါတယ်……

ဝါးနဲ့ ပြုလုပ်ထားတဲ့ မီးသွေးဟာ အနံ့ဆိုးတွေ၊ မကောင်းတဲ့ အနံ့အသက်တွေကို စုပ်ယူနိုင်စွမ်း အင်မတန် အားကောင်းလှတာကြောင့် ဟော်တယ်များ၊ ကိန်းခန်းကြီးလှတဲ့ သူဌေးကြီးများရဲ့ ခန့်ငြားထည်ဝါတဲ့ အိမ်တွေမှာ အသုံးပြုကြပါတယ်……. မြန်မာနိုင်ငံမှာလည်း စစ်တွေကို ကားလမ်း ဖောက်ချိန်မှာ ပျော့ပြောင်းလှတဲ့ အောက်ခံမြေသားကြောင့် ဝါးကို အသုံးပြုပြီး လမ်းဖောက်လုပ်ခဲ့ရတယ်လို့ သိရပါတယ်…..

ဝါးပင်နဲ့ ပါတ်သက်လို့ လူသားတွေအတွက် အကျိုးပြုတဲ့ နောက်တစ်မျိုးကတော့ ပေါက်ခါစ ဝါးပင်ဖြစ်တဲ့ မျှစ်ကို အစားအစာအဖြစ် စားသုံးနိုင်ခြင်းပဲ ဖြစ်ပါတယ်……. ဖိုင်ဘာနဲ့ အဟာရဓါတ် များစွာ ကြွယ်ဝပြီး လူ့ခန္ဓာကိုယ်ကို တည်ဆောက်ရာမှာ များစွာ အသုံးဝင်တဲ့ ဓါတ်တွေ ပါဝင်ပါတယ်…..

မျှစ်မှာ ပါဝင်တဲ့ ဖိုင်ဘာဓါတ်ဟာ ရေရှည် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်….. မျှစ်မှာ ပါဝင်တဲ့ Lignas ဟာ ကင်ဆာ၊ ဘက်တီးရီးယား၊ မှိုစွဲကပ်ခြင်း၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို ကာကွယ်ပေးနိုင်ပြီး Phenolic acid ကတော့ အိုမင်းရင့်ရော်ခြင်းနဲ့ ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်……

မျှစ်မှာ ဗီတာမင်နဲ့ သတ္ထုဓါတ်များ ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ် တည်ဆောက်ရာမှာ အဓိကကြတဲ့ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်၊ သံဓါတ်၊ Thiamine, Riboflavin, Niacin, Phosphorus, Fat, Carbohydrates, Protein, and Calories တွေများစွာ ပါဝင်ပါတယ်…….

မျှစ်မှာပါဝင်တဲ့ ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်တွင်းက သွေးပေါင်နဲ့ နှလုံးခုံနှုန်းကို ပုံမှန်ဖြစ်စေရန် ထိမ်းညှိပေးပါတယ်…….. ဝါးပင်ကနေ ဗီနီဂါလည်း ထုတ်ယူရရှိနိုင်သလို၊ ဝါးနဲ့ ပြုလုပ်ထားတဲ့ ကြမ်းခင်းတွေကို ပါကေးအစား အသုံးပြုမှုတွေလည်း ပိုမို များပြားလာပါတယ်…….

“ဝါးပင်များရဲ့ အဓိက အကျိုးပြုမှုကတော့ လေထုထဲမှာရှိတဲ့ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောင်ဆိုဒ်ကို သမမျှတအောင် ထိန်းညှိပေးပါတယ်….. ကြီးထွားမြန် အပင်မျိုး ဖြစ်တဲ့အတွက် သစ်အစားထိုး အသုံးပြုနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်……”

ဝါးနဲ့ အိမ်ဆောက်နိုင်တဲ့အပြင် တံတားများပင် ဆောက်လုပ် အသုံးပြုနိုင်ပါတယ်…… ထိပ်တန်း ပရိဘောဂ၊ ကော်ဇော၊ ဖျာ၊ နေကာ ယင်းလိပ်၊ ခြံစည်းရိုးနဲ့ တန်ဖိုးမြင့် အနုပညာလက်ရာ ပစ္စည်းတွေအဖြစ်လည်း ထုတ်လုပ် အသုံးပြုနိုင်ပါတယ်……

