နေဗီယာအကြောင်းသိကောင်းစရာ

နေဗီယာအကြောင်းသိကောင်းစရာ
နေဗီယာမြက်ဟာ ကြံပင်လိုလို၊ပြောင်းဖူးပင်လိုလို အပင်ကြီးမျိုးဖြစ်ပြီး တိရစ္ဆာန်တွေကိုကျွေးရင် သာမန်မြက်ထက် (၂-၃)ဆကြီးထွားနှုန်းမြန်တဲ့ မြက်မျိုးဖြစ်ပါတယ်။
အပင်ရဲ့အရှည်နှုန်းက ရေမြေသဘာဝမျှတမယ်ဆိုရင်တစ်ရက်ကို တစ်လက်မထိ အပင်ရှည်ပါတယ်

ရိုးရိုးမြက်တွေမှာ အသားဓာတ် (၅)%သာပါဝင်ပြီး နေဗီယာမြက်မှာတော့ အသားဓာတ် (၁၁-၂၀)%ထိပါဝင်ပါတယ်။ ထူးခြားတာက တစ်ခါစိုက်ပြီး ပြုစုနိုင်ရင်အနည်းဆုံး(၈)နှစ်လာက် ရိတ်သိမ်းနိုင်တဲ့အတွက် ကုန်ကျစရိတ်သက်သာတဲ့ မြက်မျိုးဖြစ်ပါတယ်။ ကျွဲ၊နွား၊သိုး၊ဆိတ်၊ဝက်အစရှိတဲ့ တိရစ္ဆာန်တွေကို ကျွေးမွေးနိုင်ပါတယ်။ ဒါ့အပြင် Bio gas ထုတ်လွတ်နိုင်သလို လောင်စာ၊ထင်းမီးအဖြစ် အသုံးပြုပြီးတော့ ထိုင်းနိုင်ငံမှာ မီဂါဝပ်(၃၀၀၀)ယူနစ်အထိ လျှပ်စစ်မီးထုတ်လွတ်ဖို့ စီမံကိန်းကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
နေဗီယာမြက်ကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်လက် စီစီမခရိုင်၊ပန်ချောက်မြို့နယ်က တိရစ္ဆာန်အစာ၊သုတေသနဖွံ့ဖြိုးရေးဌာနက မျိုးဆက်ဖော်ထုတ်ထားတဲ့မျိုးဖြစ်ပါတယ်။ နေဗီယာပန်ချောင်ဝမ်းလို့ အမည်ပေးထားပါတယ်။ တစ်ခါစိုက်ရင် (၈)နှစ်လောက်ရိတ်သိမ်းနိုငတဲ့ မြက်ကို (၁)လခွဲ (၂)လအတွင်းမှာ စတင်ရိတ်သိမ်းနိုင်ပါတယ်။ တစ်ဧကစိုက်ရင်တစ်နှစ်ကို တန် (၁၅၀-၂၀၀)အထိ ထွက်နိုင်ပါတယ်။

စိုက်ပျိုးနည်း(၁)
————————————
နှစ်ဆစ်ခြားတစ်ပိုင်းဖြတ်ပြီးတစ်ဆစ်ကို မြေကြီးထဲထိုးသွင်းစိုက်သွား၊ကျန်တဲ့အဆစ်ကနေ မြေကြီးပေါ်မှာ ကပ်နေတဲ့ အနေအထားရှိပြီး တစ်ရုံမှာ (၂)ချောင်း၊တစ်ချောင်းနဲ့တစ်ချောင်းကို လက်တစ်ဝါးလောက်ခွာပြီး အမြှောက်လက္ခဏာပုံစံ မြေကြီးထဲ ထိုးသွင်းစိုက်ပျိုးလို့ရပါတယ်။ အကောင်းဆုံးကတော့ ပင်ကြားတန်းကြား၃ပေက အကောင်းဆုံးပါ

