ဘားအံက မိတ်ဆွေတွေအတွက် ထီ့လောင်စူးရေတံခွန်လမ်းညွှန်

ဘားအံက မိတ်ဆွေတွေအတွက် ထီ့လောင်စူးရေတံခွန်လမ်းညွှန်
—————————————————–
ဘားအံကနေ ဘုရားသုံးဆူမြို့ကို အချိန်တိုတိုလေးနဲ့သွားလို့ရပါတယ်… ဘားအံကနေဆို ၄ နာရီ စွန်းစွန်းလေးပဲမောင်းသွားရလို့ နေ့ချင်းပြန်သွားချင်ရင်လည်း အဆင်ပြေတယ်ခင်ဗျ… ကားမောင်းနှေးရင်တော့ ၅ နာရီလောက်တော့ကြာပါတယ်… ကားဆရာပေါ်ပဲမူတည်တယ်နော်… ကျွန်တော်ကတော့နာရီမှတ်ထားတာ ဘယ်မှမရပ်ရင် ၄ နာရီ စွန်းစွန်းပဲ…

ဘုရားသုံးဆူမြို့အနီး မက္ကသာရွာ တောထဲမှာတည်ရှိတာဆိုတော့ အစားအသောက်ကို စိတ်ပူကြမှာပဲ…
ရှားမူလာ ခရီးသွားဝန်ဆောင်မှုက လည်းဝန်ဆောင်မှုလုပ်ပေးသလို… ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုရင်တော့… ခရီးဆောင် gas မီးဖိုတစ်လုံးသာဆောင်သွားလိုက်ပါဗျား…

ရေတံခွန်ကိုသွားတဲ့ လမ်းခွဲမရောက်ခင် ညာဘက်မှာ တောကနေအလေ့ပေါက်တာရော… သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ လတ်ဆတ်တဲ့ အသီးအရွက်တွေကို ရောင်းတဲ့ဆိုင်ရှိတယ်ခင်ဗျ… အဲဒီကနေဝယ်ပြီး တာလပေါ့လား?… လယ်တောဟင်းလား?… ရေလုပ်ပြုပ်လား? ကြိုက်တာချက် ငပိထောင်းနဲ့လွေးဗျား…

အိမ်ကနေငပိထောင်းသာထောင်းသွားလိုက်… မထောင်းအားရင် ပြည်ထောင်စု မဝင်းရဲ့ နံမည်ကြီး စပ်ပြဲလန်ငပိထောင်းလား? ရှောက်ဖတ်ငပိထောင်းလား? ဝယ်သွားလိုက်…

Organic အမှန်​အကန်​ စားသုံးချင်​သူ​တွေအတွက်​​တော့ ယာကလားရွာ တံတားအနားမှာ ​ဒေသခံ ဌာ​နေ​​တောင်​​ပေါ်ကရင်​​တိုင်းရင်းသူ​တွေ​ရောင်းတဲ့ ရာသီ​ဒေသထွက်​ အသီးအနှံ အရွက်​​တွေ ဝယ်​ယူလို့ရပါတယ်…

ဒါနဲ့ လမ်းမှာ တောဟင်းဆိုင်လည်းရှိသေးတယ်နော်… စားတတ်ရင်ပေါ့… တံတားအဆင်းဘယ်ဘက်ခြမ်းမှာပဲ… ဆိတ်ချေးခါးနဲ့ တောဟင်းစတာတွေ ဝယ်သွားလို့လည်းရပါတယ်…

သောက်စရာအတွက်က ရေခဲပုံးနဲ့သာ ထည့်သယ်သွားလိုက်တော့…

ဒူးရင်းသီးပေါ်ချိန်ဆိုတော့… 😋 ဒူးရင်းသီးအဝစားပြီး ရေစိမ်ပြစ်လိုက်… 😅

ဟိုရောက်ရင်တော့ ဝင်ကြေးပေး အနားယူလို့ကောင်းတဲ့အခမဲ့ တဲတစ်တဲ(သို့) ကွပ်ပစ်မှာ စခန်းချ… ဝင်ကြေးကတစ်ယောက် ဘတ် (၂၀) ပါ မြန်မာငွေနဲ့ပေးရင် ၁၀၀၀ ကျပ်ပဲနော်… ရေကစား… ပြီးရင်စား… အမှိုက်တွေကိုတော့ စနစ်တကျ ပစ်ပေးနော်…

ရေကစားဖို့ ဘောကွင်းတစ်ကွင်းကို ၁၀ ဘတ် မြန်မာငွေ ၅၀၀ ကျပ်နဲ့ ငှားပေးတယ်… သက်ကယ်အင်္ကျီဝတ်ပြီကစားပါခင်ဗျ… ရေနက်တဲ့နေရာမှာ ခုန်ချရင်ဘာမှမဖြစ်ပေမယ့် ကျောက်ဆောင်တွေရှိတော့ သတိတော့ထားပါ…

