“​လောင်​စာဖြစ်​သွား​သော ပန်းပွင့်​များ”

“​လောင်​စာဖြစ်​သွား​သော ပန်းပွင့်​များ”
_____________________________

စစ်​ …

ရူးသွပ်​မိုက်​မဲခြင်း
သို့မဟုတ်
နွေတံလျှပ်​ အိပ်​မက်​ …

အလျှံငြီးငြီး
မီး​တောက်​​ထဲ
မျှော်​လင့်​ချက်​တို့
တွန့်​​ခေါက်​​လောင်​ကျွမ်း …

တောင်​လိုပုံ​နေသည့်
ပြာဖြစ်​သွား​သော အနာဂတ်​များ …

ကျေးငှက်​သံတို့နှင့်​အတူ
ဆိတ်​သုဉ်းသွား​သော
အပြစ်​မဲ့ ရယ်​​မောသံများ …

တွန့်​လိပ်​ညှိုး​ရော်
ငြိမ်းချမ်း​ရေး မိုး​မျှော်​ပန်းများ …

နွေက နက်​သထက်​နက်
မရွာနိုင်​တဲ့ မိုးစက်​​တွေ​မျှော်​ရင်း
ဘယ်​​ရောက်​သွားမှန်းမသိတဲ့
အ​မေ့ကို တမ်းတ
အ​ဖေ့ကို သတိရ …

ငိုရဖန်​များ​တော့
ငိုစရာမျက်​ရည်​ရှာမရ …

ဇက်​ကြိုး ​ခေါင်းငိုက်
ဦးစိုက်​ကျိုးကျ
လက္ခဏာ​ရေးနှစ်​ပါးနဲ့တင်
ကောင်းကင်​ကို ​မော့ကြည့်​ခွင့်​မရ …

ကမ္ဘာကြီးက
ပိုပို ပူလာသတဲ့
အလိုရမက်​ကြီးသူ​တွေရဲ့
အိပ်​မက်​မီးလျှံ​တွေကြားမှာ
ကျ​နော်​တို့ရဲ့ ရှင်​သန်​ခြင်း​တွေက
မီးပုံထဲ ပစ်​ထည့်​ခံရတဲ့ ထင်း​ချောင်း​တွေပ … ။ ။

မောင်​လွမ်း​ဝေ (ခ) ရဲ​ကျော်​သူရ
Photo Credit SMA

50 Shares

Add a Comment

Your email address will not be published. Required fields are marked *