​ေဟာလီး၀ုဒ္ကုိသြားရေတာ့မယ့္္ ကေလးသ႐ုပ္ေဆာင္မေလး ဧမာေႏြလ ..

ရုပ္ရွင္ရုိက္ဖို႔ ေဟာလီး၀ုဒ္ကုိသြားရေတာ့မယ့္္
ကေလးသ႐ုပ္ေဆာင္မေလး ဧမာေႏြလ …
————————————————–

ဆိုရွယ္မီဒီယာ အသုံးျပဳၾကတဲ့ ျမန္မာေတြနဲ႕ ဟာသသ႐ုပ္ေဆာင္
ကေလးမေလး ဧမာေႏြလဟာ မစိမ္းလွပါဘူး။ အသက္ငယ္ေသးေပမဲ့
မ်က္ႏွာအမူအရာ၊ စကားအေျပာအဆိုေတြေၾကာင့္ သူမရဲ႕ ရယ္စရာ
ဗီဒီိယိုဖိုင္ အတိုေလးေတြကို လူေတာ္ေတာ္မ်ားမ်ားက ႀကိဳက္ႏွစ္သက္
ၾကပါတယ္။ အခုဆိုရင္ နိုင္ဂ်ီးရီးယန္းလူမ်ိဳး ဟာသအႏုပညာရွင္
အမ်ိဳးသမီးေလးဧမာေႏြလဟာ အေမရိကန္႐ုပ္ရွင္စတူဒီယို ေဝါ့ဒစ္စေနး
႐ုပ္ရွင္ဇာတ္လမ္းတြဲမွာ ပါ၀င္ရိုက္ကူးခြင့္ ရေတာ့မယ္လို႔ သိရပါတယ္။

ဧမာေႏြလက အင္စတာဂရမ္မွာ သူမရဲ႕ဓာတ္ပုံေလးနဲ႕အတူ ဒစ္စေနး
စတူဒီယိုကို ေက်းဇူးတင္ေၾကာင္းနဲ႕ သူမကိုအားေပးေထာက္ပံ့သူ
အားလုံးကို ဘုရားသခင္ ေကာင္းခ်ီးေပးပါေစေၾကာင္း ဆုမြန္ေကာင္း
ေတာင္းေပးခဲ့ပါတယ္။ ထပ္မံေတြ႕ရတဲ့သတင္းတစ္ပုဒ္မွာေတာ့
ဟာသသ႐ုပ္ေဆာင္မေလးအေၾကာင္းကို အခုလိုသိရပါတယ္။

ဧမာေႏြလဟာ ငယ္ငယ္ေလးထဲက ႐ုပ္ရွင္နဲ႕ေဖ်ာ္ေျဖေရးေလာကထဲမွာ
ေျခစုံပစ္၀င္ခဲ့သူပါ။ လူေတြကို ရယ္ေမာေပ်ာ္႐ႊင္ေအာင္ လုပ္နို္င္စြမ္းရွိတဲ့
သူမရဲ႕သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ဆိုရွယ္မီဒီယာမွာ အျမန္ဆုံး
ေက်ာ္ၾကားလာခဲ့သူလည္း ျဖစ္ပါတယ္။ အခုဆိုရင္ ထူးခြၽန္တဲ့ဟာသ
သ႐ုပ္ေဆာင္မေလး ဧမာႏြေလက ေဒၚလာသန္းနဲ႕ခ်ီကာ ၀င္ေငြရွိေတာ့
မွာျဖစ္ၿပီး သူမရဲ႕ အိပ္မက္ေတြ အေကာင္အထည္ ေပၚလာေတာ့မွာ
ျဖစ္ပါတယ္။

ဧမာေႏြလက မိမ္ိအိပ္မက္ကိုအေကာင္အထည္ေဖာ္ၿပီး ေအာင္ျမင္မႈရရွိ
ေနေအာင္ ႀကိဳးစားေနတဲ့ ကေလးမေလးတစ္ေယာက္လဲျဖစ္ပါတယ္။
ဆိုရွယ္မီဒီယာမွာ ဧမာႏြေလဟာ SUV ကားေဘးမွာ ရပ္ေနတဲ့ပုံေလးကို
တင္ထားခဲ့ပါေသးတယ္။ ကားေမာင္းလိုင္စင္ရဖို႔ ငယ္ေသးေပမယ့္
သူမဘာသာသူမ ကားေမာင္းသြားမယ္ဆိုၿပီး စာတိုေလးေရးသားခဲ့
တာပါ။


အသက္ငယ္ေပမယ့္ ဟာသဘက္မွာ ပါရမီပါတဲ့သူမဟာ ကမၻာတစ္၀ွမ္း
က သန္းနဲ႕ခ်ီတဲ့ပရိသတ္ေတြကို သူမဗီဒီိယိုေလးေတြနဲ႕ ရယ္ေမာအပန္း
ေျပေစခဲ့ပါတယ္။ ေဟာလီး၀ုဒ္အထိေတာင္ သြားေတာ့မယ့္ ဧမာႏြေလး
ရဲ႕တရွိန္ထိုး ျမန္ဆန္တဲ့ေအာင္ျမင္မႈကေတာ့ လူငယ္ေတြအတြက္
အားက်အတုယူစရာပဲ ျဖစ္ပါတယ္။

