မီးမရှိတဲ့ ဒေသတွေမှာ အသုံးပြုနိုင်မယ့် မြေအိုးရေခဲသေတ္တာ

မီးမရှိတဲ့ ဒေသတွေမှာ အသုံးပြုနိုင်မယ့်မြေအိုးရေခဲသေတ္တာ

သီးနှံတွေကို မညှိးနွမ်းစေပဲ ရက်ပေါင်း ၂၀ လောက် ထားနိုင်တဲ့အတွက်ကြောင့် မီးမရသေးတဲ့ ကျေးလက်ဒေသတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။

” မြေအိုးရေခဲသေတ္တာ ပြုလုပ်နည်း ”

👉 အရွယ်မတူတဲ့ မြေအိုး ၂ လုံး
👉 သဲနဲ့
👉 ရေပဲ လိုအပ်ပါတယ်။

ပထမဦးဆုံး မြေအိုးအကြီးထဲကို မြေအိုးသေးထည့်ပါ။
အိုး ၂ အိုးကြားထဲကို သဲထည့်ပါ။
နောက် သဲထဲကို ရေလောင်းထည့်ပါ။
သီးနှံတွေကို အိုးအသေးထဲ ထည့်ပြီး အပေါ်ကနေ ရေစို အ၀တ်အုပ်ပါ။
ရေခြောက်သွားလျှင် ရေထပ်ဖြန်းပေးပါ။

ရေတွေ အပြင်ကို အငွေ့ပြန်သွားတဲ့အခါ အထဲက အပူကိုပါ စုပ်ယူပြီးသွားစေတာပါ။ ဒါကြောင့် အထဲမှာ အေးကျန်ခဲ့ပါတယ်။

ဒါဆိုရင် သီးနှံတွေ ရက်ပေါင်းများစွာခံတဲ့ Pot in Pot Refrigerator တစ်ခု ရရှိပါပြီ။

Credit

100 Shares

Add a Comment

Your email address will not be published. Required fields are marked *