ဖားကန့်​မှာ လူ ၃၀၀ ​သေဆုံးဟုသတင်းထွက်​​ပေါ်

မနေ့ ည က ဖာကန့် လူ ၃၀၀ လောက်
သေဆုံး
=========================

>>မကြားချင်ဆုံးသတင်းဆိုး<< ဒီလိုသတင်းဆိုးမျိုးတွေ မကြားချင်ပါဘူး။ အားလုံးဘေးရန်ကင်းရှင်းကြပြီး လုပ်ငန်းခွင်သိမ်းလို့ ဌာနေသို့ မိသားစုတွေနဲ့အတူ ပြန်လည်ဆုံဆည်စွာ ပျော်ရွှင်နိုင်ကြပါစေ။

22/4/2019 11:00Pm ခန့် ဗလခမှော် နဂါးကိုးကောင်ကုမ္ပဏီကျင်းပြို
စက်သမား ကားသမားများ အများအပြားပါသွားတယ်လို့ ကြားသိရ
——-
“”ကံကောင်းသူများ”

ဗလခမှော်ဖက်က မနေ့ညက ကျင်းပြိုနွံကန်ပေါက်ထဲ
အထဲကနေ လွတ်မြောက်ကံကောင်းလာသူများကတော့
ကားမောင်းသူ ၃ယောက် ရှိပါတယ် ။

ကျင်းထဲသို့ဆင်းလာရတဲ့ လမ်းကတော့ မြင်တဲ့အတိုင်းပါပဲ ။
လမ်းတစ်ဝက်မှာ 465တစ်စီးက ကျန်နေခဲ့လို့ ကံကောင်းသူ
ဖြစ်သွားတယ် ။

သူ့ဘေးမှာလည်း လင်ကွန်း( MT’86).၁၀ဘီးနှစ်စီးက
အိပ်ငိုက်လို့ဆိုပြီး ကျင်းထဲကို မဆင်းတာမို့ ကံကောင်းတဲ့
လူတွေလို့ ပြောလို့ရပါတယ် ။
အိပ်မငိုက်ပဲ ကျင်းထဲတာ ဆက်ဆင်းသွားမယ် ဆိုရင်တော့
လွတ်ဖို့လမ်း မမြင်ပါဘူး ။

တောင်တွေကာရံထားတဲ့ ကျင်းလေးကတော့
အားလုံးရဲ့ သုဿန်ဖြစ်သွားလိုက်ပြီ ။ ဖော်မယ်ဆိုလည်း
မလွယ်ပါဘူး ။

အားလုံးအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲ
မိပါတယ် ။ ကောင်းရာသုဂတိ လားပါစေ ။
ဒုတိယ ပုံကတော့ ပေါက်ကျတဲ့ နွံကန်ဖြစ်ပါတယ် ။

မတင်ချင်ပဲ တင်ရတဲ့ ပိုစ့်ပါပဲ ။

စိန်မြင့်
23.4.2019

227 Shares

Add a Comment

Your email address will not be published. Required fields are marked *