အသက် ၈၀ ကျော်အမေအိုတစ်ဦးအား ကားတစ်စီးပေါ်မှလာရောက် ပစ်ချ

အသက် ၈၀ ကျော်အမေအို တစ်ဦးအား ကားတစ်စီးပေါ်မှ လာရောက် ပစ်ချထားခဲ့
————————————–

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အင်းမတိုက်
နယ် ဆေးရုံရှေ့ ရန်ကုန် ကားလမ်းမကြီးဘေးနားမှာ
မတ်လ (၆) ရက် ၊ ညနေ ၃ နာရီကျော်က အမည်မသိကားတစ်စီးက အသက် (၈၀) ကျော်အရွယ် အမေအို တစ်ဦးကို လာရောက်ချထားခဲ့ပါတယ်။

လာရောက်ချထားခဲ့တဲ့ အမေအိုကို မျက်မြင်တွေ့ရသူ
အရှင်တေဇိဏ္ဏ မိန့်ကြားခဲ့တာကတော့
ညနေသုံးနာရီကျော်မှာ အမျိုးသမီးတစ်ဦး အဘွားအို
လက်ကိုဆွဲပြီး ကားပေါ်က ဆင်းလာ တယ် အဘွားသွား
ချင်တဲ့ နေရာရောက်ပြီဆိုပြီး ထားခဲ့တယ် ဦးဇင်းက
လှမ်းမေးမယ်လုပ်တော့ အဲဒီအမျိုးသမီးက ကားပေါ်
တက်သွားတယ်၊ ကားနံပါတ်တော့ မမှတ်မိလိုက်ဘူး၊
ကားပုံစံ ကတော့ ဘုရားဖူးကားပုံစံ ကန်တာ(CANTER) ကားလိုမျိုး အဖြူရောင်လို့ မိန့်ပါတယ်။

အဲဒီ အသက် (၈၀) ကျော်အရွယ် အမေအိုရဲ့ အမည်မှာ
ဒေါ်ကြည် လို့ ခေါ်ကြောင်းပြောပြနိုင်ပေမယ့် သူ
ဘယ်လိုဖြစ်လာခဲ့တယ်ဆိုတာ အတည်ပြုဖို့ မေးလို့မရသေးဘဲ ရှိနေတယ်လို့ ကူညီစောင့်ရှောက်နေ သူစေတနာရှင်
တစ်ဦးက
ဆိုပါတယ်။

လက်ရှိမှာ အမေအိုကို ကျန်းမာရေးဆေးခန်း ပို့ဆောင်
တာတွေ၊ အနီးကပ်စောင့်ရှောက်တာတွေ ပြုလုပ်ပေးထားပါတယ်လို့ သိရပါတယ်။

သတင်း — မောင်ချစ်ဦး(ပန်းတနော်)
One News Myanmar
Htet aung

46 Shares

Add a Comment

Your email address will not be published. Required fields are marked *