တရုတ်ပြည်မှာတော့ ကံကောင်းခြင်းနဲ့ စွမ်းအားတွေကို ရရှိစေနိုင်တယ်လို့ ယုံကြည်ကြတဲ့အတွက် အိမ်တိုင်းလိုလိုမှာ ဝါးပင်ကို တွေ့ရတတ်ပါတယ်….. ဝါးပင်နဲ့ ပါတ်သက်တဲ့ အဓိက ပြဿနာကတော့ အလွယ်တကူ ပေါက်ရောက်နေတဲ့ သဘာဝအပင် ဖြစ်ပြီး လွယ်ကူစွာ ခုတ်ယူနိုင်ခြင်းပဲ ဖြစ်ပါတယ်….. စည်းကမ်းမဲ့စွာ ဝါးပင်များကို ခုတ်ယူအသုံးပြုခြင်းဟာ ဝါးမျိုးသုဉ်းမှုကို ဖြစ်ပေါ်စေတာပါပဲ……

ဝါးပင်ရဲ့ လူသားတွေအပေါ် အကျိုးပြုမှုကြောင့် နိုင်ငံတကာမှာ ဝါးပင်တွေကို တန်ဖိုးထားပြီး စနစ်တကျ စိုက်ပျိုးလာချိန်မှာ တစ်ချိန်က အရှေ့တောင်အာရှမှာ အကြီးမားဆုံး ဝါးတောလို့ တင်စားခဲ့တဲ့ ကျွန်တော်တို့နိုင်ငံက ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကြား မြင်ကွင်းကတော့ ပုံပါအတိုင်း တောင်ကတုံးတွေ ဖြစ်လို့နေပါတယ်……

စနစ်မကျတဲ့ ဝါးထုတ်ယူမှု၊ အမြှစ်ကနေ တူးထုတ်ပြီး မီးသွေးဖုတ်မှုကြောင့် အသစ်တစ်ဖန် ပြန်လည် ပေါက်နိုင်ခြင်းမရှိတာကြောင့် တောင်များဟာ တောင်ကတုံးအဖြစ်ကို ရောက်ရှိကုန်ပါတော့တယ်…… တစ်ချိန်က နေပျောက်မထိုးတဲ့ သစ်တော၊ လမ်းဘေး ဝဲ ယာ၊ ကိုင်းကျနေတဲ့ ဝါးတောဆိုတာ ပုံပြင်တစ်ပုဒ်လိုပါပဲ……

အခုအခါမှာတော့ အဲ့ဒိတောင်ကတုံးတွေဟာ အပိုင်းလိုက် အပိုင်းလိုက် ခွဲခြား ရောင်းချထားပြီး ဝယ်ယူထားသူတွေကလည်း ဘာအပင်မှာ ပြန်လည် စိုက်ပျိုးခြင်း မရှိသေးတာကြောင့် အဆိုပါ တောင်ကတုံးတွေဟာ သဘာဝ ပါတ်ဝန်းကျင်ကို များစွာ ထိခိုက်စေနိုင်သလို ဂေဟစနစ်ကိုလည်း ပျက်စီးစေနိုင်ပါတယ်…….

ဒါကြောင့် သက်ဆိုင်သူများ ပြန်လည်ကြပ်မတ်ပြီး သဘာဝ ဂေဟစနစ်ကို ပြန်လည် တည့်မတ်ပေးရင်း ဝါးပင်ရဲ့ အကျိုးကျေးဇူးတွေကို သိရှိနိုင်စေဖို့ ရည်ရွယ်ရင်း ဒီစာကို ရေးလိုက်ပါတယ်……

စိုက်ပျိုးရေးသုံး စက်နှင့်နည်းပညာစုစည်း

66 Shares

Add a Comment

Your email address will not be published. Required fields are marked *