ပညာမဲ့မိဘတို့ရဲ့ အပြုမူအမှားများ

ပြုစုပျိုးထောင်တဲ့နေရာမှာ မှားယွင်းတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကလေးတွေရဲ့အပြုအမှုများ
———————————–

မိဘဆိုတာ့ ကလေးတွေကို ကောင်းမွန်သော ၊ယဉ်ကျေးသိမ်မွေ့သောသူဖြစ်လာစေဖို့ အများဆုံး ဆုံးမသွင်သင်တဲ့သူတစ်ဦးဖြစ်ပါတယ်။
အဲ့လို ပြုစုပျိုးထောင်တဲ့နေရာမှာ အမှားတွေ လုပ်မိခဲ့ရင် သူတို့သည် အချို့သော အခြေအနေတွေမှာ တော်တော်လေး သိသာတဲ့ အပြုအမှုတွေ လုပ်လာပါလိမ့်မယ်။

၁။ တခြားသူများကို ကြားဖြတ်ပြောဆိုတဲ့ အလေ့အထ
—————————————————————–
မနှောက်ယှက်နဲ့ လို့ပြောခြင်းက အလုပ်မဖြစ်ပါဘူး။
သင့်လုပ်ဖော်ကိုင်ဖက်များနဲ့ ဖုန်းပြောတဲ့အခါ ဒါမှမဟုတ် မိသားစုညစာစားနေစဉ် စကားပြောဆိုမှုများမှာ အလှည့်စောင့်ဖို့ သင့်ကလေးတွေကို
သင်ပေးပါ။ ဥပမာအားဖြင့် တစ်ယောက်ယောက် ဖုန်းမခေါ်ခင် သင့်ကလေးကို ပြောပြပါ။
“အမေအခု ဖုန်းဆက်စရာရှိတယ်.. သားကြားဖြတ်မပြောရဘူးနော်! နာရီဝက်လောက်နေမှ အမေပြောတာ ပြီးလိမ့်မယ်!”

၂။ သင့်ကလေးနဲ့အတူ စတိုးဆိုင်သွားတဲ့အခါ
——————————————————
ဒါက သင့်ကလေးတွေကို သင်ပေးထားဖို့ အရေးကြီးပါတယ်။ ကလေးတွေကို စတိုးဆိုင်ခေါ်သွားလျှင် သူတို့က သူတို့လိုချင်တာတွေကို ဆွဲယူတတ်ပါတယ်။ တချို့အရာတွေက သင်လည်းမ၀ယ်နိုင်ဘူး၊ တကယ်လည်းမလိုအပ်တဲ့ အရာတွေဖြစ်နိုင်ပါတယ်။ သူတို့သည် လူကြီးတွေက တွေ့တာကောက်ထည့်တယ်လို့ ထင်ကြပါတယ်။ သင့်မှာ ၀ယ်ဖို့ စာရင်းတစ်ခုရှိတယ်ဆိုတာ သူတို့နားမလည်ပါဘူး။ ဒါ့ကြောင့် ဈေးဝယ်မထွက်ခင်မှာ ၀ယ်မည့် ကုန်ပစ္စည်းစာရင်းကို သင့်ကလေးနဲ့အတူတူပြင်ဆင်ပါ။ ကလေးကစာမဖတ်တတ်သေးလျှင် ရုပ်ပုံများကို ရေးဆွဲပြီး ဈေးဝယ်တဲ့အခါ ထိုစာရင်းကို သူတို့ကိုကြည့်ခိုင်းပါ။

၃။ သင့်ကလေးက ယဉ်ကျေးတဲ့ စကားလုံးကို မပြောတဲ့အခါ
——————————————————————
သင့်ကလေးကို ယဉ်ကျေးတဲ့ စကားပြောဆိုဖို့အတွက် အစောပိုင်းထဲက စသင်ပေးပါ။ တချို့အရာတွေကို သူတို့အလွယ်တကူ နားလည်ပါ
တယ်။ သင့်ကလေးကို ယဉ်ကျေးတဲ့စကားလုံးကိုပြောတာက ကောင်းမွန်ကြောင်း သင်ကြားပေးပါ။ “ကျေးဇူးပြုပြီး၊ မင်္ဂလာပါ၊ နှုတ်ဆက်ပါတယ်၊ ကျေးဇူးတင်ပါတယ်” စတဲ့စကားလုံးများကို သူတို့ကိုပြောဖို့ သင်ပေးပါ။

၎။ သူတို့က မပြောသင့်ဘူးဆိုတာ မသိတဲ့အခါ
——————————————————
တခြားလူတွေကို အဲ့လို မပြောရဘူးဆိုတာ ကလေးတစ်ယောက်က နားလည်ဖို့ ခက်ခဲပါတယ်။ သူတို့က အရှက်ကွဲခြင်း၊ ကသိကအောက်ဖြ
စ်ခြင်းကို မသိပါဘူး။သူတို့မှာ လူမှုရေးဆိုတာ အတွေ့အကြုံမရှိပါဘူး ။မှားယွင်းတဲ့ စကားလုံးဆိုတာလည်း မသိပါဘူး။ ဒါကို သူတို့နားလည်
အောင် ရှင်းပြပေးရပါမယ်။
တခြားလူတွေကို မပြောသင့်တဲ့ အရာအားလုံးအဓိပ္ပာယ်ကို “အိမ်လျှို့ဝှက်ချက်” အဖြစ် အိမ်မှာပဲပြောဖို့ သင်ပေးဖို့ ကြိုးစားပါ။

၅။ သင့်ရဲ့ဘေးက ထွက်ခွာသွားမှာကို ကြောက်နေတတ်ပါတယ်
————————————————————————
မိဘတွေက ကလေးတစ်ယောက်ကို ပုံမှန်လှုပ်ရှားမှုတွေ၊ သူတို့ အကြား အတားအဆီးတွေ ထားတဲ့အခါ သူတို့မိဘတွေ နံဘေးကနေ
ထွက်သွားမှာကို ကြောက်လွန်းတဲ့ပုံပေါက်ပါတယ်။ “ငါလျှောစီးလိုက်ရင် ငါပြုတ်ကျသွားမယ်” ဒါမှမဟုတ် “ငါ့အ၀တ်အစားတွေ ဆုတ်ပြဲကု
န်မယ်” စသဖြင့် သူတို့ခေါင်းထဲမှာ မှတ်ယူသွားပါလိမ့်မယ်။ ကလေးတွေကို ကစားကွင်းမှာ လွတ်လပ်သွာ ကစားဖို့ ခွင့်ပြုပါ။

#Credit to Lifestyle Myanmar
#WeLoveBaby

43 Shares

Add a Comment

Your email address will not be published. Required fields are marked *