ဒါ​ကြောင့်​သူများနိုင်​ငံသား​တွေ ကိုယ်​​တေထက်​​တော်​ကြတာ

နယူးဇီလန်နိုင်ငံသားတစ်ယောက်
ရန်ကုန်ဟိုတယ်ကြီးတခုမှာ လာတည်းတယ်။

ဟိုတယ်က သောက်ရေသန်ဗူးတွေ
သူ့အခန်းထဲမှာ နေ့စဉ်အလုံအလောက်
ထည့်ပေးတယ်။ ဒါပေမဲ့ သူ အဲဒီရေသန့်ဗူး
သစ်တွေ ဖေါက်မသောက်ဘူး။

ပထမဆုံး ရောက်စက ဖေါက်တဲ့ဗူးခွံထဲကိုပဲ
ဧည့်ခန်းမကြီးမှာရှိတဲ့ ရေသန့်ဗူးကြီး
( waters cooler) ကနေ
အမြဲပြန်ထည့်သောက်တယ်။

သူနေ့စဉ် အဲသလိုလုပ်ပြီး
သောက်နေတာမြင်တော့
ဧည့်ကြိုကောင်လေးက
ထူးဆန်းနေတဲ့အမြင်နဲ့
ဧည့်သည်ကြီးကိုမေးတယ်။

“Excuse me please! ပေါ့
ဘာကြောင့် ဗူးအသစ်တွေပေးထားရဲ့သားနဲ့
ဗူးခွံတစ်ခုနဲ့ပဲ ထပ်တစ်လဲလဲ အပင်ပန်းခံ
ဧည့်ခန်းမှာ ရေလာလာဖြည့်ပြီး
သောက်သလဲပေါ့ ?

ဧည့်သည် နယူးဇီလန်သားက ပြောတယ်
“ငါတစ်ရက်ကို ရေသုံးဗူးသောက်တယ်။
ငါရန်ကုန်မှာ အလုပ်တာဝန်နဲ့
တစ်လ နေမှာ”တဲ့။

“ငါပြန်သွားတဲ့အခါ မြန်မာပြည်မှာ
ရေသန့်ဗူးခွံ ၉၀ (၃ဗူး ရက်၃၀=၉၀)
အမှိုက်အဖြစ် ချန်မထားခဲ့ချင်ဘူးတဲ့လေ”။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က
ဖတ်မိမှတ်မိခဲ့တဲ့ဆောင်းပါးတစ်ခုပါ။

ရေဗူးအသစ်သောက်မှ လူရာဝင်တယ်တင်
ဖေါက်ပီးပြန်လဲ တစ်ဝက်တစ်ပျက်
ကုန်အေါင်မသေါက်ဘဲ တွေ့ကရာ
ပစ်ခဲ့ကြတာကို ယဉ်ကျေးမှုလို့ထင်နေကြတဲ့
မြန်မာတစ်ချို့အစား ရှက်မိသားရှင်​။
လေးစားမိပါတယ် ဧည့်သည်ကြီးရေ။

အဲဒီဆောင်းပါးဖတ်မိပြီးကတည်းက
အလကားရနေပါစေအုံးတော့
ဗူးအသစ်တွေမလိုအပ်ဘဲ
မဖေါက်တော့သလို တတ်နိုင်သမျှ
ဗူးအကြီးထဲကရေကိုပဲ ဗူးသေးထဲ
အလီလီ ပြောင်းထည့်သောက်ခဲ့မိတယ်။

အိမ်မှာဆို ဖန်ခွက်နဲ့သာ
သောက်နေခဲ့မိတော့တယ်။

78 Shares

Add a Comment

Your email address will not be published. Required fields are marked *