အေအေခေါင်းဆောင်ထွန်းမြတ်နိုင် ယောက္ခမဦးဆောင်နေသော ရခိုင်အဖွဲ့က ကာလုံဖျက်ဖို့တင်သွင်း

အေအေခေါင်းဆောင်ထွန်းမြတ်နိုင် ယောက္ခမဦးဆောင်နေသော ရခိုင်အဖွဲ့က ကာလုံဖျက်ဖို့တင်သွင်း
==================
၂၂-၄-၂၀၁၉ မင်းချစ်ဦး

ဧပြီလ ၂၂ ရက်နေ့က လွှတ်တော်ဝန်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးအပြီးမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)တွင် ပါဝင်သည့် ပုဒ်မ ၂၀၁ -အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းကို ဖျတ်သိမ်းဖို့အတွက် ရခိုင်အမျိုးသား ပါတီ(ANP) က အဆိုပြုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ANP မှာ ခေါင်းဆောင်သောသူမှာ လက်ရှိနိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ချခံထားရသော ဒေါက်တာအေးမောင်ဖြစ်ပြီး ၎င်းကို ရခိုင်သောင်းကျန်းသူအဖွဲ့(AA)က နောက်ကွယ်မှာ ရခိုင်ဘုရင်ဟု တင်စားခေါ်ဝေါ်ထားပြီး တာဝန်ပေးထားခြင်းလည်းရှိနေသည်။ တစ်ဖက်မှာလည်း ရခိုင်အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှာ အေအေခေါင်းဆောင်ထွန်းမြတ်နိုင် ယောက္ခမဖြစ်နေပြီး သမက်လုပ်သမျှ ကိုနောက်ကွယ်ကနေ ပံ့ပိုးပေးနေကြောင်း အထောက်အထားတစ်ချို့ရှိနေသည်။ အေအေစခန်းတွေ သိမ်းပိုက်ရရှိစဉ်မှာ ဒုက္ခသည်တွေရဲ့ရိက္ခာတွေရောက်ရှိနေတာတွေ၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာတွေမှာ အေအေဘက်ကနေ အမာခံပြောနေတဲ့ အမတ်တွေရှိနေတာတွေဟာ သာဓကတွေပါ။

ပုဒ်မ ၂၀၁ -အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း ဆိုသည်မှာ နိုင်ငံရဲ့ မည်သည့်နေရာတွင်မဆို အစိုးရအုပ်ချုပ်ရေးယန္တရားအဖွဲ့ကို တိုက်ခိုက်လာပါက၊ ပျက်ဆီးယိုယွင်းလာပါက အရေးပေါ်အခြေအနေသတ်မှတ်ပြီး နိုင်ငံတော်သမ္မတနှင့်ဖွဲ့စည်းထားသည့် အဖွဲ့က အရေးပေါ်အမိန့်များ ပေးနိုင်ရန် ကြေညာချက်အမှတ် ၂/၂၀၁၈ ဖြင့် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကို ဖွဲ့စည်း ထားခြင်းဖြစ်သည်။

ရခိုင်မှာ အကြမ်းဖက်မှုတွေများနေတာ ဘင်္ဂါလီအကြမ်းဖက်ကိစ္စတွေလို အေအေအကြမ်းဖက် ကိစ္စတွေလိုဖြစ်ပွားလာပါက အုပ်ချုပ်ရေးယန္တရားပျက်ယွင်းလျှင် နိုင်ငံတော်သမ္မတ အမိန့်ပေးနိုင်ခြင်းမရှိ အောင် ၁၄၄ ထုတ်နိုင်ခြင်းမရှိအောင် တိုက်ခိုက်ရေး/ လုံခြုံရေးအင်အားတိုးအမြှင့်နိုင်အောင် အေအေ အလိုကျ၊ ဘင်္ဂါလီအလိုကျလုပ်ဆောင်ခြင်းသာဖြစ်သည်။

ဒါကိုဖျက်သိမ်းလိုက်ပါက ရခိုင်ပြည်နယ်ဒီထက် တိုက်ပွဲတွေပိုပြင်းထန်လာမှာ ရခိုင်ပြည်သူတွေ ယခုထပ်ပိုဒုက္ခရောက်လာမှာကို မမြင်ဘဲ သောင်းကျန်းသူအလိုကျလုပ်ဆောင်နေသော ဒီလိုသူတွေကို အစိုးရအနေနဲ့ သေချာစောင့်ကြည့် ဖမ်းဆီးချိန်တန်နေပါပြီ။ ဒါဟာနည်းစနစ်တကျနဲ့ သောင်းကျန်းသူ အားပေးလုပ်ဆောင်နေခြင်းဖြစ်ပြီး အတွင်းဖျက်ဆီးနည်းဖြင့် နိုင်ငံတော်ကိုပုန်ကန်နေခြင်းသာဖြစ်သည်။ သမ္မတဦးဆောင်သော ကာလုံကိုဖျက်ကတည်းက သူတို့ရည်ရွယ်ချက်ဟာ ဘာဆိုတာကို အစိုးရ တာဝန်ရှိသူတွေအနေနဲ့ သိချိန်တန်နေပါပြီ…..
C.r.d,တိုင်းရင်းသတင်းလွှာ

10 Shares

Add a Comment

Your email address will not be published. Required fields are marked *