” အ​မေ ပိုက်​ဆံကိုး​ထောင်​​ပေး “

” အ​မေ ပိုက်​ဆံကိုး​ထောင်​​ပေး ”

” ဟဲ့ … ဘာလုပ်​ဖို့လဲ ပိုက်​ဆံကိုး​ထောင်​က ”

” ဧရာဝတီကို ပြန်​​ရွေးရမယ်​​လေ ”

” ဟ ! ဘယ်​ကဧရာဝတီကို ဘယ်​သူက ​ပေါင်​လို့
ငါက ပြန်​​ရွေး​ပေးရမှာလဲ ”

” အ​မေတို့အဲ့တာ ခက်​တယ်​​ပြောတာ​ပေါ့ ၊
အိမ်​ထဲ​နေပီး ဘာမှမ​လေ့လာဘူး ၊ ဧရာဝတီမြစ်​ကြီးကို
တရုပ်​ဆီမှာ​​ရောင်းစားထားလို့ မ​ပေးနိုင်​တဲ့ပြည်​သူ​တွေက
အခုပြန်​​ရွေးကြ​တော့မှာ ၊ မြန်​မာနိုင်​ငံသားတစ်​ဦ ကို တစ်​​ဒေါ်လာ
နူန်ြး​မန်​မာ​ငွေ ၁၅၀၀ နဲ့ပြန်​​ရွေးရမှာ ၊ အိမ်​မှာ မိသားစု​ခြောက်
ယောက်​ရှိ​တော့ ကိုး​ထောင်​ကျတယ်​ ”

” ဟဲ့ … ​နေပါဦ ဘယ်​သူက ​ရောင်းတာလဲ ”

” အဲ့တာ​တော့ ကျွန်​​တော်​လည်းမသိဘူး ”

” နင့်​ဟာ ဘယ်​သူ​ရောင်းမှန်းမသိတာကို
ငါတို့မိသားစုကပါ ပိုက်​ဆံစိုက်​ပြီး​ရွေးရမယ်​ဆိုတာက
မဟုတ်​​သေးပါဘူး ၊ ​ရောင်းတဲ့သူပဲ ပြန်​​ရွေးခိုင်း​ပေါ့ ”

” ​ရောင်းတဲ့သူက အ​မေ့​ပြောပြလဲ အ​မေသိမှာမဟုတ်​ဘူး
ပိုက်​ဆံကိုး​ထောင်​သာ​ပေးပါဗျာ ”

” ငါ​တောင်​မသိတဲ့သူ သူ့ပါသာ​ရောင်းတာကို
ပြန်​​ရွေး​တော့မှ ငါ့ပိုက်​ဆံစိုက်​ရမှာလား မဟုတ်​​သေးပါဘူး
နင်းတို့ဟာက ၊ ငါ​မေးပါဦ မယ်​ အဲ့ဒီဧရာဝတီမြစ်​ကို ဘယ်​သူ
ကပိုင်​လို့ ဘယ်​လို​ရောင်းလိုက်​တာလဲ ”

” သူ့အ​မေလင်​ပိုင်​တဲ့ ပစ္စည်းမှတ်​လို့​ရောင်းလိုက်​တာတဲ့ ”

” ဟဲ့ … ဘယ်​သူ့အ​မေလင်​လဲ ”

” ဟာ … အ​မေ့ရှင်းပြ​နေတာနဲ့ ကျုပ်​အဖမ်းခံရ​တော့မယ်
ပိုက်​ဆံသာ​ပေးပါဗျာ ”

” ​နေပါဦ ဟဲ့နင့်​ဟာက … ဝယ်​တဲ့လူက​ရော ဘာလုပ်​ဖို့တဲ့လဲ ”

” ဧရာဝတီမြစ်​ကို ​မြေဖို့ပြီး အမြန်​လမ်း​ဖောက်​ဖို့တဲ့ ”

” လုပ်​ပြန်​ပြီလားဟယ်​ အမြန်​လမ်း ၊ ရန်​ကုန်​​ ​နေပြည်​​တော်​အမြန်
လမ်းတုန်းကလည်း လူ​တွေအ​တော်​​သေဆို ”

” ဟာဗျာ … ရွဲ့​ပြောတာအ​မေရ ”

” ငါမသိလို့​မေးတာ ​ကောင်း​ကောင်း​ပြောစမ်းဟယ်​ ”

” မြစ်​ဆုံစီမံကိန်းကြီးလုပ်​ ၊ ​ရေကာတာကြီး​တွေတည်​​ဆောက်​ပီး
လျှပ်​စစ်​ထုက်​ဖို့တဲ့ ”

” ဟာ … ဒါဆိုရင်​ ငါတို့ရွာက မီးလင်း​တော့မှာ​ပေါ့
အ​တော်​ပဲ ဆိုလာနဲ့ဘလထီအိုးမဝယ်​​ရ​တော့ဘူး
ဟန်​ကျတာဟယ်​ ၊ ငါလည်းပိုက်​ဆံမ​ပေး​တော့ဘူး
ပြန်​လည်း​ရွေးမ​နေကြနဲ့ မြန်​မြန်​ပီး​အောင်​သာ ဆက်​လုပ်​ကြ
လို့​ ပြောလိုက်​​တော့ ”