ဝါးတံတားထိုးထာတဲ့လမ်းအတိုင်ပဲလျှောက်နော်… တခြားနေရာသွားချင်ရင် ထီ့လောင်စူး (ရှားမူလာ) ကတာဝန်ရှိသူတွေကို အကူအညီတောင်းပြီးမှ တောလမ်းထဲဝင်ပါ… ကျောက်သားကြမ်းပြင်တွေကရေညှိနဲ့ချောနေတတ်လို့ ခြေဗလာနဲ့ဆိုပိုချော်တယ်… ဖိနပ်နဲ့သေချာနင်းသွားပါ… ⛑တစ်စုံတစ်ခု ထိခိုက်ရင်တာဝန်ရှိသူတွေကိုအကြောင်းကြားပါ… အရေးပေါ်ဆေးသေတ္တာရှိလို့ အရေးပေါ်ကုသပေးမှာပါ…

ကိုယ့်အဖွဲ့ထဲမှာသောက်တတ်တဲ့ဘော်တာတွေပါရင် မူးမူးနဲ့ ရေကစားတဲ့အခါ အချင်းချင်းသတိထားစေချင်ပါတယ်… ဖြစ်နိုင်ရင် ရေထဲမပေးဆင်းတာပိုကောင်းပါတယ်…

ရေငုပ်မျက်မှန်တွေပါသွားရင် ငါးတွေလိုက်ကြည့်လို့ရပါတယ်…

ညအိပ်ချင်ရင်တော့ ရွက်ဖျင်တဲစခန်းကို ၂၅,၀၀၀ ကျပ်နဲ့ငှားလို့ရပါတယ်…

လမ်းညွှန်
——–
ဘားအံ-မော်လမြိုင် အဖြောင့်လမ်းအတိုင်းမောင်းသွား… ခရုံဂူလမ်းခွဲရောက်ရင် ဘယ်ကွေ့ ကြာအင်ဆိပ်ကြီးကို ဘယ်လိုသွားရလဲလို့သာ လမ်းခွဲတွေမြင်တိုင်းမေးသွားလိုက်…

ကြာအင်းဆိပ်ကြီးရောက်ရင် ဘုရားသုံးဆူမြို့ကိုဆက်မောင်း မြို့မရောက်ခင် ဘယ်ဘက်ခြမ်းမှာ လမ်းညွှန်ဆိုင်းပုဒ်ထောင်ထားတယ်… အဲဒီကနေ မြေနီလမ်းအတိုင်း ဘယ်ဘက်ကွေ့မောင်းသွား…

(၅) မိနစ်လောက်ဆိုရောက်ပြီ… လှည်းဘီးလေးနဲ့ လမ်းမြင်တာနဲ့ ကားရပ်ပြီးဆင်းတာနဲ့ ထီ့လောင်စူး ရေတံခွန်းအစကိုရောက်ပါတယ်…

❌☎️ ဖုန်းလိုင်းက လမ်းညွှန်ဆိုင်းပုဒ်နေရာအထိ telenor မိပါတယ်… MPT ကတော့ ကြာအင်းဆိပ်ကြီးမြို့ကျော်တာနဲ့ မမိတော့ဘူး… တခြားဖုန်းတော့မကိုင်လို့မသိဘူးခင်ဗျ… ရေတံခွန်နေရာတော့ ဘယ်ဖုန်းလိုင်းမှမမိပါဘူး…

လမ်းကြောင်းမသိရင် ရှားမူလာ ခရီးသွားဝန်ဆောင်မှုရဲ့ ဖုန်းကိုသာဆက်ပြီးမေးမြန်းစုံစမ်းပြီးသွားပါ…

သံဖြူဇရပ်မြို့အထိသွားစရာမလိုတဲ့ ဖြတ်လမ်းကိုပြောပြပေးလိမ့်မယ်ခင်ဗျ…

ရှားမူလာ ရဲ့ ခရီးသွားဝန်ဆောင်မှုနဲ့လည်းသွားလို့ရပါတယ်…

အဆင်ပြေသလိုစီစဉ်ကြည့်ပါခင်ဗျ…

အဲဒီဖြတ်လမ်းကိုမသိကြတဲ့သူတွေက သေချာမလေ့လာပဲ ဂျင်းလို့ပြောတတ်လို့ ရှားမူလာခရီးသွားဝန်ဆောင်မှုဖုန်းကိုတိုက်ရိုက်ဆက်သွယ်စုံစမ်းလို့ရအောင် ကုမ္ပဏီဖုန်းနံပါတ်ကိုပါဖော်ပြပေးလိုက်ပါတယ်ခင်ဗျ…

==============================
ပြည့်ပြည့်စုံစုံသိချင်လျင်တော့ ထီ့လောင်စူရေတံခွန်စခန်းကိုအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့…

ရှားမူလာ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု ကိုတိုက်ရိုက်ဆက်သွယ် စုံစမ်းလို့ရပါတယ်ခင်ဗျ…

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
—————————–
ဖုန်း – ၀၉ ၇၉၁ ၅၇၀ ၂၄၄၊ ၀၉ ၇၇၇ ၈၈၈ ၃၄၀၊
==============================

မူရင်း​ရေးသားသူ ကိုပီိတိ ကို Credit ​ပေးပါတယ်
#blueseasktmmမှ ပြန်​လည် ​​ဖော်​ပြခြင်းဖြစ်​ပါတယ်

https://www.facebook.com/380724242365982/posts/654196025018801/့

0 Shares

Add a Comment

Your email address will not be published. Required fields are marked *