လင္းလင္း
credit : ShweMom
link –

Little Emmanuella Officially Goes Hollywood! Features In A Disney Movie


(မဖတ္႐ွဳရေသးတဲ့ ဧမာေႏြလ ပရိသတ္အတြက္ မွ်ေဝေပးတဲ့
မႏွစ္က သတင္းေလးတစ္ပုဒ္ျဖစ္ပါတယ္။)
===========================

ရုပ်ရှင်ရိုက်ဖို့ ဟောလီးဝုဒ်ကိုသွားရတော့မယ့််
ကလေးသရုပ်ဆောင်မလေး ဧမာနွေလ …
————————————————–

ဆိုရှယ်မီဒီယာ အသုံးပြုကြတဲ့ မြန်မာတွေနဲ့ ဟာသသရုပ်ဆောင်
ကလေးမလေး ဧမာနွေလဟာ မစိမ်းလှပါဘူး။ အသက်ငယ်သေးပေမဲ့
မျက်နှာအမူအရာ၊ စကားအပြောအဆိုတွေကြောင့် သူမရဲ့ ရယ်စရာ
ဗီဒီိယိုဖိုင် အတိုလေးတွေကို လူတော်တော်များများက ကြိုက်နှစ်သက်
ကြပါတယ်။ အခုဆိုရင် နိုင်ဂျီးရီးယန်းလူမျိုး ဟာသအနုပညာရှင်
အမျိုးသမီးလေးဧမာနွေလဟာ အမေရိကန်ရုပ်ရှင်စတူဒီယို ဝေါ့ဒစ်စနေး
ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါ၀င်ရိုက်ကူးခွင့် ရတော့မယ်လို့ သိရပါတယ်။

ဧမာနွေလက အင်စတာဂရမ်မှာ သူမရဲ့ဓာတ်ပုံလေးနဲ့အတူ ဒစ်စနေး
စတူဒီယိုကို ကျေးဇူးတင်ကြောင်းနဲ့ သူမကိုအားပေးထောက်ပံ့သူ
အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေကြောင်း ဆုမွန်ကောင်း
တောင်းပေးခဲ့ပါတယ်။ ထပ်မံတွေ့ရတဲ့သတင်းတစ်ပုဒ်မှာတော့
ဟာသသရုပ်ဆောင်မလေးအကြောင်းကို အခုလိုသိရပါတယ်။

ဧမာနွေလဟာ ငယ်ငယ်လေးထဲက ရုပ်ရှင်နဲ့ဖျော်ဖြေရေးလောကထဲမှာ
ခြေစုံပစ်ဝင်ခဲ့သူပါ။ လူတွေကို ရယ်မောပျော်ရွှင်အောင် လုပ်နို်င်စွမ်းရှိတဲ့
သူမရဲ့သရုပ်ဆောင်မှုတွေကြောင့် ဆိုရှယ်မီဒီယာမှာ အမြန်ဆုံး
ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။ အခုဆိုရင် ထူးချွန်တဲ့ဟာသ
သရုပ်ဆောင်မလေး ဧမာနွလေက ဒေါ်လာသန်းနဲ့ချီကာ ၀င်ငွေရှိတော့
မှာဖြစ်ပြီး သူမရဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာတော့မှာ
ဖြစ်ပါတယ်။


ဧမာနွေလက မိမ်ိအိပ်မက်ကိုအကောင်အထည်ဖော်ပြီး အောင်မြင်မှုရရှိ
နေအောင် ကြိုးစားနေတဲ့ ကလေးမလေးတစ်ယောက်လဲဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာမှာ ဧမာနွလေဟာ SUV ကားဘေးမှာ ရပ်နေတဲ့ပုံလေးကို
တင်ထားခဲ့ပါသေးတယ်။ ကားမောင်းလိုင်စင်ရဖို့ ငယ်သေးပေမယ့်
သူမဘာသာသူမ ကားမောင်းသွားမယ်ဆိုပြီး စာတိုလေးရေးသားခဲ့
တာပါ။

အသက်ငယ်ပေမယ့် ဟာသဘက်မှာ ပါရမီပါတဲ့သူမဟာ ကမ္ဘာတစ်ဝှမ်း
က သန်းနဲ့ချီတဲ့ပရိသတ်တွေကို သူမဗီဒီိယိုလေးတွေနဲ့ ရယ်မောအပန်း
ပြေစေခဲ့ပါတယ်။ ဟောလီးဝုဒ်အထိတောင် သွားတော့မယ့် ဧမာနွလေး
ရဲ့တရှိန်ထိုး မြန်ဆန်တဲ့အောင်မြင်မှုကတော့ လူငယ်တွေအတွက်
အားကျအတုယူစရာပဲ ဖြစ်ပါတယ်။

လင်းလင်း
#Via . Moe Nat Minn .#
#HtooMyatTin .#

65 Shares

Add a Comment

Your email address will not be published. Required fields are marked *