” ဟာ ! အ​မေခက်​တာပဲ ဧရာဝတီဆိုတာ
မြန်​မာပြည်​ရဲ့ အသက်​​သွေး​ကြောဗျ ၊ ​ရောင်းလို့မရဘူး ”

” နင်​ကသာ ​ရောင်းမရဘူး​ပြော​နေတာ
ရောင်းတဲ့သူက​ရောင်းသွားလို့ ပြန်​​ရွေးဖို့​တောင်
ငါ့ဆီက ပိုက်​ဆံ​တောင်း​နေရပြီမို့လား ၊ နင်​တို့ကိုကရှုပ်​တာ
ရောင်းပြီး​ပေးလိုက်​​အေးတာပဲ ငါတို့ရွာလည်း မီးရရင်​ရမှာ ”

” မရဘူး အ​မေရ စီမံကိန်းက ရတဲ့လျှပ်​စစ်​ဓာတ်​အား​တွေထဲက
၅ ရာခိုင်​နူန်းပဲ ကျွန်​​တော်​တို့နိုင်​ငံကရမှာ ကျန်​တဲ့ ၉၅ ရာနူန်းကို
သူတို့ တရုပ်​​ပြည်​ပို့မှာ ”

” ဟယ်​ … ​စောက်​တရုပ်​ကလည်း အနိုင်​ကျင့်​တာ မြန်​မာပြည်​များ
သူတို့ မယားပါသားကျ​နေတာပဲ ”

“ဟာ … ​တိုးတိုး​ပြောပါအ​မေရာ အဖမ်းခံ​နေရမယ်​ ”

” ​ရောင်းတဲ့သူ​တွေက ​ဒီ​လောက်​ပိုက်​ဆံ​တွေအများကြီးရတာကို
ဘာလုပ်​ကြတာတဲ့တုန်း ”

” သူတို့​သေရင်​ အသုဘစရိတ်​သုံးဖို့တဲ့ ”

” ​သောက်​ကြီး​သောက်​ကျယ်​နိုင်​လိုက်​တဲ့မသာဟယ်
ဘယ်​​လောက်​စည်​စည်​ကားကားလုပ်​မှာမို့လို့လဲ ”

” ရွဲ့​ပြောတာဗျ … အ​မေ​တော်​​တော်​ခက်​​နေပီ ”

” မ​ပေးနိုင်​ဘူး​ဟေ့ … ဆုံးဆုံး ငါနဲ့မဆိုင်​ဘူး ”

” မဆိုင်​ပဲ​နေမလားဗျ ဧရာဝတီကို မှီ​ခို​နေကြတဲ့ မြန်​မာနိုင်​ငံ
သား​တွေအများကြီးအ​မေရ ၊ အ​မေ့မှာ မျိုးချစ်​စိတ်​မရှိဘူးလား ”

” ရှိတာ​ပေါ့ မျိုးချစ်​စိတ်​ သိပ်​ရှိတာ​ပေါ့
ငါ့အမျိုး​တွေအကုန်​လုံး လှိုင်​သာယာက အထည်​ချုပ်​စက်​ရုံ
မှာပဲ အလုပ်​လုပ်​ကြတာ ဧရာဝတီကို မှီခို​နေတဲ့သူ တစ်​​ယောက်
မှ မပါဘူး ၊ ပါရင်းပါ ငါက တရုပ်​ဘက်​ကပါရမှာ ရန်​ကုန်​က စက်​ရုံ​တွေအကုန်​လုံး တရုပ်​ပဲပိုင်​တာ ”

” ဟာ ! ”
” အ​မေဗျာ … ”

” အ​မေဗျာ လုပ်​မ​နေနဲ့ ပိုက်​ဆံလည်းတပြားမှ မ​ပေးနိုင်​ဘူး
မ​ကျေနပ်​ရင်​ နင်​လည်းအိမ်​​ပေါ်ကဆင်း ….
ငါ့တို့ တစ်​မိသားစုလုံးတရုပ်​ကို မှီခို​နေတာ အခုနင်​စား​နေတဲ့
ထမင်းတရုပ်​​ကျွေးတာ နင်​သုံး​နေတဲ့ပိုက်​ဆံ တရုပ်​​ပေးတာ
ကုန်​ကုန်​​ပြောမယ်​ နင်​သုံး​နေတဲ့ ဖုန်းကလည်းတရုပ်​ဖုန်း
အဲ့​တော့ တရုပ်​ကို အာခံရင်​ နင်​လည်းအိမ်​​ပေါ်ကဆင်း​ဂျောင်း
ပေ​တော့ … တာ့တာ ဘိုင့်​ဘိုင့်​ ”

ခင်​များတို့​ပြော​တော့
ဧရာဝတီကအ​ရေးကြီးတယ်​ဆို
အမ​လေး အ​မေရဲ့ တရုပ်​က သားတို့အတွက်​မရှိမဖြစ်​ဆိုတာ
သားနားလည်းသ​ဘော​ပေါက်​ပါပြီဗျာ … အဟင့်​ အဟင့်​ ရွှတ်​ရွှတ်

{ကိုပြည့်​}

99 Shares

Add a Comment

Your email address will not be published. Required fields are marked *