ဇလုံ​တောင်​သို့ ဘလိုသွားမလဲ

ဇလုံ​တောင်​သို့

ဇလုံ​တောင်​ကိုသွားလို့ရမယ့်​လမ်းနှစ်​သွယ်​ရှိပါတယ်​။ပထမတစ်​လမ်းက​တော့ မန္တ​လေး-မတ္တရာ-သပိတ်​ကျင်းလမ်းအတိုင်း​မောင်းရပြီး သပိတ်​ကျင်း​-ဗန်း​မော်​လမ်းခွဲ​ရောက်​ရင်​ (၇)မိုင်​ရွာ သို့မဟုတ်​ ​အောင်​ချမ်းသာရွာမှ ဗန်း​မောက်​ဘက်​သို့ဆက်​​မောင်းပြီး တွင်းငယ်​၊တ​ကောင်း၊​မောင်းကုန်းစတဲ့မြို့​တွေကိုဖြတ်​ပြီးရင်​ ထီးချိုင့်-​ဧရာဝတီ တံတားက​နေဆက်​သွားရင်​ ထီးချိုင့်​ကို​ရောက်​ပါမယ်​၊ထီးချိုင့်​က​နေမိုင်​(၂၀)​လောက်​ဆက်​​မောင်းရင်​ ​ရွှေဘို-မြစ်​ကြီးနားကားလမ်းအတိုင်း အင်း​တော်​မြို့သို့ဆက်​​မောင်းရမှာဖြစ်​ပါတယ်​၊အင်း​တော်​မြို့​ရောက်​ရင်​ ဗန်း​မောက်​မြို့​ရောက်​ဖို့ (၂၈)မိုင်​ပဲလိုပါ​တော့တယ်​၊
မန္တ​လေး-အင်း​တော်​ထိမိုင်​(၂၀၀)နီးပါး
အင်း​တော်​-ဗန်း​မောက်​ထိ(၂၈)မိုင်

ဒုတိယတစ်​လမ်းက​တော့ မန္တ​လေး-စစ်​ကိုင်း-​ရွှေဘို၊​ရွှေဘို-မြစ်ကြီးနားလမ်းခွဲအတိုင်း​မောင်းသွားပြီး ခင်​ဦး-ကန့်​ဘလူ-​ကျောက်​တန်း-အင်း​တော်​မြို့ထိ​မောင်းရမှာပါ၊အင်း​တော်​က​နေဗန်း​မောက်​မြို့ထိ(၂၈)မိုင်​​မောင်းရင်​ ဗန်း​မောက်​ကို​ရောက်​ပါပြီ။
မန္တ​လေး-​ရွှေဘိုထိ(၇၂)မိုင်
ရွှေဘို-အင်း​တော်​ထိ(၁၄၀)မိုင်
အင်း​တော်​-ဗန်း​မောက်​ထိ(၂၈)မိုင်

ကိုယ်​ပိုင်​ကားများက​တော့ ပထမလမ်းအတိုင်း သွားကြတာများပါတယ်​၊မိုင်​လည်းနည်းနည်းတိုသလို လမ်းလည်းပို​ကောင်းပါတယ်​၊ဒုတိယလမ်းက​တော့ လိုင်းကားအများဆုံးသွားကြပါတယ်​၊​ရွှေဘိုနဲ့ကန့်​ဘလူကြားမှာ​တော့ လမ်းနည်းနည်းဆိုးပါတယ်

မန္တ​လေးကသူများအတွက်​ဆို စ​နေမနက်​ထွက်​တဲ့ကားကို​တ​နေကုန်​စီးပြီး ည​နေ(၆)နာရီ​လောက်​ဆို ​ဗန်း​မောက်​​ရောက်​ပါပြီ၊ဗန်း​မောက်​မှာညအိပ်​ပြီး မနက်​အ​စောဇလုံ​တောင်​​ပေါ်တက်​၊​နေ့လည်​ထမင်းစားချိန်​​လောက်​​တောင်​​အောက်​ပြန်​​ရောက်​ပြီး ​နေ့လည်​စာစား၊ခဏနား၊ပြီးလျှင်​ဗန်း​မောက်​က​နေ ည​နေ(၃း၃၀)နာရီထွက်​တဲ့ Express ကားပြန်​စီးပြီး ကား​ပေါ်အိပ်​လိုက်​လာရုံပါပဲ၊မနက်​(၄)နာရီ​လောက်​ဆိုမန္တ​လေးပြန်​​ရောက်​ပါပြီ၊ရုံးသမားများအတွက်​အလုပ်​ပြန်​ဝင်​လို့လည်းရပါတယ်​၊

