ဆုံးဖြတ်​မ​စောလိုက်​ပါနဲ့ သင်​မြင်​တဲ့အရာတိုင်းက အ​ကြောင်းရှိမြဲ

107 Shares

ဆုံးဖြတ်မစောလိုက်ပါနဲ့။
***********************

ရထားတစ်စင်းပေါ်မှာပေါ့…
၂၄ နှစ်အရွယ်ကောင်လေးက ရထားပြူတင်းပေါက်ကနေအပြင်ကို
ကြည့်နေရင်း အော်ပြောလိုက်တယ်…

“အဖေ …ကြည့်ပါဦး …သစ်ပင်တွေက
နောက်မှာကျန်ခဲ့တယ်နော်…ဟေ..ဟေး…”

သူ့အဖေကတော့ ပြုံးနေပါတယ်…။
သူတို့နဲ့ မျက်နှာချင်းဆိုင်ခုံက
လင်မယားနှစ်ယောက်ကတော့
ကောင်လေးရဲ့  ကလေးကလား
အပြုအမူ အပြောအဆိုတွေကြည့်ပြီး
မျက်စောင်းထိုးနေတာပေါ့…။
ကောင်လေးက ရုတ်တရက်
ထအော်ပြောပြန်ပါတယ်…။

“ ဟာ…အဖေ…ကြည့်ပါဦးဗျ…တိမ်တွေက
ကျနော်တို့နောက်လိုက်လာတယ်နော်…”

ဟိုလင်မယားနှစ်ယောက်က
သည်းမခံနိုင်တော့ဘဲ ကောင်လေးအဖေ
အဖိုးကြီးကိုပြောလိုက်တယ်…။

“ ကောင်လေးကို…
ဆရာဝန်ပြဖို့တော့လိုပြီထင်တယ်…”

အဖိုးကြီးကလည်း ပြုံးပြုံးလေးပဲ
ပြန်ဖြေပါတယ်…

“ ဆရာဝန်ပြပြီးပါပြီ…
ခုပဲကျုပ်တို့ဆေးရုံကပြန်လာကြတာ…
ကျုပ်သားက မွေးရာပါ
မျက်စိကွယ်နေခဲ့တာ…
ဒီနေ့ဟာ သူ လောကကြီးကို
ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့ပေါ့…”

လောကမှာရှိသမျှလူအားလုံးဟာ
သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်…
သူတို့အကြောင်းကို သေချာမသိဘဲ
သူတို့ကိုဆုံးဖြတ်မစောလိုက်ပါနဲ့…

Crd #

107 Shares

Add a Comment

Your email address will not be published. Required fields are marked *