ရုပ်​ရှင်​ရုံထဲ​ရောက်​ ​တောသားတို့အ​ကြောင်း

‼️ဖတ်ပါ မှတ်ပါ End Game မပြခင် ကြိုပြောထားတာ‼️

ဒီတခါတော့ ရုပ်ရှင်ရုံထဲက တောသားတွေအကြောင်းပါ။

သို့ တောသူ၊တောသားများ ရုပ်ရှင်ရုံထဲရောက်ရင်/

-1- ဘာသာပြန်မပြကြပါနဲ့။ ပါးစပ်ပိတ်ထားကြပါ။ ဘာသာပြန်ရမှာ Channel Myanmar အလုပ်ပါ။ သင်တို့အလုပ်မဟုတ်ပါဘူး။

-2- နေကြာစိလေး တောက်တောက်ကိုက်လိုက် ဘေးကလူကို ပုကျုပုကျုပြောလိုက်မလုပ်ကြပါနဲ့။ စကားပြောချင် ရုပ်ရှင်ရုံ အဝင်ဝက ခုံလေးတွေမှာသွားထိုင်ပြောပါ။ ပိုက်ဆံမပေးရပါဘူး။

-3-သင့်ဖုန်းscreen က အလင်းရောင်က ဘယ်လောက်အနှောက်အယှက်ပေးလဲ သင်သိပါသလား။ ဖုန်းသုံးချင်ရင် ကိုယ့်အိမ်မှာကိုယ် စောင်ခြုံပြီးသုံးနေပါ။ ပိုပြီးပျော်ဖို့ကောင်းပါတယ်။

-4- ဒီကားလာကြည့်တည်းက ဒီထဲက ဇာတ်ကောင်တွေကို သိပြီးသားလူတွေချည်းပါပဲ။ ဟယ် အိုင်းယွန်းမန်းထွက်လာပီ ဟယ်ကက်ပတိန်ကြီးတော့ ဟယ်ခိုခိုအဆန်းကြီးတော့ ဆိုပြီး နာမည်စာရင်းခေါ်ပြရန်လဲ မလိုပါ။

-5- ရုံထဲထိုင်နေသမျှ လူအားလုံးဟာ မျက်လုံး၂လုံးစလုံးပါပြီး 3D မျက်မှန်ပါတပ်ထားတဲ့ လူတွေချည်းမို့ သင့်ရဲ့ စူပါစေတနာတွေနဲ့ ဟဲ့ဟဲ့ချနေပြီချနေပြီ၊ အယ့်စိန်တုံးကြီးယူသွားပြီ ယူသွားပြီ ဆိုပြီး လိုက်ပြောပြရန်မလိုပါ။ အကုန်မြင်ရပါသည်။

-6- နောက်ပြီး စောင်တောသားအတွဲများ ဒီရက်လေးတော့ ကျေးဇူးပြုတဲ့အနေနဲ့ ဗမာကားကြည့်ပေးကြပါလား။ IW ကြည့်မှ လူရာဝင်မယ် ထင်ရင်လဲ ငြိမ်ငြိမ်လေးစောင်စကားမများပဲကြည့်ပေးကြပါ။ ခိုခိုရေခေးရေ ကကျုကကျုနဲ့ စောင်စကားတွေ မများကြပါနဲ့။ ခိုခို ဒီခရမ်းရောင်လူကြီးက ဘယ်က ဆင်းလာတာလဲဟင်၊ ခိုခို သူကဘာလဲ သူကညာလဲ စသဖြင့်စောင်စကားများမဲ့ စော်မျိုးကိုလဲ ရုံထဲခေါ်မလာကြပါနဲ့ အိုင်တို့မှာ လက်ကိုင်ရိုးခပ်တုတ်တုတ် ထီးကြီးကြီးတစ်ချောင်း ပါလာမှာဆိုတော့…

-နောက်ဆုံး ကြည့်ပြီးတဲ့လူတွေ သူတပါးကို အားနာသောအားဖြင့် ဟိုလူသေမယ်ဒီလူသေမယ် လျောက် spoil မနေပါနဲ့။ သင်ကြည့်ပြီးပေမယ့် မကြည့်ရသေးတဲ့လူတွေက ရင်ခုန်ပြီး ကြည့်ချင်ကြတာမို့ပါ။

#Ethicလေးရှိကြပါစောက်တောသားအပေါင်းတို့

မူရင်းရေးသားသူကို Credit ပေးပါတယ်။

49 Shares

Add a Comment

Your email address will not be published. Required fields are marked *