ကဲကဲ ဖာလူဒါအ​ကြောင်းအရင်းအမှန်​ကို မသိကြ​သေးဘူး ဟုတ်

ဖာလူဒါ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်း
****************
တရံရောအခါတုန်းက ပြည့်တန်ဆာ ၅ဦးက ဆရာတော်တစ်ပါးဆီကို အချိုပွဲဘောဇဉ်ကပ်မယ်လို့ သဘောတူပြီးတော့ သွားကြတယ်။
တစ်ဦးကို တစ်မျိုးဆီသာလှူဖွယ်ကပါတယ်။

ပထမတစ်ဦးက ရေခဲမုန့်
ဒုတိယတစ်ဦးက နွားနို့
တတိယတစ်ဦးက ကျောက်ကျောမဲ
စတုတ္ထတစ်ဦးက သာကူစေ့နဲ့
ပဉ္စမတစ်ဦးက မျော့ချောင်း (ကျောက်ကျောသာကူချောင်း)တို့ပါလာတယ်။

ဆရာတော်ဆီကိုမကပ်ခင်မှာ သူတို့ထဲက အကြီးဆုံးတစ်ဦးက အကြံပြုတယ်။ ငါတို့တွေ ဘ၀ပေးအခြေအနေမကောင်းလို့ ဒီလိုလုပ်စားနေရတာ။ နောက်ဘ၀တွေကျရင် ဒီထက်မြင့်တဲ့ ဘုံဘ၀မှာ စံစားနေရအောင် လူပြန်ဖြစ်ရင်လည်း ဒီဘ၀ကလွတ်အောင် ငါတို့ငါးယောက်ပါလာတဲ့ အချိုပွဲဘောဇဉ်လှူဖွယ်တွေကို ရောပြီးတော့လှူရအောင် နောက်ကျရင်လည်း ငါတို့ညီအစ်မ ၅ယောက် အတူတူ ကောင်းတဲ့ဘုံဘ၀မှာ စံစားကြတာပေါ့ လို့ အကြံပြုသတဲ့။

အားလုံးလည်း အစ်မကြီး အကြံပြုတဲ့အတိုင်း ပါလာတဲ့ ၅ မျိုးကို ရောထဲ့ပြီး ဒီလိုမျိုးလုပ်စားရတဲ့ဘ၀က လွတ်ရာလွတ်ကြောင်း ဆုတောင်းကြသတဲ့။

ဆရာတော်ကလည်း အဲ့ဒီ ၅ ယောက်ကပ်ထားတဲ့ အချိုပွဲဘောဇဉ်ကိုအလှူခံယူတော်မူတယ်။ ခဏနေတော့ လူတစ်ယောက်က ဆရာတော် ဆွမ်းဘုဉ်းပေးနေတဲ့ အနီးမှာယပ်ခတ်ရင်းနဲ့ ခုနက ၅ မျိုးရောထားတဲ့ တခါမှ မမြင်ဖူးတဲ့ အချိုပွဲကိုကြည့်နေသတဲ့။
ကြည့်ရင်းကြည့်ရင်းကနေ သိချင်လာတာနဲ့ ဆရာတော်ကိုမေးသတဲ့။

“ ဘုန်းဘုန်း အဲ့ဒါဘာလဲဘုရား။ ကောင်းမယ့်ပုံပဲ ”
ဆရာတော်က စဉ်းစားတယ်။ ဘေးက ဒါယကာမေးတာကို မဖြေနိုင်ရင်လည်း ဘုန်းကြီးကိုအထင်သေးဦးမယ်။ သိကလည်းမသိ။ အဲ့တာနဲ့ အကြံအိုက်တော်မူနေသတဲ့။

“ ဘုန်းဘုန်း အဲ့ဒါဘာလဲလို့ တပည့်တော်ကတကယ်မသိလို့မေးတာပါဘုရား ”
အလိုက်မသိတဲ့ ဒါယကာ ထပ်မေးတော့ ဘုန်းကြီးက ခုနကလာလှူတဲ့ ဒါယိကာမ ၅ ဦးကိုသွားသတိယတယ်။ ဒါယိကာမတွေက ပြည့်တန်ဆာ(ဖာ)တွေဆိုတာ ဘုန်းကြီးက သိတယ်။ အဲ့တော့ ဖာတွေလှူထားတဲ့ အချိုပွဲဆိုတော့ “ ဖာလှူတာ ဖာလှူတာ ” လို့ ရေရွတ်တော်မူရင်း ဘာဖြေရကောင်းမလဲ စဉ်းစားတော်မူနေသတဲ့။

အဲ့ဒါကို ဘေးက ဒါယကာက နားစွန်းနာဖျားကြားပြီး
“ ဘုရား။ ဖာလူဒါ ဟုတ်လားဘုရား။ ” လို့မေးသတဲ့။

ဆရာတော်လည်း ချော်လဲရောထိုင်ပြီး
“ အေးးးးဟုတ်တယ်ကွ။ ဖာလူဒါကွ။ ဖာလူဒါ ”လို့
ဝမ်းသာအားရ အာလုတ်သံကြီးမိန့်ပြီး အဆိုပါ ဖာလူဒါကို ဘုဉ်းပေးသတဲ့။

အဲ့ဒါကို ခပ်လှမ်းလှမ်းက အအေးရောင်းတဲ့ ဒါယိကာတစ်ယောက်က မယောက်မလည်ကြည့်နေတယ်တဲ့။ ဆိုင်လည်းပြန်ရောက်ရော အဆိုပါ ဖာလူဒါကို စပ်ကြည့်ပြီးမြည်းကြည့်ရာ အလွန်ကောင်းသောကြောင့် ဆိုင်မှာ အဆိုပါ ဖာလူဒါကို တင်ရောင်းတယ်တဲ့။

“ ဖာလှူတာ ” ကနေ “ ဖာလူဒါ ” ဖြစ်
အချို့နေရာတွေမှာဆို “ ဖွာလူဒါ ” လို့ခေါ်သတဲ့ကွယ်။

Crd to original.

84 Shares

Add a Comment

Your email address will not be published. Required fields are marked *