ဗန်း​မောက်​က​နေ မန္တ​လေးတိုက်​ရိုက်​ကားစီးမပြန်​ချင်​ဘူး၊ရထားစီးပြန်​ချင်​တယ်​ဆိုရင်​​တော့ အင်း​တော်​က​​နေ မြစ်​ကြီးနားဘက်​ကထွက်​လာတဲ့ရထား​စောင့်​စီးရမှာပါ၊ရထားလက်​မှတ်​​တော့မန္တ​လေးဘူတာက​နေကြိုတင်​ဝယ်​ထားရမယ်​ထင်​ပါတယ်​။

အောင်​ရတနာကားအသင်းက ဗန်း​မောက်​ထိ​ရောက်​ပါတယ်​၊မန္တ​လေးက​နေမနက်​(၇း၃၀)အန်​ဇာတုံးကားထွက်​ပါတယ်​၊ည​နေ(၄း၃၀) Express ကားထွက်​ပါတယ်​၊တစ်ဦးလျှင်​(၁၃၀၀၀)ကျပ်​ပါ၊ဂိတ်​ဖုန်းနံပါတ်​ 09259808995/09256198139. သို့ဆက်​သွယ်​မှာယူနိုင်​ပါတယ်​။

ဗန်း​မောက်​​ရောက်​လျှင်​ မြို့အဝင်​မှာ ဗန်း​မောက်​ဟိုတယ်​ရှိပါတယ်​၊အခန်းခက​တော့ (၃၀၀၀၀/၄၀၀၀၀)ပါ၊ဟိုတယ်​ဖုန်းက​တော့ 09452227750 သို့ဆက်​သွယ်​လို့ရပါတယ်​၊ဟိုတယ်​အပြင်​ တည်းခိုခန်းများလည်းရှိပါတယ်​၊​ဈေးသက်​သာပါတယ်​။Breakfast ကိုမနက်​ (၆း၃၀)​ကျွေးပါတယ်​၊နံနက်​စာစားပြီး​တောင်​တက်​ဖို့စသွားလို့ရပါပြီ

ဘုရားဖူးအစီအစဉ်​သွားတဲ့အဖွဲ့များနဲ့လည်း သွား​ရောက်​နိုင်​ပါတယ်​၊များ​​သောအားဖြင့်​ဘုရားဖူးအဖွဲ့​တွေက ဇလုံ​တောင်​၊အင်း​တော်​ကြီး၊မြစ်​ကြီးနားမြစ်​ဆုံခရီးစဉ်​ဖြစ်​ပါတယ်

ကျ​နော်​သွားခဲ့​ရောက်​ခဲ့တဲ့လမ်းအတိုင်း​လေး ​ရေးပြထားခြင်းပါ၊လိုအပ်​ချက်​၊ကျန်​ခဲ့တာ​တွေ ရှိ​ကောင်းရှိ​နေနိုင်​ပါတယ်​။အစိုးရရုံးပိတ်​ရက်​များနဲ့ကြုံရင်​​တော့ ဘုရားဖူးများအရမ်းများတတ်​ပြီး ကျန်​တဲ့ရက်​​တွေဆိုရင်​​တော့ ဘုရားဖူးများပုံမှန်​​လောက်​ပဲလို့သိရပါတယ်

မူရင်း​ရေးသားသူ
ဇင်​​အောင်
Fbအ​ကောင့်

https://www.facebook.com/kozin.aung.18

ဤပိုစ့်​ကို ​ရေးသားသူ ကိုဇင်​​အောင်​အား ​လေးစားလျက်

78 Shares

Add a Comment

Your email address will not be published. Required fields are marked *