စိုက်ပျိုးနည်း (၂)
———————
ဒုတိယနည်းကတော့ ကြံစိုက်သလို မြက်ပင်အချောင်းလိုက်မြေမြှုပ်ပြီး စိုက်နိုင်ပါတယ်။ လယ်ထဲမှာ မြေကိုထွန်ယက်ပြီး မြောင်းတွေလုပ်ပြီးရင် နွားချေး၊မြေဆွေးစတဲ့ မြေသြဇာတွေကို အရင်ထည့်ပြီး အဲဒီနောက်မှာ မြက်ပင်ကို အချောင်းလိုက်ချပြီး မြေကြီးနဲ့လက်(၂)လုံးလောက် ခပ်ပါးပါးလေးဖုံးပေးပါ။ မြက်တစ်ပင်နဲ့တစ်ပင်ကြားမှာ နှစ်တောင်နဲ့ တစ်ထွာလောက်ခြားပြီးစိုက်ပျိုးပါ။
စိုက်ဖို့အကောင်းဆုံးအချိန်က မိုးကုန်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာက မိုးနည်းဒေသတွေများတာကြောင်ြ့မိုးရေကို အမှီပြုစိုက်ပျိဖုးကြမယ်ဆိုရင်တော့ 4/5/6/7/8လတွေကအပူပိုင်းဒေသတွေအတွက်
အစပိုင်းမှာ သဘာဝမြက်ပင်၊ပေါင်းပင်တွေကိုရှင်းပေးရပါမယ်။
ဒါပေမဲ့နှုတ်ပြီးရှင်းပေးစရာလည်းမလိုပါဘူးတန်းကြားမြေကို ဆွဲတင်ပြီးဘောင်ဖို့ လိုက်မယ်ဆိုရင် ပေါင်းမြက်က မြေသြဇာဖြစ်သွားပါတယ်
ဒါအပြင်အပင်ရင်းက မြေအောက်ကကိုရောက်သွားလို့မြေအောက်က ထွက်တဲ့ပင်သစ်ဟာမြေပေါ်ကထွက်တဲ့အပင်သစ်ထက်ပိုသန်ပါတယ်
အပင်ကြီးလာရင်တော့ အခြားအပင်တွေ မတက်နိုင်တော့ပါ။ ၄၅ရက်တစ်ခါခုတ်သိမ်းနိုင်တယ်ဆိုပေမဲ့ကိုကသေချာပြုစုနိုင်ရင် ဆက်တိုက်ခုကျွေးနိုင်ပါတယ် အပင်ခုတ်တဲ့အခါ အပင်ရင်းမြေကြီးနားကကပ်ပြီး ခုတ်ရပါမယ်။ ဒါမှသာ မြေကြီးကနေ အပင်ပွားတွေထပ်ပြီးထွက် လာမှာဖြစ်ပါတယ်။ တစ်ရုံမှာ ၁၀ပင်ကျော်ကျော် လောက်ထပ်ထွက် နိုင်ပါတယ်။ စစိုက်ချိန်မှာတစ်ဧကကို (၅) သိန်းခွဲလာက်ပဲကုန်ကျမှာဖြစ်ပါတယ်။ (၈)နှစ်အတွင်းမှာ မြေသြဇာဖိုးပဲကုန်မှာ ဖြစ်ပါတယ်။မြေသြဇာကလည်းကျွဲချေးနွားချေးစတာတွေကိုပဲကျွေးလို့ရပါတယ်

မြက်ဟာရေဝပ်ရင်လည်း မသေနိုင်ပေမယ့် အပင်ပွားပြီး မထွက်နိုင်ပဲ ရှိနေတတ်ပါတယ်။ နွေရာသီမှာရေပေးနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။ရေမပေးရင် အပင်မ သေပေမယ့် အပင်မသန်တဲ့အတွက် အထွက်လည်းနည်းတတ်ပါတယ်။ပိုးမွှားကျရောက်မှုလည်းမရှိသလောက်ဖြစ်ပါတယ်။ နွားချေး၊ မြေသြဇာ ကျွေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ မြက်အစိမ်းကို စင်းပြီး ကျွဲ နွား
၊သိုး၊ဆိတ်တွေကို ကျွေးလို့ရသလို ချဉ်ဖတ်လုပ်ပြီး (၆)လအထိ အထားခံပြီး တိရစ္ဆာန်တွေကိုကျွေးလို့ရပါတယ်။ ဝက်ကိုကျွေးမယ်ဆိုရင် မြက်ချဉ်ဖတ်လုပ်ပြီး ကျွေးလို့ရပါတယ်။ ချဉ်ဖတ်လုပ်ဖို့ မြက်ကိုစင်းပါ။ စင်းထားတဲ့မြက်ကို ပလပ်စတစ်အိတ်ကြီးတွေထဲမှာ ကြပ်ကြပ်သိပ်ထည့်ပါ။ လေလုံအောင် ပြန်ပိတ်ပါ။ ဖြစ်နိုင်ရင် ဖုန်စုပ်စက်နဲ့ လေတွေကို စုပ်ထုပ်ပစ်တာအကောင်းဆုံးဖြစ်ပါတယ်။ လေလုံအောင် စည်းပြီး (၂၁)ရက်ကြာရင် မြက်ချဉ်ဖတ်ဖြစ်သွားပါတယ်။ မြက်ချဉ်ဖတ်ဟာ အာဟာရဓာတ်မပျက်ပဲ (၆)လအထိထားပြီးကျွေးနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပူပိုင်းဒေသက ရေငန်သောက်မြက်ချောက်စားနေရတဲ့ကျွဲနွားပိုင်ရှင်တွေအတွက် အဟာရပြည့်ဝတဲ့မြက်ကိုကျွေးနိုင်မှာဖြစ်ပါတယ်
မိုးတွင်းမှာမြက်ပေါလို့ ကျွေးဖို့မလိုဘူးဆိုရင် မိုးတွင်းနဲ့ဆောင်မှာ ထွက်သမျှကိုမြင်ချဉ်ဖတ်ပြုလုပ်ထားပြီးအစာရှားပါးချိန်နွေရာသီမှာပြန်ကျွေးမယ်ဆိုရင်
ကျွဲနွားအစာအခက်ခဲကြောင့်ကျွဲနွားရောင်ချရမဲ့တောင်သူများအနေနဲ့စိတ်ချမ်းသာစွာဆက်လက်မွေးမြူနိုင်ကြမှာဖြစ်ပါတယ်
မိရိုးဖလာကျွဲနွားမွေးမြူရေးကနေ စနစ်တကျစီးပွားဖြစ်မွေးမြူနိုင်မှာဖြစ်ပါတယ်
နေဗီယာမြက်နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုလျှင်
ကိုရဲနိုင်စိုး
နေပြည်တော်
09771250335
သို့ ဆက်သွယ်နိုင်ကြပါတယ်

37 Shares

Add a Comment

Your email address will not be published. Required fields are marked *